ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • sg သင်ခန်းစာ ၂ စာ. ၉-၁၃
  • သီအိုကရက်တစ် ဓမ္မအမှုကျောင်းမှ အကျိုးများရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သီအိုကရက်တစ် ဓမ္မအမှုကျောင်းမှ အကျိုးများရ
  • သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျောင်းကြီးကြပ်မှူးများအတွက် လမ်းညွှန်ချက်များ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • အရေးကြီးဆုံးအရာအတွက် အသင့်ပြင်ဆင်ပေးသည့်ကျောင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ဦးဆောင်နေသောကြီးကြပ်မှူးများ—သီအိုကရက်တစ်ဓမ္မအမှုကျောင်းကြီးကြပ်မှူး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
sg သင်ခန်းစာ ၂ စာ. ၉-၁၃

သင်ခန်းစာ ၂

သီအိုကရက်တစ် ဓမ္မအမှုကျောင်းမှ အကျိုးများရ

၁–၅။ ဘုရားသခင့်အမှုဆောင်ရာတွင် ဓမ္မအမှုကျောင်းမှ ကျွန်ုပ်တို့မည်သည့်လေ့ကျင့်မှု ရရှိသနည်း။

၁ ဓမ္မအမှု၌ ထိရောက်ဖို့ ကိုယ်တော့်ကျေးကျွန်များအဖြစ် ကျွန်ုပ်တို့ကို ယေဟောဝါမည်သို့လေ့ကျင့်ပေးသနည်း။ အဖွဲ့အစည်းအားဖြင့် လေ့ကျင့်ပေးသည်။ အချို့ဒေသများတွင် အောက်ခြေမှစ၍ စာဖတ်တတ်ဖို့ သွန်သင်လေ့ကျင့်ပေးသည်။ စာဖတ်တတ်ရေးတတ်သူတို့အတွက်မူ သီအိုကရက်တစ်ကျောင်းတွင် နာမည်စာရင်းသွင်းသည်အထိ တက်လှမ်းရသည်။

၂ ဤကျောင်းတွင် ဓမ္မအမှုအတွက် အခမဲ့လေ့ကျင့်မှု ရရှိနိုင်သည်။ အသင်းတော်ကို နှစ်သွယ်သောနည်းဖြင့် အကျိုးပြုသည်– (၁) အချက်အလက်ကို စုဆောင်းစီစဉ်ပြီး သူတစ်ပါးကို ယုတ္တိရှိရှိ တင်ပြနိုင်စွမ်း တိုးတက်စေရန် ကျောင်းသားတစ်ဦးချင်းကို သင်တန်းအစီအစဉ်တစ်ခုစီ ပေးပါသည်; (၂) အသင်းတော်အနေနှင့်လည်း ပတ်စဉ်အစီအစဉ်မှ တန်ဖိုးများစွာရှိသော အကြောင်းအရာများကို ကြားသိရသည်။ ဤသို့အားဖြင့် ဝိညာဉ်ရေးရာတို့ကို သာ၍တန်ဖိုးထား လေးစားလာသည့်အပြင် အမှုဆောင်လုပ်ငန်း၌လည်း တိုးတက်လာပါမည်။

၃  နိုင်ငံတစ်ခုစီ၏ အစီအစဉ်ကို ကင်းမျှော်စင်အသင်း၏ ဌာနခွဲမှ နှစ်စဉ်စီစဉ်ပေးပါသည်။ အစီအစဉ်သည် ပြည်တွင်း၌အသုံးပြုသော ဘာသာစကားရပ်များဖြင့် ထုတ်ဝေထားသည့် စာပေများပေါ်မူတည်ပါသည်။ အဓိကအသုံးပြုသည့်စာအုပ်မှာ ကျမ်းစာဖြစ်ပါသည်။

၄ ပတ်စဉ်ပင် များစွာအကျိုးရှိသော ဟောပြောချက်တို့ကို ကျောင်းသားများက တင်ပြကြသည်။ အဓိကဟောပြောချက်မှာ သွန်သင်ခြင်းဟောပြောချက်ဖြစ်၍ အခြားဟောပြောချက်များထက် အနည်းငယ်ကြာရှည်ပါသည်။ အသင်းတော်အနေနှင့် ဤဟောပြောချက်မှ အကျိုးအပြည့်အဝရရှိနိုင်ဖို့ အရည်အချင်းရှိ ညီအစ်ကိုတစ်ဦးအား တာဝန်ပေး ဟောပြောစေပါသည်။ အခြားဟောပြောချက်များကို ကျောင်းအစီအစဉ်အရ ညီအစ်ကို၊ သို့မဟုတ် ညီအစ်မတစ်ဦးအား တာဝန်ချပေးကာ တိုတိုတုတ်တုတ်ဟောရကြသည်။ ဒေသအစီအစဉ်အရ ဤဟောပြောချက်တို့အနက် တစ်ခုမှာ ကျမ်းစာဖတ်ခြင်းဖြစ်သည်။ ကျန်ဟောပြောချက်များအတွက် ခေါင်းစဉ် သို့မဟုတ် ဆီလျော်သောသဘာဝကျကျ ဇာတ်အိမ်များ ပေးထားပါသည်။ ညီအစ်မတို့ကို တာဝန်ပေးသည့်အကြောင်းကို တစ်အိမ်မှတစ်အိမ်လုပ်ငန်း၊ ပြန်လည်ပတ်မှု သို့မဟုတ် ကျမ်းစာသင်တန်းအပြီး ဆွေးနွေးခြင်း၊ အလွတ်သဘောသက်သေခံခြင်း၊ သို့မဟုတ် မိမိအိမ်သူအိမ်သားတစ်ဦးတစ်ယောက်၊ သို့မဟုတ် ကြေညာသူတစ်ဦးနှင့် ဆွေးနွေးခြင်းပြုသကဲ့သို့ တင်ပြသွားပါမည်။

၅ ညီအစ်မများသာရှိသော အသင်းတော်ငယ်များတွင်လည်း အစီအစဉ်အတိုင်း လိုက်နိုင်ပါသည်။ မည်သို့အားဖြင့်နည်း။ သတင်းပို့သည့်အနေနှင့်၊ ညီအစ်မနှစ်ဦးဆွေးနွေးခြင်း၊ အမေးအဖြေပြုခြင်း၊ အကြောင်းအရာကို ဖတ်ရုံဖတ်ခြင်းတို့ဖြင့် ပြုလုပ်နိုင်ပါသည်။

၆။ ကျောင်းကြီးကြပ်မှူး၌ အဘယ်အရည်အချင်းများ ရှိအပ်သနည်း။

၆ ကျောင်းကြီးကြပ်မှူး။ အသင်းတော်တိုင်း၌ တာဝန်ခန့်အပ်ထားသော ကျောင်းကြီးကြပ်မှူးရှိသည်။ သူသည် အရည်အချင်းရှိသော ဆရာသမားတစ်ဦးဖြစ်ရမည်။ သမ္မာတရားကို ကောင်းစွာသိကျွမ်းထားသူ၊ ကျောင်းသားအများစုသုံးသည့် ဘာသာစကားကို အတော်အသင့် သိနားလည်ထားသူဖြစ်ရမည်။ စကားအပြောအဆိုလိမ္မာပြီး ကြင်နာသူလည်း ဖြစ်ရမည်။ ဝိညာဉ်ရေးဘက်တွင် သူသည် “အသက်ကြီးသူ” ဖြစ်သင့်သည်။ ဤကျောင်း၌ သင့်နာမည်စာရင်းကို လက်ခံပြီး သင့်အား တာဝန်များချပေးဖို့၊ တည်ဆောက်မှုပေးမည့် အကြံပြုချက်များကို သင့်အား ကြင်နာစွာပေးဖို့ သူ့တာဝန်ဖြစ်ပါသည်။

၇။ ဟောပြောချက်တာဝန်ချသည့်အခါ အဘယ်အကြောင်းများကို ထည့်စဉ်းစားရမည်နည်း။

၇ တာဝန်များ ခွဲဝေချမှတ်ပေးဖို့ ကျောင်းသားနာမည်စာရင်းကို ကျောင်းကြီးကြပ်မှူးရေးမှတ်ထားသည်။ ဤကျောင်းသားတာဝန်များကို သုံးပတ်ကြိုတင်၍ စာအားဖြင့် ချမှတ်ပေးလေ့ရှိသည်။ သို့မှသာ ဟောပြောချက်ကို ကောင်းစွာကြိုတင်ပြင်ဆင်နိုင်ပါသည်။ အသင်းတော်၌ ပညာအရည်အချင်း အဆင့်အမျိုးမျိုးရှိသည်ကို ကျောင်းကြီးကြပ်မှူးထောက်ထားပြီး တာဝန်ချမှတ်ပေးမည်။ ငယ်ရွယ်သော ကျောင်းသားအား ခက်လွန်းသောအကြောင်းကို တာဝန်မပေးပါ။ အစီအစဉ်တွင် နာမည်စာရင်းပေးထားသူအားလုံး အလှည့်ကျဟောပြောခွင့်ရယူနိုင်ဖို့ သူကွပ်ကဲပေးမည်။

၈။ အချိန်စေ့သောအခါ ကျောင်းသားများအား အဘယ်ကြောင့် အချက်ပေးရသနည်း။

၈ ကျောင်းအစီအစဉ်ကို အချိန်နာရီအတိအကျ ပြုလုပ်သင့်သည်။ သို့ဖြစ်၍ ကျောင်းသားတစ်ဦး အချိန်ကျော်လျှင် ကျောင်းကြီးကြပ်မှူး သို့မဟုတ် သူ၏လက်ထောက်သည် အချက်ပေးပါမည်။ ထိုအခါ ကျောင်းသားသည် ပြောလက်စဝါကျကို အပြီးပြော၍ဆင်းလာပါမည်။

၉–၁၂။ ကျောင်းသားဟောပြောချက်ပေးသူများနှင့် အသင်းတော်ရှိသူအားလုံးတို့၏တိုးတက်မှုကို ကျောင်းကြီးကြပ်မှူး စိတ်ဝင်စားကြောင်း မည်သည့်နည်းများဖြင့် ပြသနည်း။

၉ ကျောင်းသားတစ်ဦးစီကို ကျောင်းကြီးကြပ်မှူးသည် အသင်းတော်တစ်ခုလုံးရှေ့တွင် အကြံပေးသည်။ သို့ပြုရခြင်းမှာ တာဝန်ကျသူမက အားလုံးအကျိုးရရှိစေရန်ဖြစ်သည်။ ချီးမွမ်းစကားပြောဖို့ အမြဲသင့်တော်ပါ၏။ အကြံပေးသူကလည်း သင့်ကိုအားပေးချင်ပါသည်။ စကားပြောသွန်သင်ခြင်းစာရွက်ပါ ကြိုးစားဖို့ သင့်အား ကြိုပြောထားသည့်အချက်တို့နှင့်ပတ်သက်၍ ဆောက်တည်မှုဖြစ်သော အကြံပြုချက်များကို တင်ပြပါလိမ့်မည်။ (သင်ခန်းစာ ၂၀ တွင်အသေးစိတ်အချက်အလက်များကိုရှု။) ကျောင်းသားအဖြစ် သင့်လိုအပ်ချက်များကို ကျောင်းကြီးကြပ်မှူးသိကျွမ်းလာရန်ကြိုးစားပြီး သင့်တိုးတက်ရာ တိုးတက်ကြောင်းအဖို့ ကူညီပေးပါလိမ့်မည်။

၁၀ ကျောင်း၏အစီအစဉ်တိုင်းမှ အသင်းတော်တစ်ခုလုံး အကျိုးရရှိစေရန် စိတ်ပြင်းပြပါသည်။ သင်တို့တတ်နိုင်သ၍ ပါဝင်နိုင်ဖို့၊ နှုတ်တိုက်ပြန်လည်စစ်ဆေးခြင်းနှင့် ရံဖန်ရံခါပြုသော စာရေးဖြေဆိုခြင်းတို့တွင် ပါဝင်ကြရန် အားပေးပါလိမ့်မည်။ နာမည်စာရင်းမပေးရသေးလျှင် ထိုသို့ပြုဖို့ အားပေးပါလိမ့်မည်။ အခက်အခဲများရှိလျှင် ၎င်းတို့ကို ကူညီဖြေရှင်းပေးလျက် အသင်လည်း ယေဟောဝါကို ထိရောက်စွာ ချီးမွမ်းသူဖြစ်လာနိုင်မည့်နည်းလမ်းကို ပြပေးပါလိမ့်မည်။

၁၁ နာမည်စာရင်းသွင်းထားသည့် ကျောင်းသားတစ်ဦးကို ကူညီရခြင်းသည် အခွင့်အရေးဟု ကျောင်းကြီးကြပ်မှူးမှတ်ယူကာ အခန့်သင့်အချိန်တွင် အိမ်သို့လာ၍ တာဝန်ကျသောအကြောင်းကို ကူညီပေးပါလိမ့်မည်။ သူကိုယ်တိုင် အချိန်မရလျှင် ပါရမီရင့်သော အတွေ့အကြုံများသော ဟောပြောသူများအကူအညီကို တောင်းဆိုပါမည်။ အသင်မိဘများအနေနှင့်လည်း ကိုယ့်သားသမီးများကို များစွာကူညီပေးနိုင်ပါသည်။ သူတို့ဟောပြောချက်များကို ပြင်ဆင်ပေးဖို့မဟုတ်ဘဲ လိုအပ်သည့် အချက်အလက်များကို မည်သည့်နေရာမှ ရှာယူပြီး မည်သို့ ပြင်ဆင်ရမည်ကို အကြံပေး ညွှန်ကြားရုံသာဖြစ်သည်။ လယ်ကွင်းဓမ္မအမှုတွင် ကြေညာသူတစ်ဦးကို သင်လေ့ကျင့်ပေးနေပါက ကျောင်းတာဝန်တို့ကို ပြင်ဆင်ရာတွင် သူ့အား ကူညီပေးဖို့ အကူအညီတောင်းဆိုခံရပေမည်။

၁၂ နိုင်ငံတော်ခန်းမရှိ သီအိုကရက်တစ်ဓမ္မအမှုကျောင်း စာကြည့်တိုက်ကို ကျောင်းကြီးကြပ်မှူး ကွပ်ကဲရပါသည်။ ထိုတွင်စုစည်းထားသည့် ကျမ်းစာပညာကို မည်သို့ဆည်းပူးနိုင်ကြောင်း လူသစ်များအား သင်ပြလိမ့်မည်။ အသင်းမထုတ်ဝေထားသည့် နောက်ဆုံးထုတ်စာပေအားလုံးနှင့် အခြားအကူအညီဖြစ်သည့် ကိုးကားကြည့်စရာစာအုပ်များကို လူတိုင်းငှားယူဖတ်ကြဖို့ လွယ်လွယ်ကူကူထားပေးပါမည်။

၁၃–၁၇။ ကျောင်းသားများ၏တိုးတက်မှုကို အခြားသူများ မည်သို့တွေ့ မြင်နိုင်သနည်း။

၁၃  ကျောင်းသားများအတွက် အကျိုးကျေးဇူး။ သင့်အား တာဝန်ပေးသောအခါ ယေဟောဝါအဖွဲ့အစည်းမှလာသည်ဟူ၍ မှတ်ယူကာ ဝမ်းမြောက်စွာ ခံယူပါ။ အကြံပေးချက်များကိုလည်း နှိမ့်ချစွာ ခံယူပါ။ ထိုအကြံပြုချက်တို့ကို နေ့စဉ်စကားပြောရာ၌လည်းကောင်း၊ အမှုဆောင်ရာ၌လည်းကောင်း အသုံးချနိုင်ပါသည်။ ပို့ချသမျှကိုယူ၍ လက်တွေ့ကျင့်သုံးရန် ကြိုးစားအားထုတ်ပါက များစွာအကျိုးခံစားရပါမည်။

၁၄ ကျောင်းအစီအစဉ်တွင် ပါဝင်သူများသည် စည်းဝေး၌ အဖြေပေးရာတွင်လည်းကောင်း၊ အမှုဆောင်လုပ်ငန်း၌လည်းကောင်း မိမိများစွာ တိုးတက်လာကြောင်း တွေ့ပါလိမ့်မည်။ လုပ်ငန်းတော်စည်းဝေး သို့မဟုတ် လူထုဟောပြောပွဲတွင် ဟောပြောပါဝင်ခွင့်ရသောအခါ ပရိသတ်စိတ်လှုပ်ရှားသွားသည်တိုင် ဟောပြောကျွမ်းကျင်သူများဖြစ်လာဖို့ ညီအစ်ကိုများကို ဤကျောင်းက ကူညီပေးပါလိမ့်မည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်း၏ လေ့ကျင့်သင်ကြားမှုကြောင့် များစွာသောသူတို့သည် စာသင်ကျောင်း၌၊ လူအများစုရှေ့ ၌၊ တရားခုံရုံး သို့မဟုတ် အစိုးရအရာရှိများရှေ့ ၌ ပြောရဲဆိုရဲ ရှိခဲ့ကြပြီ။

၁၅ ထို့ပြင် ဤကျောင်းတွင်ပေးသောအကြံဉာဏ်များကို လက်ခံယူပြီး နေ့စဉ်စကားပြောဆိုရာတွင် လက်တွေ့ကျင့်သုံးလျှင် သိမ်ဖျင်းသောစကားပြောဆိုသည့်အကျင့်ဆိုးများ တဖြည်းဖြည်းပပျောက်သွားသည်ကို တွေ့ရလိမ့်မည်။ အလုပ်ခွင်တွင်ဖြစ်စေ၊ စာသင်ကျောင်းတွင်ဖြစ်စေ၊ အခြားနေရာတွင်ဖြစ်စေ ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့ရရှိထားသည့်လေ့ကျင့်မှုသည် ထင်ရှားပေါ်လွင်လာပါမည်။ နာမည်ကျော် မဂ္ဂဇင်းတစ်စောင် ရေးသည့်အတိုင်းပင်ဖြစ်သည်– “လအနည်းငယ်အတွင်း သက်သေခံဖြစ်ခါစသူများသည် ခရစ်ယာန်အများစုက တစ်သက်လုံးကြိုးစားသည်ထက် ကျမ်းစာကို ပိုမိုကြိုးစားလေ့လာကြသည်။ သူတို့အားလုံးနီးပါးသည် ဣန္ဒြေပါပါ ချောချောမောမော ပြောဟောတတ်လာသည်မှာ မတော်တဆမှုမဟုတ်ပေ။”

၁၆ ဓမ္မအမှု ဆောင်ရွက်ရာတွင် မည်မျှတိုးတက်နေပြီကို သိသာနိုင်ဖို့ အသင်းတော်ရှိသူတိုင်း ပန်းတိုင်ထားသင့်၏။ ၎င်းပန်းတိုင်သည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ချမှတ်ပေးသည့် တိုးတက်ရန်အဆင့်အတိုင်း ဖြစ်နိုင်သည်။ ဥပမာ၊ စိတ်ဝင်စားသူတို့ထံ ပြန်လည်ပတ်ပြီး သူတို့၏မေးခွန်းများကို မဖြေဆိုတတ်ဟု အသင်ထင်သလော။ ကျောင်းတွင်ဟောပြောသော၊ သရုပ်ပြသောအကြောင်းအရာများသည် သင့်အားကူညီပေးပါလိမ့်မည်။

၁၇ အများဆုံးအကျိုးကျေးဇူးများကို ရလိုပါက ဤကျောင်းကို တစ်ပတ်လျှင် လေးဆယ်ငါးမိနစ်သင်တန်းဟူ၍သာ မမှတ်ရာ။ တကယ်တန်ဖိုးထားလေးစားမှုရှိသော ကျောင်းသားဖြစ်ပါက ကျမ်းစာဖတ်ရှုခြင်းနှင့် အခြားလိုအပ်သော ရှာဖွေမှုကို ပြုခြင်းအပါအဝင် ကျောင်းအစီအစဉ်ကို အိမ်၌ပင် ကြိုတင်ဖတ်ရှုလေ့လာထားပါမည်။ ဤသို့ပတ်စဉ်ကြိုတင်ပြင်ဆင်ခြင်းဖြင့် ကျောင်းသားအဖြစ် ဟောပြောသူများသာမက ကျောင်းအစီအစဉ်တွင် ပါဝင်တက်ရောက်သူ ကျွန်ုပ်တို့အားလုံးပါ ဉာဏ်စွမ်းသတ္တိတိုးပွားလာမည်။

၁၈–၂၀။ ပင်ကိုအစွမ်း မရှိသည့်အတွက် ကျောင်းတွင် အပြည့်အဝမပါဝင်ခြင်း အဘယ်ကြောင့်မရှိသင့်သနည်း။

၁၈ ကျောင်းရည်ရွယ်ချက်ကို သိထားပြီး အတတ်နိုင်ဆုံးကြိုးစားကြရန် အားလုံးကို တိုက်တွန်းပါသည်။ အဟောအပြောကောင်းသည်ကို အစွမ်းပြဂုဏ်ဖော်ရန်မဟုတ်။ အချို့၏အားနည်းချက်နှင့် အခက်အခဲတို့ကို တင်ပြရန်လည်းမဟုတ်ပါ။ ဤသင်တန်းကျောင်းအစီအစဉ်ပေါ် ကျွန်ုပ်တို့သဘောထားပုံကား အကျိုးအနည်းနှင့်အများ ရစေမည်။ ၎င်းသည် ယေဟောဝါ၏ ပညာပေးစနစ်တစ်ခုဖြစ်၏။ ကိုယ်တော်၏ရည်ရွယ်တော်မူချက်အတွက် သွန်သင်လေ့ကျင့်ပေးနေပါသည်။ မည်သည့်ကျောင်းသားမျှ မိမိကို သူတစ်ထူး မည်သို့တွေ့ မြင်ယူဆမည်ကို စိုးရိမ်နေစရာမလို။ အကြောင်းမှာ လူ့စိတ်ကြိုက် လိုက်လျောနေသည်မဟုတ်။ ဘုရားသခင်၏စိတ်တော်နှင့်တွေ့ရန်၊ ကျွန်ုပ်တို့၏ဓမ္မအမှုကို ကိုယ်တော်ကောင်းချီးပေးရန် အလိုရှိကြပါသည်။

၁၉ အချို့ ညီအစ်ကိုညီအစ်မများသည် ယေဟောဝါအား မောရှေပြောသကဲ့သို့ ပြောဆိုလိုကြပေမည်– “အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ။ အထက်ကလည်း မရှိပါ။ ကိုယ်တော်ကျွန်အား မိန့်တော်မူသောအခါ၌ပင် မရှိပါ။” (ထွ. ၄:၁၀) သို့ရာတွင် ဘုရားသခင်မတတ်နိုင်ရာမရှိဟု ယုံကြည်လျှင် ထိုအစအဦးရှိ အားနည်းချက်ကို အောင်မြင်နိုင်ပါလိမ့်မည်။ (မ. ၁၉:၂၆) ထို့ပြင် အသက်ရရေး နှုတ်ကပါဌ်တရားကို ဟောပြောရာ၌ တိုးတက်လာသည့်အတွက် ကြိုးစားရကျိုးနပ်သင့်သည်။ တိုးတက်မှုအနည်းငယ်ပင်လျှင် လူတစ်ဦးအား အသက်လမ်းပေါ်သို့ ပို့ဆောင်ပေးနိုင်ဖို့ အကြောင်းရှိစေမည်။ ဤကား ဝမ်းမြောက်ဖွယ်ရာ မဟုတ်လော။

၂၀ သီအိုကရက်တစ်ဓမ္မအမှုကျောင်း၏ အဓိကရည်ရွယ်ချက်ကား ဓမ္မအမှုဆောင်ခြင်းလုပ်ငန်းအတွက် လေ့ကျင့်ပေးခြင်းဖြစ်၏။ သင်သည်လည်း မြောက်မြားစွာသောသူတို့ကဲ့သို့ ဤကျောင်းကို မှန်မှန်တက်ရောက်၍ အကျိုးကျေးဇူးရယူသူဖြစ်ပါစေ။ ထို့နောက် သင့်ကြိုးစားမှုကို ယေဟောဝါကောင်းချီးသွန်းလောင်းသည်ကို စောင့်ကြည့်ပါ။​—ဖိ. ၃:၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ