ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၉၉
  • အထက်ခန်းမှာ ရှိနေကြတဲ့အခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အထက်ခန်းမှာ ရှိနေကြတဲ့အခါ
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • သခင့်ညစာစားပွဲ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • သင့်ကိုအကျိုးပြုသော ပွဲတော်တစ်ခု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ယေရှုရဲ့ နောက်ဆုံးညစာစားပွဲ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယေဟောဝါနဲ့ သားတော်ကို သတိရအောက်မေ့ခြင်း
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၉၉
သစ္စာရှိတမန်တော်တွေနဲ့အတူ ယေရှု နောက်ဆုံးညစာစားပွဲ ကျင်းပနေ

ပုံပြင် ၉၉

အထက်ခန်းမှာ ရှိနေကြတဲ့အခါ

ခုအချိန်ဟာ နောက်နှစ်ရက်အကြာ ကြာသပတေးနေ့ပေါ့။ ယေရှုနဲ့သူ့တမန်တော် ၁၂ ပါး ပသခါပွဲကိုစားဖို့ ဒီအထက်ခန်းမဆောင်ကြီးမှာ ရောက်နေကြတယ်။ မင်းတို့တွေ့တဲ့အတိုင်း အပြင်ကိုထွက်သွားနေတဲ့လူဟာ ယုဒရှကာရုတ်ပဲ။ ယေရှုကိုဘယ်နည်းဘယ်ပုံနဲ့ ဖမ်းနိုင်မလဲဆိုတာကို ယဇ်ပုရောဟိတ်တွေကိုပြောဖို့ သွားနေတာလေ။

အဲဒီမတိုင်ခင် တစ်ရက်အလိုမှာ ယုဒကသူတို့ဆီကိုသွားပြီး ‘ယေရှုကိုဖမ်းကူပေးရင် ခင်ဗျားတို့ကျုပ်ကိုဘာပေးကြမလဲ’ ဆိုပြီးမေးခဲ့တယ်။ ‘ငွေသုံးဆယ်’ ဆိုပြီးပြောကြတယ်။ ဒါကြောင့်အခုဆိုလို့ရှိရင် ယုဒကအဲဒီလူတွေဆီကိုသွားပြီး သူတို့ကိုယေရှုဆီခေါ်လာကြမပေါ့။ အင်မတန်မိုက်ကန်းတဲ့ အလုပ်မဟုတ်ဘူးလား။

ပသခါစားသောက်ပွဲတော့ ပြီးသွားပြီ။ ဒါပေမဲ့ ယေရှုက အထူးစားသောက်ပွဲတစ်ခု စပြီးကျင်းပပြန်တယ်။ သူ့တမန်တော်တွေကိုမုန့်တစ်လုံးကမ်းပေးပြီး ‘ဒါကိုစားကြ၊ ဒါဟာမင်းတို့အတွက်စွန့်မယ့် ငါ့ကိုယ်ခန္ဓာကိုပုံခိုင်းတယ်’ ဆိုပြီးပြောတယ်။ ပြီးတော့တစ်ခါ၊ စပျစ်ရည်တစ်ခွက်ကိုကမ်းပေးပြီး ‘ဒါကိုသောက်ကြ၊ ဒါဟာမင်းတို့အတွက်သွန်းမယ့် ငါ့ရဲ့အသွေးကိုပုံခိုင်းတယ်’ လို့ပြောပြတယ်။ ကျမ်းစာကအဲဒီပွဲကို ‘သခင့်ညစာစားပွဲ’ လို့ခေါ်တယ်။

ဣသရေလလူတွေ ပသခါပွဲကိုစားကြတာဟာ အီဂျစ်ပြည်မှာတုန်းက သူတို့အိမ်တွေအပေါ်ကနေပြီး ဘုရားသခင်ရဲ့ကောင်းကင်တမန် ဖြတ်သန်းကျော်လွှားပြီး အီဂျစ်လူတို့ရဲ့အိမ်ထဲက သားဦးတွေကိုသတ်ပစ်ခဲ့တဲ့အဖြစ်အပျက်ကို သတိရဖို့ဖြစ်တယ်။ ယေရှုကျတော့ သူ့နောက်လိုက်တွေ သူ့ကိုသတိရစေချင်တယ်။ သူတို့အတွက် ဘယ်လိုအသက်စွန့်ခဲ့တာကို သတိရနေစေချင်တယ်။ ဒါကြောင့်လည်း နှစ်တိုင်း ဒီအထူးညစာစားပွဲကိုကျင်းပဖို့ သူတို့ကိုမှာခဲ့တယ်။

သခင့်ညစာစားပွဲပြီးတဲ့နောက် ယေရှုက ရဲရင့်ပါ၊ ယုံကြည်ခြင်းခိုင်မြဲပါဆိုပြီး တမန်တော်တွေကိုအားပေးခဲ့တယ်။ နောက်ဆုံးတော့ ဘုရားသခင်ကိုချီးမွမ်းသီချင်းဆိုပြီး ထွက်သွားကြတယ်။ တော်တော်ညဉ့်နက်နေပြီပေါ့။ သန်းခေါင်တောင်ကျော်ချင်ကျော်မယ်။ ဘယ်ကိုသူတို့သွားကြသလဲ ကြည့်ရအောင်။

မဿဲ ၂၆:၁၄-၃၀; လုကာ ၂၂:၁-၃၉; ယောဟန် အခန်းကြီး ၁၃ မှ ၁၇; ၁ ကောရိန္သု ၁၁:⁠၂၀။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ