ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၇၂
  • ဘုရင်ဟေဇကိကို ဘုရားသခင်မစခဲ့တဲ့အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရင်ဟေဇကိကို ဘုရားသခင်မစခဲ့တဲ့အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရင်တစ်ပါး၏ ယုံကြည်ခြင်း ဆုချခံရ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ဘုရားသခင်က လူတွေကို လွတ်လပ်စွာရွေးချယ်ခွင့်ပေးပြီး ဂုဏ်တင်ထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • သိုးထိန်းခုနစ်ယောက်နဲ့ မင်းညီမင်းသားရှစ်ယောက်က ယနေ့ ကျွန်ုပ်တို့အတွက် ဘာအဓိပ္ပာယ်ရှိသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ယေဟောဝါဘုရားသခင်ကို သူ ဆက်ပြီး မှီခိုအားကိုးနေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၇၂
အာရှုရိဘုရင်ဆီက စာတွေကို ယေဟောဝါရဲ့ ယဇ်ပလ္လင်ရှေ့မှာ ချထားပြီး ဆုတောင်းနေတဲ့ ဘုရင် ဟေဇကိ

ပုံပြင် ၇၂

ဘုရင်ဟေဇကိကို ဘုရားသခင်မစခဲ့တဲ့အကြောင်း

ဒီလူ ဘာဖြစ်လို့ယေဟောဝါဆီမှာ ဆုတောင်းနေသလဲသိလား။ ယေဟောဝါရဲ့ယဇ်ပလ္လင်ရှေ့မှာ ဒီစာတွေကို ဘာအတွက်ဖြန့်ထားသလဲ။ ဒီလူရဲ့နာမည်ကတော့ ဟေဇကိတဲ့။ သူဟာ တောင်ပိုင်းဣသရေလနှစ်နွယ်နိုင်ငံရဲ့ ရှင်ဘုရင်ဖြစ်တယ်။ သူဒုက္ခအကြီးအကျယ်တွေ့နေပြီ။ ဘာကြောင့်လဲ။

ဘာကြောင့်လဲဆိုတော့ အာရှုရိတပ်တွေဟာ မြောက်ပိုင်း ၁၀ နွယ်နိုင်ငံကိုဖျက်ဆီးလိုက်ပြီ။ ဒီလူတွေသိပ်ဆိုးလွန်းလို့ ယေဟောဝါကအဲဒီလိုဖြစ်ဖို့ အခွင့်ပေးလိုက်တယ်။ ခုဆိုလို့ရှိရင် အာရှုရိတပ်တွေ နှစ်နွယ်နိုင်ငံကိုတိုက်ဖို့လာနေပြီ။

အာရှုရိရှင်ဘုရင်က ဘုရင်ဟေဇကိကိုခုလေးတင် စာတွေရေးပို့လိုက်တယ်။ ဘုရားသခင်ရှေ့တော်မှာ ဟေဇကိဖြန့်ထားတဲ့စာတွေပဲပေါ့။ စာထဲမှာ ယေဟောဝါကိုသရော်ထားတယ်။ ပြီးတော့ ဟေဇကိကိုလည်း လက်နက်ချအရှုံးပေးခိုင်းထားတယ်။ အဲဒါကြောင့် ဟေဇကိက ‘အိုယေဟောဝါ အာရှုရိရှင်ဘုရင်လက်ထဲက ကျွန်တော်မျိုးတို့ကိုကယ်တင်တော်မူပါ။ ဒီလိုလုပ်မယ်ဆိုရင် လူမျိုးအားလုံးက ကိုယ်တော်တစ်ပါးတည်းသာ ဘုရားသခင်ဖြစ်တယ်ဆိုတာသိရကြပါလိမ့်မယ်’ ဆိုပြီးဆုတောင်းတယ်။ ဟေဇကိဆုတောင်းတာကို ယေဟောဝါနားထောင်မလား။

ဟေဇကိဟာ မင်းကောင်းတစ်ပါးပဲ။ ၁၀ နွယ်ဣသရေလနိုင်ငံက မင်းဆိုးတွေနဲ့မတူဘူး။ သူ့ခမည်းတော်မင်းဆိုးကြီး အာခတ်လိုလည်းမဟုတ်ဘူး။ ဟေဇကိဟာ ယေဟောဝါပညတ်တော်ကို ဂရုတစိုက်စောင့်ထိန်းခဲ့တယ်။ ဒါကြောင့် ဟေဇကိဆုတောင်းလို့လည်းပြီးရော ပရောဖက်ဟေရှာယက ယေဟောဝါဆီကလာတဲ့သတင်းကို သူ့ဆီပို့လိုက်တယ်။ သတင်းကတော့ ‘အာရှုရိရှင်ဘုရင်သည် ယေရုရှလင်မြို့သို့လာမည်မဟုတ်။ မြို့အနားသို့ပင် သူ့စစ်သားတစ်ဦးမျှချဉ်းကပ်လာမည်မဟုတ်။ မြို့ဘက်သို့ မြားတစ်စင်းမျှ ပစ်မည်မဟုတ်’ လို့ဆိုတယ်။

အာရှုရိစစ်တပ်တဲမှာ သေနေကြတဲ့ စစ်သားတွေ

ဒီစာမျက်နှာမှာပါတဲ့ ပုံကိုကြည့်လိုက်စမ်း။ သေနေတဲ့ဒီစစ်သားတွေ ဘယ်ကလဲသိလား။ အာရှုရိစစ်သားတွေပဲပေါ့။ ယေဟောဝါက သူ့ကောင်းကင်တမန်ကိုလွှတ်လိုက်တော့ ကောင်းကင်တမန်က တစ်ညထဲမှာ အာရှုရိစစ်သားပေါင်း ၁၈၅,၀၀၀ ကိုသတ်လိုက်တယ်။ ဒါကြောင့် အာရှုရိရှင်ဘုရင်ဟာအရှုံးပေးပြီး တပ်ခေါက်ခဲ့ရတယ်ပေါ့။

ဒါနဲ့နှစ်နွယ်နိုင်ငံ ချမ်းသာရသွားတယ်။ တိုင်းသူပြည်သားတွေလည်း ခဏတစ်ဖြုတ် အေးအေးချမ်းချမ်းနေရကြပြန်တယ်။ ဒါပေမဲ့ ဟေဇကိသေပြီးတဲ့နောက် သူ့သားမနာရှေ နန်းတက်တယ်။ မနာရှေကော၊ သူ့နောက်နန်းတက်တဲ့အာမုန်ကော မင်းဆိုးတွေဖြစ်ကြတယ်။ ဒါကြောင့် တိုင်းပြည်ဟာ ရာဇဝတ်မှု၊ အဓမ္မမှုတွေနဲ့ ပြန်ပြည့်နှက်လာတယ်။ အာမုန်ကို  သူ့ကျွန်တွေကိုယ်တိုင် လုပ်ကြံလိုက်တဲ့နောက် သူ့သားတော်ယောရှိက နှစ်နွယ်နိုင်ငံရဲ့ရှင်ဘုရင်ဖြစ်လာတယ်။

၄ ဓမ္မရာဇဝင် ၁၈:၁-၃၆; ၁၉:၁-၃၇; ၂၁:၁-၂၅။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ