ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၅၄
  • အသန်ဆုံးလူအကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသန်ဆုံးလူအကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါက ရှံဆုန်ကို ခွန်အားရှိစေ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယေဟောဝါကို ရှံဆုန် အားကိုးသလို အားကိုးပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ယေဟောဝါပေးသော ခွန်အားဖြင့် ရှံဆုန်အောင်ပွဲဆင်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၅၄
ခင်္သေ့ကို ဘာလက်နက်မှ မသုံးဘဲ သတ်လိုက်တဲ့ ရှံဆုန်

ပုံပြင် ၅၄

အသန်ဆုံးလူအကြောင်း

ကမ္ဘာပေါ်မှာ အသန်ဆုံးလူရဲ့ နာမည်ကိုသိကြလား။ ရှံဆုန်လို့နာမည်ရှိတဲ့ တရားသူကြီးတစ်ယောက်ပဲ။ ရှံဆုန်ခုလိုဗလခွန်အားရှိတာ ယေဟောဝါပေးလို့ပဲ။ ရှံဆုန်မမွေးခင်ကတည်းက ယေဟောဝါက သူ့မေမေကို ဒီလိုပြောထားတယ်။ ‘သင်ဟာ မကြာခင် သားတစ်ယောက်ရမယ်။ ဣသရေလလူတွေကို ဖိလိတ္တိလူတွေလက်ကနေ ကယ်တင်တဲ့နေရာမှာ သူ ခေါင်းဆောင်လိမ့်မယ်’ တဲ့။

ဖိလိတ္တိလူမျိုးကတော့ ခါနာန်ပြည်မှာနေတဲ့ ဆိုးသွမ်းတဲ့လူတွေပေါ့။ သူတို့မှာစစ်တိုက်တဲ့လူတွေ အများကြီးရှိတယ်။ ဣသရေလလူတွေကိုလည်း တကယ်ဒုက္ခပေးကြတယ်။ တစ်ရက်မှာရှံဆုန်ဟာ ဖိလိတ္တိလူတွေနေတဲ့နေရာကိုအသွား လမ်းပေါ်မှာ ခြင်္သေ့တစ်ကောင်ဟိန်းဟောက်ပြီး သူ့ဆီလာတယ်။ ဒါပေမဲ့ ရှံဆုန်က လက်နက်မပါဘဲ ခြင်္သေ့ကြီးကို သတ်ပစ်လိုက်တယ်။ ဆိုးသွမ်းတဲ့ဖိလိတ္တိလူတွေကိုလည်း ရာချီသတ်ပစ်ခဲ့တယ်။

နောက်ပိုင်းမှာ ရှံဆုန်ကဒေလိလဆိုတဲ့ မိန်းမတစ်ယောက်နဲ့ ချစ်ကြိုက်သွားတယ်။ ဖိလိတ္တိမင်းတွေက ဒေလိလဆီလာပြီး ရှံဆုန်ဘာကြောင့် ဒီလောက်အားရှိရတဲ့ အကြောင်းပြောပြရင် ငွေ ၁,၁၀၀ စီပေးမယ်ဆိုပြီး ဒေလိလကိုပြောတယ်။ ဒေလိလက ဒီငွေကိုမက်တယ်။ သူဟာရှံဆုန်နဲ့ ဘုရားသခင့်လူမျိုးရဲ့ မိတ်ဆွေစစ်မဟုတ်ဘူး။ ဒါကြောင့် ရှံဆုန်ဘာကြောင့်ဒီလောက်အားရှိရသလဲဆိုတာ ရှံဆုန်မပြောပြောအောင် ပူဆာတော့တယ်။

ရှံဆုန်နဲ့ ဒေလိလ

နောက်ဆုံးတော့ရှံဆုန်ဟာ သူ့ခွန်အားရဲ့လျှို့ဝှက်ချက်ကို ဒေလိလကိုပြောပြလိုက်တယ်။ ‘ငါ့ရဲ့ဆံပင်ကို တစ်ခါမှမရိတ်သေးဘူး။ ငါမွေးတဲ့အချိန်ကစပြီး ဘုရားသခင်က ငါ့ကိုနာဇရိလူလို့ခေါ်တဲ့ အထူးကျေးကျွန်အဖြစ် ငါ့ကိုရွေးကောက်ခဲ့တယ်။ ငါ့ဆံပင်ကိုဖြတ်လိုက်ရင် ငါ့ခွန်အားပျောက်ဆုံးသွားမယ်’ ဆိုပြီးပြောပြတယ်။

ဒေလိလ ဒီအကြောင်းသိတော့ ရှံဆုန်ကိုသူ့ရင်ခွင်မှာသိပ်လိုက်တယ်။ ပြီးတော့ လူတစ်ယောက်ကိုအထဲခေါ်ပြီး ရှံဆုန်ရဲ့ဆံပင်ကိုဖြတ်ခိုင်းတယ်။ ရှံဆုန်နိုးလာတဲ့အခါ သူ့ခွန်အားပျောက်ဆုံးသွားပြီလေ။ ဒါနဲ့ဖိလိတ္တိလူတွေဝင်လာပြီး သူ့ကိုဖမ်းလိုက်တယ်။ ပြီးတော့သူ့မျက်စိကို ထိုးဖောက်လိုက်တယ်။ သူတို့ရဲ့ ကျွန်ဖြစ်အောင်လုပ်လိုက်တယ်။

တိုင်လုံးတွေကို ရှံဆုန်လှဲချလိုက်လို့ ဖိလိတ္တိလူတွေအပေါ် အဆောက်အအုံပြိုကျ

တစ်နေ့မှာ ဖိလိတ္တိလူတွေသူတို့ရဲ့ဘုရား ဒါဂုံအတွက် ပွဲအကြီးအကျယ်လုပ်ကြတယ်။ ဒါနဲ့ရှံဆုန်ကို ထောင်ထဲကထုတ်ပြီး ကစားစရာလုပ်ကြတယ်။ အဲဒီအချိန်မှာ ရှံဆုန်ရဲ့ဆံပင် ပြန်ရှည်လာပြီလေ။ ရှံဆုန်ကသူ့ကို လက်ဆွဲခေါ်သွားတဲ့ ကလေးလေးကိုပြောတယ်။ ‘အဆောက်အအုံကြီးကို ထောက်ထားတဲ့တိုင်မကြီးတွေဆီကို ငါ့ကိုခေါ်သွားစမ်းပါ’ ဆိုပြီးပေါ့။ ပြီးတော့ရှံဆုန်က ယေဟောဝါဆီမှာခွန်အားတောင်းပြီး တိုင်တွေကိုကိုင်လိုက်တယ်။ ပြီးတော့ ‘ဖိလိတ္တိလူတွေနဲ့အတူ ကျွန်တော်သေပါရစေ’ ဆိုပြီးအော်ပြောတယ်။ ပွဲထဲမှာဖိလိတ္တိလူ ၃,၀၀၀ ရှိတယ်။ ရှံဆုန်ကိုယ်ကိုညွှတ်ပြီး တိုင်တွေကိုဖြိုလိုက်တဲ့အခါ အဆောက်အအုံကြီးပြိုကျလာပြီး အဲဒီမှာရှိတဲ့ လူဆိုးအားလုံးသေကုန်ကြတယ်။

တရားသူကြီး အခန်းကြီး ၁၃ မှ ၁၆။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ