ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၀ အမှတ် ၃ စာ. ၈-၉
  • တခြားသူတွေရဲ့ အရည်အသွေးကောင်းတွေကို အသိအမှတ်ပြုပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တခြားသူတွေရဲ့ အရည်အသွေးကောင်းတွေကို အသိအမှတ်ပြုပါ
  • နိုးလော့!—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြဿနာ
  • ကျမ်းစာအခြေခံမူ
  • လုပ်ဆောင်နိုင်တဲ့အချက်
  • ခွဲခြားဆက်ဆံတဲ့သဘော သင့်မှာ ရှိနေသလား
    နိုးလော့!—၂၀၂၀
  • တစ်ဖက်သတ်အစွဲတွေ ဘယ်တော့ ပပျောက်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • မလိုမုန်းထားမှုနှင့် ခွဲခြားဆက်ဆံမှု—အခြေခံအကြောင်းရင်းများကို သိမြင်နားလည်ခြင်း
    နိုးလော့!—၂၀၀၉
  • တစ်ဖက်သတ်အစွဲ—ကမ္ဘာချီပြဿနာတစ်ရပ်ဖြစ်နေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၀
န၂၀ အမှတ် ၃ စာ. ၈-၉
ရုပ်ပုံများ ၁။ အလျင်လိုနေတဲ့ စုံတွဲတစ်တွဲက ရှေ့ကနေ ဖြတ်လျှောက်သွားတဲ့ မျက်မမြင် အမျိုးသမီးကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေစဉ်။ ၂။ နောက်ပိုင်းမှာ အဲဒီစုံတွဲက ဂီတပွဲတစ်ခုမှာ တယောထိုးနေတဲ့ မျက်မမြင်အမျိုးသမီးကို ပြန်တွေ့ပြီး အံ့ဩချီးမွမ်းနေစဉ်။

တခြားသူတွေရဲ့ အရည်အသွေးကောင်းတွေကို အသိအမှတ်ပြုပါ

ပြဿနာ

ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာက ခွဲခြားဆက်ဆံမှုကို ဖြစ်စေတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့သူက ကိုယ်ပဲ တော်တယ်၊ ကိုယ်ပဲ တတ်တယ်လို့ ယူဆတယ်။ ကိုယ်က သူများထက် သာတယ်လို့ ထင်ပြီး ကိုယ်နဲ့မတူတဲ့သူတွေကို နိမ့်ကျသူတွေလို့ သတ်မှတ်တယ်။ ဘယ်သူမဆို အဲဒီလို ဖြစ်နိုင်တယ်။ “လူအများစုဟာ သူတို့နဲ့ ဘဝပုံစံ၊ အစားအသောက်၊ အဝတ်အစား၊ အမူအကျင့်၊ ယုံကြည်ချက်၊ စံနှုန်းတွေ မတူတဲ့ တခြားသူတွေထက် ပိုသာတယ်လို့ သူတို့ကိုယ်သူတို့ ယူဆကြတယ်” ဆိုပြီး ဗြိတိန်နီကာစွယ်စုံကျမ်းက ပြောတယ်။ လွဲမှားနေတဲ့ အဲဒီလို အတွေးမျိုး မရှိအောင် ဘယ်လို ရှောင်နိုင်သလဲ။

ကျမ်းစာအခြေခံမူ

“စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ။”—ဖိလိပ္ပိ ၂:၃။

ဘာကို ဆိုလိုသလဲ။ အလွန်အမင်း မာနမကြီးဖို့ဆိုရင် သူနဲ့ ဆန့်ကျင်ဘက် အရည်အသွေး ဖြစ်တဲ့ စိတ်နှိမ့်ချမှုကို မွေးမြူဖို့ လိုတယ်။ နှိမ့်ချမှု ရှိမယ်ဆိုရင် တခြားသူတွေမှာ ရှိတဲ့ ကိုယ့်ထက်သာတဲ့ အချက်တွေကို မြင်လာမယ်။ အကုန် ကောင်းတယ်၊ အကုန် တတ်တယ်ဆိုတဲ့ လူမျိုး မရှိပါဘူး။

စတီဖန်ရဲ့ နမူနာကို သုံးသပ်ကြည့်ပါ။ သူက ကွန်မြူနစ်နိုင်ငံတစ်ခုမှာ ကြီးပြင်းခဲ့ပေမဲ့ ကွန်မြူနစ်နိုင်ငံက မဟုတ်တဲ့သူတွေအပေါ် အပျက်သဘော မြင်တဲ့ ခံစားချက်ကို ဖယ်ရှားနိုင်ခဲ့တယ်။ “တခြားသူတွေအပေါ် အပျက်သဘောထားအမြင်ကို တိုက်ထုတ်ဖို့ဆိုရင် တခြားသူတွေက ကိုယ့်ထက် သာတယ်ဆိုတာကို လက်ခံဖို့ အရေးကြီးတယ်။ အရာအားလုံးကို ကျွန်တော် သိတယ်ဆိုတာ မဖြစ်နိုင်ဘူး။ တခြားသူတွေဆီကနေ တစ်ခုမဟုတ် တစ်ခု သင်ယူစရာ ရှိတယ်” လို့ သူပြောတယ်။

လုပ်ဆောင်နိုင်တဲ့အချက်

ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း မြင်တတ်ဖို့ ကြိုးစားပါ။ ကိုယ်လည်း မှားတတ်တယ်ဆိုတာ ဝန်ခံပါ။ ကိုယ်မလုပ်နိုင်တာကို တခြားသူတွေ လုပ်နိုင်တယ်ဆိုတာ အသိအမှတ်ပြုပါ။ ‘အဲဒီလူမျိုးကတော့ အဲဒီလိုပါပဲ’ ဆိုပြီး အားလုံးကို သိမ်းကျုံးပြီး ဝါးလုံးရှည်နဲ့ မယမ်းပါနဲ့။

အုပ်စုတစ်စုက လူတွေနဲ့ပတ်သက်ပြီး အပျက်သဘော ကောက်ချက်မချခင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ–

ကိုယ်မလုပ်နိုင်တာကို တခြားသူတွေ လုပ်နိုင်တယ်ဆိုတာ အသိအမှတ်ပြုပါ

  • ‘ကိုယ်မကြိုက်တဲ့ သူတို့ရဲ့အကျင့်က တကယ်ပဲ ဆိုးနေတာလား။ ဒါမှမဟုတ် ကိုယ်နဲ့ မတူတာလား။’

  • ‘အဲဒီလူကရော ကိုယ့်ရဲ့ အားနည်းချက်တွေကို မတွေ့နိုင်ဘူးလား။’

  • ‘အဲဒီလူက ဘယ်နေရာတွေမှာ ကိုယ့်ထက် ပိုပြီး တော်နေသလဲ။’

အဲဒီမေးခွန်းတွေကို ရိုးရိုးသားသား ဖြေမယ်ဆိုရင် မလိုမုန်းထား ခွဲခြားဆက်ဆံတဲ့စိတ်ကို တိုက်ထုတ်နိုင်ရုံသာမက အဲဒီလူမှာ ရှိတဲ့ လေးစားစရာ အချက်တွေကိုပါ မြင်တွေ့လာမယ်။

ဖြစ်ရပ်မှန်– နယ်လ်ဆင် (အမေရိကန်ပြည်ထောင်စု)

“လူမျိုးတစ်မျိုး၊ နောက်ခံတစ်မျိုးပဲ ရှိတဲ့ နေရာမှာ ကျွန်တော် ကြီးပြင်းခဲ့တယ်။ ကျွန်တော် အသက် ၁၉ နှစ်ရောက်တော့ စက်ရုံတစ်ရုံမှာ အလုပ်လုပ်ဖို့ မြို့ကြီးတစ်မြို့ကို ပြောင်းရွှေ့ခဲ့တယ်။ အဲဒီမှာ လူမျိုးမတူ၊ နောက်ခံမတူ၊ ယဉ်ကျေးမှုမတူတဲ့ လူတွေနဲ့ အတူနေပြီး အလုပ်လုပ်ခဲ့ရတယ်။

“အလုပ်ဖော်တွေအကြောင်း ပိုသိလာပြီး ရင်းနှီးလာတဲ့အခါ သူတို့ရဲ့ အလုပ်ကြိုးစားမှု၊ ယုံကြည်စိတ်ချရမှုနဲ့ အတွင်းခံစားချက်တွေဟာ သူတို့ရဲ့ အသားအရောင်၊ ဘာသာစကား၊ လူမျိုးအပေါ်မှာ မမူတည်ဘူးဆိုတာ သိလာတယ်။

“နောက်ပိုင်းမှာ ကျွန်တော်နဲ့ နိုင်ငံမတူ၊ လူမျိုးမတူတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ ကျွန်တော့်အတွက် အသစ်အဆန်း ဖြစ်နေတဲ့ အစားအသောက်တွေ၊ တေးဂီတတွေနဲ့ ရင်းနှီးလာတယ်။ အဲဒါတွေကို နှစ်သက်လာတယ်။ ကျွန်တော်တို့အားလုံးမှာ အားသာချက်၊ အားနည်းချက် ကိုယ်စီ ရှိတယ်ဆိုတာ ဘဝအတွေ့အကြုံက သင်ပေးတယ်။ အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင် ကျွန်တော်နဲ့ လူမျိုးချင်း၊ ယဉ်ကျေးမှုချင်း မတူတဲ့သူတွေရဲ့ အရည်အသွေးကောင်းတွေကို လေးမြတ်ပြီး အတုယူတာက ကျွန်တော့်ကို ပိုကောင်းတဲ့သူ ဖြစ်လာစေတယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ