နောက်ကျောမျက်နှာဖုံး
မိသားစုသည် ရှေးအကျဆုံး လူ့အဖွဲ့အစည်းဖြစ်ကြောင်းသိထားကြသော်လည်း ယင်းသည် ဘေးသင့်နေပြီ။ ဆယ်ကျော်သက်များ မူးယစ်ဆေးအလွဲသုံးမှုနှင့် အကျင့်ယိုယွင်းမှုတို့တွင် ထိတ်လန့်စရာကောင်းလောက်အောင် ပျံ့နှံ့နေခြင်း၊ လင်မယားကွာရှင်းမှုနှင့် မိသားစုတွင်းအကြမ်းဖက်မှုတို့ဖြင့်ကပ်သင့်နေခြင်း၊ မိဘတစ်ဦးတည်းရှိသောမိသားစုအရေအတွက် အဆမတန်များပြားလာခြင်းနှင့် အခြားကြီးမားသည့်ပြဿနာများကြောင့်မိသားစုဘဝဟူသည် ဆက်၍တည်တံ့နိုင်ပါဦးမည်လောဟု အချို့သူများသိလိုကြသည်။
မိသားစုဝင်များအတွက် ခိုင်မြဲပြီးဆုံးမပဲ့ပြင်ပေးတတ်သောအသိုင်းအဝန်းရှိသည့် မိသားစုဟူသည် ရှိနိုင်ပါဦးမည်လော။ ရှိနိုင်ပါသည်၊ မိသားစုဝင်များသည် မိသားစုပျော်ရွှင်မှု၏တကယ့်လျှို့ဝှက်ချက်ကို သိမည်ဆိုလျှင်ဖြစ်သည်။ ဤလျှို့ဝှက်ချက်ကို ကွယ်ဝှက်မထားပေ။ ယင်းကို နှစ်ရာစုပေါင်းများစွာကြိုးစားစမ်းသပ်စိစစ်ထားသည်။ ယင်းကားအဘယ်နည်း။ မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်စာအုပ်ဖြစ်သည်။ ယင်းက အကျပ်ရိုက်နေသော မိသားစုအခြေအနေကို ဤ “လျှို့ဝှက်ချက်” ကမည်သို့ ကူညီပေးနိုင်ပုံအကြောင်း လက်တွေ့နမူနာများပေးကာ ဖော်ပြထားသည်။ ဤကဲ့သို့သောအကြောင်းအရာမျိုးမလိုအပ်သူ တစ်စုံတစ်ယောက် ယနေ့ရှိပါသလော။