ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၉၀
  • ထမြောက်ခြင်းမျှော်လင့်ချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထမြောက်ခြင်းမျှော်လင့်ချက်
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထမြောက်ခြင်းမျှော်လင့်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ရှင်ပြန်ထမြောက်အောင်လုပ်ပေးတဲ့သူ၊ အသက်ရစေတဲ့သူ”
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • “ကျွန်မ ယုံပါတယ်”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • “ကျွန်မ ယုံပါသည်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၉၀

အခန်း ၉၀

ထမြောက်ခြင်းမျှော်လင့်ချက်

ယေရှုသည် နောက်ဆုံးတွင် ယေရုရှလင်မှနှစ်မိုင်ခန့်ဝေးသော ဗေသနိရွာဆင်ခြေဖုံးသို့ရောက်လာသည်။ လာဇရုကိုသင်္ဂြိုဟ်ပြီးသည်မှာ ရက်အနည်းငယ်သာရှိသေးသည်။ သူ၏အစ်မမာရိနှင့်မာသတို့သည် ပူဆွေးနေဆဲဖြစ်၍ လူအများသည်သူတို့ကိုနှစ်သိမ့်ရန်အိမ်သို့လာကြ၏။

သူတို့ပူဆွေးနေစဉ် လူတစ်ယောက်ကမာသအား ယေရှုလာနေကြောင်းသတင်းပို့သည်။ သို့နှင့်သူမသည် မိမိ၏ညီမအားပြောပုံမရဘဲ ကိုယ်တော်ကိုအမြန်သွားတွေ့သည်။ ယေရှုထံရောက်သောအခါ လွန်ခဲ့သောလေးရက်ခန့်က ညီအစ်မနှစ်ဦးမကြာခဏပြောခဲ့မည့် “သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင်မသေပါ” ဟူသောစကားကိုမာသပြောလေသည်။

သို့သော်မာသကယေရှုသည် မိမိ၏မောင်အတွက် တစ်ခုခုလုပ်ပေးရန်အရိပ်အမြွက်ပြောကာ မျှော်လင့်ချက်တင်ပြလေသည်။ “ကိုယ်တော်သည် ဘုရားသခင်ကိုဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟုလျှောက်၏။”

“သင်၏မောင်သည် ထမြောက်လိမ့်မည်” ဟုယေရှုကတိပေးသည်။

ယေရှုသည် အာဗြဟံနှင့်ဘုရားသခင့်အခြားကျေးကျွန်များ လှမ်းမျှော်ခဲ့သည့် အနာဂတ်မြေကြီးထမြောက်ခြင်းကို ပြောနေသည်ဟု မာသယူဆသည်။ သို့နှင့်သူမက “နောက်ဆုံးသောနေ့ ထမြောက်ရာကာလ၌ သူသည်ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်” ဟုဖြေလေသည်။

သို့သော်ချက်ချင်းစိတ်သက်သာစေမည့်မျှော်လင့်ချက်ကိုယေရှုပေး၍ “ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏” ဟုပြန်ပြောသည်။ သေခြင်းကိုအောင်နိုင်ရန် မိမိအားဘုရားတန်ခိုးပေးထားကြောင်း ကိုယ်တော်ကမာသအားပြောလေသည်။ “ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်းရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည် သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။”

ယေရှုက ထိုအချိန်တွင်အသက်ရှင်သောသစ္စာရှိသူများသည် ဘယ်တော့မျှသေရတော့မည်မဟုတ်ဟု မာသအားပြောနေခြင်းမဟုတ်ချေ။ ကိုယ်တော်ဆိုလိုသည်မှာ မိမိအားယုံကြည်သူသည် ထာဝရအသက်ရမည်ဖြစ်သည်။ နောက်ဆုံးကာလတွင် ထမြောက်ခံရခြင်းဖြင့် လူအများသည် ထိုသို့သောအသက်ကိုခံစားရမည်။ သို့သော်အခြားသစ္စာရှိသူများသည် မြေကြီးအစီအစဉ်စနစ်များ ကုန်ဆုံးရာတွင် လွတ်မြောက်သွားပြီး သူတို့အတွက် ယေရှု၏စကားသည် စာသားအတိုင်းပြည့်စုံပေမည်။ ဤသူတို့သည် သေရတော့မည်မဟုတ်။ ဤမှတ်သားဖွယ်စကားပြောပြီးနောက် ယေရှုကမာသအား “ငါ့စကားကိုယုံသလော” ဟုမေးသည်။

“ဟုတ်ပါ၏သခင်” ဟုသူမဖြေသည်။ “ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဤလောကသို့ကြွလာတော်မူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို ကျွန်မယုံပါသည်။”

သို့နှင့်မာသသည် သူမ၏ညီမအားဆင့်ခေါ်ရန်အမြန်ပြန်လာပြီး သူမအား ‘ဆရာရောက်လာပြီ၊ သင့်ကိုခေါ်သည်’ ဟုတိုးတိုးပြောပြလေသည်။ ချက်ချင်းပင် မာရိသည်အိမ်မှထွက်လာသည်။ သူမထွက်သွားသည်ကို အခြားသူများမြင်လျှင် သင်္ချိုင်းသို့သွားမည်ဟုထင်၍ နောက်မှလိုက်ကြ၏။

ယေရှုထံရောက်လျှင် မာရိသည်ခြေတော်ရင်း၌ပျပ်ဝပ်လျက်ငိုနေ၏။ “သခင်၊ ကိုယ်တော်ရှိလျှင် ကျွန်မ၏မောင်မသေပါ” ဟုသူမလျှောက်၏။ မာရိနှင့်သူ့နောက်လိုက်လာသူများ ငိုကြွေးနေသည်ကိုမြင်လျှင် ယေရှုအလွန်စိတ်ထိခိုက်လျက် “အလောင်းကိုဘယ်မှာထားကြသနည်း” ဟုမေးသည်။

“သခင်ကြွ၍ကြည့်တော်မူပါ” ဟုသူတို့ဖြေကြသည်။

ယေရှုလည်းမျက်ရည်ကျသဖြင့် ဂျူးများက “သူ့ကိုအလွန်ချစ်တော်မူပါသည်တကား” ဟုဆိုကြသည်။

အချို့က လအနည်းငယ်မတိုင်မီတွင် သကေနေပွဲ၌ ယေရှုသည်မွေးရာပါမျက်စိကန်းသူတစ်ဦးအား ပြန်မြင်စေခဲ့သည်ကိုအမှတ်ရကြပြီး “မျက်စိကန်းသူကိုမြင်စေသောဤသူသည် လာဇရုကို မသေစေခြင်းငှာမတတ်နိုင်သလော” ဟုမေးကြသည်။ ယောဟန် ၅:၂၁၊ ၆:၄၀၊ ၉:၁-၇၊ ၁၁:၁၇-၃၇။

▪ နောက်ဆုံးတွင်ယေရှုသည် ဗေသနိရွာအနားသို့ ဘယ်သောအခါရောက်သွား၍ ထိုတွင်အခြေအနေကားမည်သို့နည်း။

▪ မာသသည်ထမြောက်ခြင်းကိုယုံရန် မည်သည့်အခြေခံရှိသနည်း။

▪ လာဇရုသေခြင်းသည် ယေရှုကိုမည်သို့ထိခိုက်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ