ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • sg သင်ခန်းစာ ၁၄ စာ. ၆၆-၇၀
  • လိမ္မာပါးနပ် သို့တိုင် ခိုင်မာမှုရှိခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လိမ္မာပါးနပ် သို့တိုင် ခိုင်မာမှုရှိခြင်း
  • သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခိုင်မာလျက်နှင့် လိမ္မာပါးနပ်ခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • လိမ္မာပါးနပ်ခြင်း အတတ်ကို သင်ယူခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • သတင်းကောင်းဝေငှခြင်း—ထိုးထွင်းဉာဏ်ဖြင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • ကျမ်းစာသင်သားရဲ့ စိတ်နှလုံးကို ထိမိစေနိုင်ပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
sg သင်ခန်းစာ ၁၄ စာ. ၆၆-၇၀

သင်ခန်းစာ ၁၄

လိမ္မာပါးနပ် သို့တိုင် ခိုင်မာမှုရှိခြင်း

၁။ လိမ္မာပါးနပ်မှုကို အဘယ်ကြောင့်မွေးမြူသင့်သနည်း။

၁ ယေရှုသည် ဟောပြောရန် စေလွှတ်ရာတွင် တပည့်တော်များအား အပြောအဆိုအကျင့်အကြံ၌ အသိအလိမ္မာရှိဖို့ မှာကြားခဲ့သည်။ သူတို့နှင့်အတူရှိမည်ဟု ကိုယ်တော်ကတိထားသော်လည်း အခက်အခဲများ မပေါ်သင့်ဘဲ ပေါ်ပေါက်စေမည့်နည်းကို မပြုကျင့်ကြရပါ။ (မ. ၁၀:၁၆) ခရစ်ယာန်အချင်းချင်းနှင့်ဆက်ဆံရာ၌ပင် သူတစ်ပါး၏စိတ်ကိုထိခိုက်နာကြည်းအောင် မပြောဆို မပြုမူဖို့ အထူးဆင်ခြင်ရမည်ဖြစ်သည်။ (သု. ၁၂:၈၊ ၁၈) ထို့ကြောင့် လိမ္မာပါးနပ်မှုကို မွေးမြူရန် လိုသည်။

၂။ လိမ္မာပါးနပ်မှု၏အဓိပ္ပာယ်ကား အဘယ်နည်း။

၂ လိမ္မာပါးနပ်ခြင်းကား “သူတစ်ပါးနှင့်ဆက်ဆံရာတွင် သင့်တော်စွာ ပြောဆိုပြုမူတတ်ခြင်း” နှင့် “သူတစ်ပါး၏စိတ်ကို မထိခိုက်ဘဲ ဆက်ဆံနိုင်စွမ်း” ဟူ၍ အနက်ဖွင့်ထားသည်။ လိမ္မာပါးနပ်သည်ဟုဆိုရာတွင် စိတ်မနာကြည်းစေဘဲ သူတို့နှင့် သိမ်မွေ့စွာပြောဆိုဆက်ဆံခြင်းဖြစ်သည်။ ကျွန်ုပ်တို့ပြုမူပြောဆိုမှုကြောင့် သူတစ်ပါးအား ထိခိုက်ရန်ဆန္ဒရှိကြမည်မဟုတ်။ သို့ဆိုသော်လည်း အပြောအဆိုအပြုအမူအားဖြင့် ဘယ်တော့မျှ မထိခိုက်ရတော့ဟူ၍မဟုတ်။ အကြောင်းမူကား ကျမ်းစာသတင်းကိုယ်နှိုက်က အချို့ကိုထိခိုက်စေတတ်သောသဘောရှိသည်။ (ရော. ၉:၃၃; ၂ ကော. ၂:၁၅၊ ၁၆) သို့ဖြင့် ကျွန်ုပ်တို့သည် အပြုအမူ လိမ္မာပါးနပ်သော်လည်း တစ်ချိန်တည်းတွင် ဘုရားသခင့်သမ္မာတရားအတွက် ခိုင်မာသည်။

၃။ ဝိညာဉ်အသီးသီးခြင်းသည် လိမ္မာပါးနပ်မှု၏အရင်းခံ မည်သို့ဖြစ်နိုင်ကြောင်း ရှင်းပြပါ။

၃  ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာတွင် ဘုရားသခင်၏ဝိညာဉ်အသီးသာတင်ပြနိုင်လျှင် လိမ္မာပါးနပ်ရန် မခက်ပါ။ ၎င်းအသီးသည် လိမ္မာပါးနပ်မှု၏ အရင်းခံအုတ်မြစ်ဖြစ်သည်။ (ဂလ. ၅:၂၂၊ ၂၃) ဥပမာ၊ မေတ္တာရှိသူသည် အခြားသူများအား စိတ်တိုစေချင်မည်မဟုတ်ဘဲ အမှန်ကူညီပေးလိုသည်။ သနားကြင်နာမှုရှိသူသည် ယဉ်ကျေးသိမ်မွေ့စွာ ပြုမူတတ်သည်။ စိတ်ချုပ်တည်းမှု မွေးမြူထားပြီး ခဲယဉ်းသောအခြေအနေမျိုးနှင့် ကြုံကြိုက်ချိန်တွင် တည်ငြိမ်အေးဆေးစွာ နေတတ်သူသည် အခြားသူတစ်ဦးအား မိမိဘက်သို့ ဆွဲဆောင်နိုင်ဖို့ သာ၍အကြောင်းရှိပေသည်။ စိတ်မြန်သောသူမူကား မညှာမတာပြောမည်။ သို့ဖြင့် ပဋိပက္ခကြီးစွာဖြစ်စေ၏။ (သု. ၁၅:၁၈) ကျွန်ုပ်တို့၏အပြောနှင့်အလုပ်က စဉ်းစားတတ်သူကို ဆွဲဆောင်သင့်၏။ မနှင်ထုတ်သင့်ပေ။

၄–၈။ (က) တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် လိမ္မာပါးနပ်မှု မည်သို့တင်ပြနိုင်သနည်း။ (ခ) လိမ္မာပါးနပ်မှုတင်ပြရန် အလျော့ပေး လိုက်လျောရမည်လော။ ယင်း၌ အဘယ်အမှုပါဝင်သနည်း။

၄ လယ်ကွင်းဓမ္မအမှုတွင် လိမ္မာပါးနပ်မှုသုံးခြင်း။ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် အိမ်ရှင်၏အရေးကို ဦးစားပေး၍ လိမ္မာပါးနပ်စွာ စကားချီးစပြီးနောက် ဘုရားသခင့်နိုင်ငံတော်က အခက်အခဲများကို မည်သို့ဖယ်ရှားမည်ဟု ပြောပြနိုင်သည်။ အိမ်ရှင်၏ ဖြောင့်မတ်ခြင်းတရားကို နှစ်သက်သောသဘော၊ သူ၏ဆင်ခြင်တုံတရားနှင့် အခြေအနေသာ၍ကောင်းစေလိုသော သူ့ဆန္ဒကို ဆွဲဆောင်ပါ။ သူ့ဘာသာအယူအဆကို ကဲ့ရဲ့ပြစ်တင်လျှင် သူ့စိတ်တံခါးကို ပိတ်ရာသာရောက်မည်။ ထိုကြောင့် အငြင်းပွားမည့်အကြောင်းကို ပြောမည့်အစား မှန်သည်ဟု လူအများလက်ခံထားသည့်အရာကို ပြောပြပါ။ အငြင်းပွားမည့်အကြောင်းကို ပြောဆိုရန် လိုအပ်လာလျှင် အိမ်ရှင်သဘောတူနိုင်မည့်အချက်တစ်ချက်ကို ဦးဆုံးရှာပြီး ယင်းကို ဖိပြောပါ။ အိမ်ရှင်၏စိတ်ထဲတွင် နိုင်ငံတော်နှင့် ယင်း၏ကောင်းချီးများကို မျှော်လင့်နိုင်သော သမ္မာတရားကို စွဲမှတ်ထားနိုင်ပြီဆိုလျှင် ဘုရားသခင်၏ မခံစားထိုက်သောကရုဏာတော်ကို ထိုသူ သဘောပေါက်လာသည့်အခါ အခြားအကြောင်းအရာများသည် ရှင်းလင်းသွားပါလိမ့်မည်။

၅ လိမ္မာပါးနပ်သူသည် နားထောင်သူအား စကားပြောဆိုရန် ဖန်တီးပေးတတ်သည်။ နားထောင်သူ၏အယူအဆကို တင်ပြရန် အားပေးတတ်သည်။ ပေါလုသည် မိမိ၏တရားကိုနာသူများရှုထောင့်မှ စဉ်းစားတွေးတောရန် ကြိုးစားခြင်းအားဖြင့် သတင်းကောင်း၏ မွန်မြတ်ခြင်းကို ပိုင်နိုင်စွာ တင်ပြနိုင်ခဲ့သည်။ (၁ ကော. ၉:၂၀-၂၂) ကျွန်ုပ်တို့လည်း ထပ်တူပြုမူသင့်သည်။ သူတစ်ပါး၏အခြေအနေ၊ သူတို့သည် ထိုသို့အဘယ်ကြောင့်ဖြစ်ရသည်၊ အဘယ်ကြောင့် ထိုသို့ယုံရသည်၊ ပြောရသည်၊ အစရှိသည်တို့ကို ထောက်ထားစာနာပြီး ကြည့်မြင်ခြင်းကား သူတို့နှင့် လိမ္မာပါးနပ်စွာ ဆက်ဆံရန် အထောက်အကူပြုလိမ့်မည်။ ဘဝပုံစံခြားနားခြင်း၊ အတွေ့အကြုံမတူခြင်း၊ သို့မဟုတ် အခြားအာဏာပိုင်ကို မှီခိုအားထားခြင်းတို့ကြောင့် သူတို့ကြံဆတွေးတောပုံ ခြားနားခြင်းဖြစ်မည်။ တစ်ဖက်သား၏ အတွေးကို သိနိုင်ပြီဆိုလျှင် သတင်းကောင်းကို အပြုသဘောနှင့် တင်ဆက်နိုင်မည်ဖြစ်သည်။ တစ်ဖက်သားတွေးတောပုံကိုမသိ၊ ထိုသို့စဉ်းစားရသည့်အကြောင်းများကိုမသိဘဲ ပြောဆိုလိုက်ခြင်းကြောင့် စိတ်ထိခိုက်စရာ မဖြစ်သင့်ဘဲဖြစ်စရာမလိုပါ။

၆ အခြားသူ၏ယူဆချက်ကို ထည့်သွင်းစဉ်းစားခြင်းသည် သူ့အားလိုက်လျောခြင်းမမည်ပါ။ လိမ္မာပါးနပ်မှုသည် မှန်ကန်ရာကို မှောက်လှန်ရာမကျပါ။ အမှန်ကို အမြဲစွဲကိုင်ဆည်းကပ်ထားရမည်ဖြစ်သည်။ သို့မဟုတ်လျှင် လိမ္မာပါးနပ်ရာမကျဘဲ အမှားကို လိုက်လျောရာရောက်သွားလိမ့်မည်။ ဖြောင့်မတ်ခြင်းတရားကို မြတ်နိုးခြင်းထက် လူကိုကြောက်၍ တိုက်တွန်းခံရရာကျမည်။ သို့ဖြစ်စေကာမူ လိမ္မာပါးနပ်ခြင်းသည် မှန်ကန်ရာကိုစွန့်ပြီး လိုက်လျောခြင်းမဟုတ်သည်မှန်သော်လည်း တစ်မျိုးတစ်မည်သောအကြောင်းကို သင့်တော်သောအချိန်တွင် ပြောဆိုတတ်ခြင်းပါဝင်သည်။ တစ်ခါတစ်ရံ ပြောသောစကားတစ်ခွန်းကို လျစ်လျူရှုရုံဖြင့် လိမ္မာပါးနပ်မှုပြနိုင်သည်။ အချို့သောအကြောင်းများကို သူတစ်ထူး လက်ခံနာယူနိုင်ရန် အသင့်ရှိချိန်တိုင်မှ ထုတ်ပြောခြင်းသည် အကောင်းဆုံးဖြစ်ပေမည်။ တပည့်တော်များကို ယေရှု ဤသို့မိန့်တော်မူသည်– “သင်တို့အား ငါပြောစရာစကား အများရှိသော်လည်း သင်တို့သည် ယခုမခံနိုင်ကြ။” (ယော. ၁၆:၁၂) ထို့ကြောင့် ကျွန်ုပ်တို့နှင့် စကားပြောဆိုနေသူ၏ အယူအဆကို သဘောမတူနိုင်သော်လည်း အယူအဆအမှားအားလုံးကို ချက်ခြင်း ထောက်ပြရန်မလိုပါ။ ထိုသို့သာပြုလျှင် သူ၏စိတ်တံခါးကို ပိတ်စေပြီး ရှေ့ဆက်ဆွေးနွေးရန် အကြောင်းနည်းပါးသွားလိမ့်မည်။

၇ စကားစမြည်ပြောဆိုစဉ် အိမ်ရှင်က ကျမ်းစာထဲမှ မှားသည်ဟု သူယူဆသောအကြောင်းများကို ထောက်ပြမည်ဆိုလျှင် ကန့်ကွက်ချက်တိုင်းကို အချိန်တိုကလေးအတွင်း လိမ္မာပါးနပ်စွာ ချေပရန် ခဲယဉ်းပေမည်။ များသောအားဖြင့် ကန့်ကွက်ချက်အများကို ဥပေက္ခာပြုထားပြီး ဆွေးနွေးလက်စအကြောင်းကိုသာ ဆက်ဆွေးနွေးလျှင်ကောင်းမည်။ သို့မဟုတ် အိမ်ရှင်သည် လောကီအရေးအခင်းများ နှင့်ဆိုင်သော အငြင်းအခုံဖန်တီးလာစေလျှင် ဝင်မပြောမိရန် ပရိယာယ်နှင့် ရှောင်လိုက်ပါ။ ယင်း လောကီအရေးအခင်းများနှင့်စပ်လျဉ်း၍ ကျမ်းစာ၏အဖြေကိုသာပေးပါ။ သို့ပြုခြင်းဖြင့် ယေရှုကို တုပနေသည်။​—မ. ၂၂:၁၅-၂၂။

၈ စိတ်ဆိုးသောအိမ်ရှင်နှင့် ကြုံလျှင် လိမ္မာပါးနပ်မှုသုံးမည်ဖြစ်သော်လည်း တစ်ချိန်တည်းတွင် ခိုင်မာမှုရှိရမည်။ သူ၏စိတ်ပြေသွားစေရန် အမှန်ကိုစွန့်ပြီး သူ့သဘောကို လိုက်လျောဖို့ မဟုတ်ပါ။ ယင်းအစား အဘယ်ကြောင့်စိတ်နှင့်မတွေ့ကြောင်း နားလည်နိုင်ရန် စဉ်းစားကြည့်ပါ။ အဘယ်ကြောင့် ထိုသို့ရှုမြင်သည်ကို သူ့အားမေးမြန်းနိုင်ပေမည်။ ဖြေဆိုပါက သင်သည် အဘယ်ကြောင့်ထိုသို့ယူဆသည်ကိုလည်း တင်ပြလိုကြောင်း သိစေပါ။ သို့သော် စကားပြန်ဆက်နိုင်ဦးတော့ လိမ္မာပါးနပ်မှုသည် အကျိုးအများဆုံးရရှိစေမည်။ သုတ္တံ ၁၅:၁ (ကဘ) ပါသြဝါဒကို သတိရပါ– “ဖြည်းညင်းသောစကားနှင့်ပြန်ဖြေသောအခါ အမျက်ကိုပြေစေ၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုနှိုးဆော်တတ်၏။” သို့ရာတွင် အချို့သည် အကျိုးသင့်အကြောင်းသင့်တွေးတောသောစိတ်ထားမရှိလျှင် ထိုအိမ်မှ ထွက်ခွာသွားခြင်းသည် အကောင်းဆုံးဖြစ်မည်။​—မ. ၇:၆။

၉၊ ၁၀။ ခရစ်ယာန် ညီအစ်ကိုညီအစ်မများနှင့် ဆက်ဆံရာတွင် လိမ္မာပါးနပ်မှုရှိရန် လိုသလော။

၉ ခရစ်ယာန်ညီအစ်ကိုများနှင့် လိမ္မာစွာဆက်ဆံခြင်း။ ယေဟောဝါကိုမသိကျွမ်းသူများနှင့် ဆက်ဆံရာတွင် လိမ္မာပါးနပ်ရန် အရေးကြီးသကဲ့သို့ ဝိညာဏညီအစ်ကိုများနှင့်လည်း ထို့အတူ ဆက်ဆံအပ်သည်။ တစ်ခါတစ်ရံ လယ်ကွင်းဓမ္မအမှုတွင် အလွန်လိမ္မာပါးနပ်သော ညီအစ်ကိုညီအစ်မများသည် ညီအစ်ကိုအချင်းချင်းဆက်ဆံရာတွင် လိမ္မာပါးနပ်မှု အသုံးပြုရန် မေ့လျော့တတ်ကြသည်။ ယေဟောဝါအဖွဲ့အစည်းတွင် မေတ္တာစိတ်နှင့် စည်းလုံးမှုတည်ဆောက်ပေးရန်အတွက် အပြောအဆို အပြုအမူနူးညံ့ဖို့ အရေးကြီးသည်။ ပေါလုဤသို့ဆိုသည်– “ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။”​—ဂလ. ၆:၁၀။

၁၀ ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါ၏အဖွဲ့အစည်းတွင်ရှိနေကြသောကြောင့် ညီအစ်ကိုများ၏ ဝိညာဉ်ရေးကို အထူးစိတ်ဝင်စားကြသည်။ (ဖိ. ၂:၂၊ ၄) သို့ရာတွင် ညီအစ်ကိုများကို စိတ်ဝင်စားရမည်ဖြစ်သော်လည်း ညီအစ်ကိုများကို စနောင့်စနင်းဖြစ်စေမည့် မမေးသင့်သောမေးခွန်းများမေးပြီး သူတို့၏ကိုယ်ရေးကိုယ်တာထဲ ဝင်မစွက်သင့်ကြောင်း လိမ္မာပါးနပ်သူသည် သဘောပေါက်သည်။ လိမ္မာပါးနပ်မှုက “သူတစ်ပါးအမှု၌ ရောနှော” သူမဖြစ်ရန် ရှောင်ကြဉ်ဖို့ အထောက်အကူပြုမည်။​—၁ ပေ. ၄:၁၅။

၁၁။ အသင်းတော်ရှိ အကြီးအကဲများသည် လိမ္မာပါးနပ်မှုရှိဖို့လိုကြောင်း ကျမ်းစာက မည်သို့ညွှန်ပြသနည်း။

၁၁ အသင်းတော်တွင် ပြဿနာများကိုင်တွယ်သော အကြီးအကဲများ၌ လိမ္မာပါးနပ်မှုရှိရန် အလွန်အရေးကြီးသည်။ ခရစ်ယာန်အသင်းတော်တွင် လမ်းမှားနေသူများနှင့် ဆက်ဆံပုံအကြောင်း တိမောသေအား တမန်တော်ပေါလု ညွှန်ကြားပေးရာတွင် နူးညံ့သိမ်မွေ့ ပြီး ကြင်နာမှုရှိရန်လိုကြောင်း အလေးအနက်ပြောဆိုသည်– “သခင်ဘုရား၏ကျွန်သည် . . . ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြုသောသူ၊ ဆုံးမသြဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူဖြစ်ရမည်။ ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာဆုံးမရမည်။ . . . မာရ်နတ်၏အလိုအတိုင်းဖမ်းမိသောသူတို့သည် သတိရ၍ ထိုဖမ်းမိရာမှ လွတ်ခြင်းသို့ရောက်ကောင်းရောက်ကြလိမ့်မည်။” (၂ တိ. ၂:၂၄-၂၆) ထိုနည်းတူ သတိလစ်သူတစ်ဦးကို ချဉ်းကပ်ရာတွင် “သိမ်မွေ့နူးညံ့သောသဘော” ကိုအသုံးပြုရန် တမန်တော်က အကြံပေးသည်။ (ဂလ. ၆:၁) ဤကဲ့သို့သောသူများကို ဆုံးမရာတွင် အကြီးအကဲများသည် လိမ္မာပါးနပ်ဖို့လိုသည်။ တစ်ချိန်တည်းတွင် ဖြောင့်မတ်ခြင်းတရားဘက် ခိုင်မာရမည်။

၁၂၊ ၁၃။ အိမ်တွင်းတွင် လိမ္မာပါးနပ်မှုရှိရန် အဘယ်ကြောင့်အရေးကြီးသနည်း။

၁၂ အိမ်ထောင်အသိုင်းအဝိုင်းတွင်လည်း လိမ္မာပါးနပ်မှုလိုသည်။ သူတို့နှင့် ရင်းနှီးလွန်းသဖြင့် မညှာမတာ၊ ဒိုးဒိုးဒေါက်ဒေါက် ပြောသင့်သည်မဟုတ်။ သူတို့သည်လည်း လိမ္မာပါးနပ်စွာ ဆက်ဆံခံထိုက်သည်။ တုံးတိတိ၊ ရွဲ့တဲ့တဲ့၊ သို့မဟုတ် ကြမ်းကြမ်းတမ်းတမ်းပြောဆိုခံရခြင်းကို ကြိုက်မည်မဟုတ်ပါ။ အခြားမိသားစုဝင်များသည် ယေဟောဝါ၏ကျေးကျွန်များမဟုတ်သောကြောင့် သူတို့နှင့်စကားပြောဆိုရာတွင် လိမ္မာပါးနပ်မှု ကင်းရမည်ဟု ဆိုလိုသလော။ လုံးဝမဟုတ်ပါ။ မယုံကြည်သူများနှင့် လိမ္မာပါးနပ်စွာ ဆက်ဆံခြင်းအားဖြင့် သူတို့သည် တစ်နေ့နေ့ စစ်မှန်သောဝတ်ပြုမှုကို လက်ခံကောင်းလက်ခံလာပေမည်။​—၁ ပေ. ၃:၁၊ ၂။

၁၃  အပြင်လူများနှင့်ဖြစ်စေ၊ ဝိညာဏညီအစ်ကိုညီအစ်မများနှင့်ဖြစ်စေ၊ မိမိအိမ်သူအိမ်သားများနှင့်ဖြစ်စေ သီအိုကရက်တစ် လိမ္မာပါးနပ်မှုကို အသုံးပြုပြီး ဆက်ဆံမည်ဆိုလျှင် အကျိုးများစွာဖြစ်ထွန်းမည်။ သုတ္တံ ၁၆:၂၄ တင်ပြသည့်အတိုင်း ကြားနာသူများအပေါ် နာပျော်ဖွယ်ဖြစ်သည်– “သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ဖြစ်၍ စိတ်ဝိညာဉ်၌ ချိုမြိန်လျက် ကိုယ်အရိုးကို ကျန်းမာစေလျက်ရှိကြ၏။” သို့ဖြစ်၍ တွေ့သူတိုင်းအား အကျိုးပေးလိုသော အားကြီးသည့်ဆန္ဒကြောင့် လိမ္မာပါးနပ်မှုကို အထူးကြိုးစားမွေးမြူကြပါစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ