ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၂/၁၅ စာ. ၁၄
  • ဥရောပနဲ့ပတ်သက်ပြီး သတိပြုမိရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဥရောပနဲ့ပတ်သက်ပြီး သတိပြုမိရာ
  • နိုးလော့!—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကျိုးပြုတဲ့ မိခင်ရဲ့အသံ
  • သားသမီးတွေကို အထင်ကြီးစိတ်ဝင်အောင် သင်ပေးနေ
  • အကောင်းမြင်စိတ်ရှိတဲ့ အသက်တစ်ရာရှိသူများ
  • အသက်ရှည်ခြင်း အိုကီနာဝါ၏ လျှို့ဝှက်ချက်လော
    နိုးလော့!—၂၀၀၈
  • မိဘများအနေနှင့် သင့်တာဝန်
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • ငါသာအဓိကဖြစ်နေတဲ့ခေတ်မှာ စာနာမှုရှိတဲ့ကလေးတွေဖြစ်အောင် လေ့ကျင့်ပေးနိုင်ပုံ
    နိုးလော့!—၂၀၁၃
  • သားသမီးရခြင်း—တာဝန်လည်းဖြစ် ဆုလည်းဖြစ်
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၁၂/၁၅ စာ. ၁၄
မိခင်က ကလေးငယ်ကို စကားပြောနေ

ကမ္ဘာ့ဖြစ်ရပ်အကဲခတ် | ဥရောပ

ဥရောပနဲ့ပတ်သက်ပြီး သတိပြုမိရာ

ဥရောပဟာ တစ်ချိန်က ဘာသာရေးကိုင်းရှိုင်းသူတွေများခဲ့ပေမဲ့ အခုတော့ စီးပွားရေးသာ အဓိကဖြစ်လာပြီ။ ဒါပေမဲ့ ဥရောပရဲ့ လတ်တလောသတင်းတွေဟာ ကျမ်းစာဖော်ပြချက်နဲ့ ဆက်စပ်နေလို့ သင် အံ့သြမိနိုင်တယ်။

အကျိုးပြုတဲ့ မိခင်ရဲ့အသံ

လမစေ့ဘဲမွေးတဲ့ကလေးငယ်တွေ ဆေးရုံမှာရှိနေချိန် သူတို့ရဲ့လက်မှာ မိခင်အသံကိုကြားစေနိုင်တဲ့ စက်ကလေးတစ်ခု တပ်ထားတာက ကျန်းမာရေးအတွက် အကျိုးအများကြီးရှိတယ်လို့ အီတလီနိုင်ငံ မီလန်းမြို့က သုတေသီတွေ တွေ့ရှိခဲ့ကြတယ်။ ကလေးဟာ ဗိုက်ထဲမှာ ရှိကတည်းက မိခင်ရဲ့အသံကို ကြားနိုင်တယ်။ အဲဒါကိုတုပပြီး အဲဒီစက်ကို ပြုလုပ်ထားတာ ဖြစ်တယ်။ “လမစေ့ဘဲမွေးတဲ့ကလေးတွေဟာ မိခင်ရဲ့အသံကို စောစောကြားခွင့်ရလေ အကျိုးရှိလေပဲ” လို့ လေ့လာတွေ့ရှိချက်ကနေ ကောက်ချက်ချခဲ့ကြတယ်။

သမ္မာကျမ်းစာပြောဆိုရာ– ‘အမေ့ရင်ခွင်ထဲက နို့ပြတ်သွားတဲ့ကလေးလို စိတ်အေးလက်အေးနဲ့ ငြိမ်သက်နေပါတယ်။’—ဆာလံ ၁၃၁:၂၊ ကဘ။

သားသမီးတွေကို အထင်ကြီးစိတ်ဝင်အောင် သင်ပေးနေ

နယ်သာလန်မှာရှိတဲ့ ၇ နှစ်ကနေ ၁၁ နှစ်ကြား ကလေး ၅၆၅ ယောက်ကို လေ့လာဆန်းစစ်ခဲ့တယ်။ “တခြားကလေးတွေထက် ပိုသာတယ်၊” “အရေးပေးဆက်ဆံ ခံထိုက်တယ်” လို့ မိဘတွေ မြှောက်ပင့်ထားတဲ့ ကလေးတွေဟာ သူတို့ရဲ့ ရွယ်တူချင်းတွေထက် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး ဘဝင်မြင့်၊ အတ္တကြီးသူတွေဖြစ်နေတာကို တွေ့ရှိခဲ့ကြတယ်။ “ငါ့သားသမီးသာ အတော်ဆုံးလို့ မိဘတွေ ပြောတာကို သားသမီးတွေ ယုံကြည်ကြတယ်။ အဲဒီလို မြှောက်ပင့်ပြောဆိုတာဟာ ကလေးတွေအတွက်ရော လူ့အဖွဲ့အစည်းအတွက်ပါ မကောင်းဘူး” ဆိုပြီး လေ့လာမှုမှာ ပါဝင်တဲ့သူတစ်ယောက် ပြောပြတယ်။

သမ္မာကျမ်းစာပြောဆိုရာ– ‘သင်တို့သည် ကိုယ်ကိုထင်သင့်သည်ထက် လွန်၍မထင်ဘဲ သင့်လျော်စွာ ထင်ကြပါ။’—ရောမ ၁၂:၃။

အကောင်းမြင်စိတ်ရှိတဲ့ အသက်တစ်ရာရှိသူများ

အသက်တစ်ရာရှိသူတွေဟာ ဖျားနာမှုနဲ့ ကာယပိုင်း ကန့်သတ်ချက်ရှိပေမဲ့ ဆက်အသက်ရှင်လိုစိတ် ပြင်းပြဆဲပဲ ဆိုပြီး ဂျာမနီနိုင်ငံ ဟိုက်ဒယ်လ်ဘာ့ခ် တက္ကသိုလ်က သုတေသီတွေ ပြောတယ်။ အသက်တစ်ရာရှိသူ လေးယောက်မှာ သုံးယောက်က အသက်ဆက်ရှင်လိုကြပြီး ပျော်ပျော်နေကြသူတွေ ဖြစ်တယ်။ ပန်းတိုင်တွေချပြီး ဖြစ်မြောက်အောင် လုပ်ဆောင်တယ်၊ အကောင်းမြင်တတ်ပြီး မျှော်လင့်ချက်ရှိတယ်၊ ဘဝအဓိပ္ပာယ်ရှိပြီး ဘာသာရေးနဲ့ လူ့ကျင့်ဝတ်စံနှုန်းတွေကို စွဲကိုင်ကြတယ်။

စဉ်းစားစရာ– ဒေသနာ ၃:၁၁ မှာပြောထားသလို ဆက်အသက်ရှင်လိုတဲ့ ကျွန်တော်တို့ရဲ့ မွေးရာပါဆန္ဒက ဘာကို ဖော်ပြသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ