ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • la အပိုင်း ၁ စာ. ၃-၄
  • ကျေနပ်ပျော်ရွှင်ဖွယ် အသက်တာ—စိတ်ကူးအိပ်မက်ပဲလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျေနပ်ပျော်ရွှင်ဖွယ် အသက်တာ—စိတ်ကူးအိပ်မက်ပဲလား
  • ကျေနပ်ပျော်ရွှင်ဖွယ် အသက်တာ ပိုင်ဆိုင်နိုင်ပုံ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကျိုးပြုသောဖိစီးမှု အကျိုးယုတ်စေသောဖိစီးမှု
    နိုးလော့!—၁၉၉၉
  • ကျောင်းမှာဖိစီးမှုကြုံရင် ဘယ်လိုဖြေရှင်းရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • ဖိစီးမှုကို မည်သို့ ထိန်းချုပ်နိုင်ပုံ
    နိုးလော့!—၂၀၁၀
  • ဖိစီးမှု—ကျန်းမာရေးအတွက် အလွန်အန္တရာယ်ရှိ
    နိုးလော့!—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကျေနပ်ပျော်ရွှင်ဖွယ် အသက်တာ ပိုင်ဆိုင်နိုင်ပုံ
la အပိုင်း ၁ စာ. ၃-၄

အပိုင်း ၁

ကျေနပ်ပျော်ရွှင်ဖွယ် အသက်တာ စိတ်ကူးအိပ်မက်ပဲလား

တိုးတက်တဲ့နိုင်ငံက အိမ်တစ်လုံးမှာ ဇိမ်ခံပစ္စည်း အပြည့်အစုံ ရှိတယ်။ ချမ်းချမ်းသာသာနဲ့ ဇိမ်ရှိရှိနေနိုင်ကြပုံပဲ။ ဒါပေမဲ့ အိမ်ထဲ ဝင်သွားတဲ့အခါ ဘာတွေ့ရမယ် ထင်သလဲ။ စိတ်မချမ်းမြေ့ဖွယ် အခြေအနေတွေပါပဲ။ ဆယ်ကျော်သက် သားသမီးတွေက မိဘကို “အင်း၊” “ဟင့်အင်း” လောက်ပဲ ပြန်ဖြေကြတယ်။ အိမ်ရှင်မကလည်း ခင်ပွန်းရဲ့ ဂရုစိုက်မှုကို လိုချင်နေတယ်။ ဖခင်ကလည်း ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နေချင်တယ်။ တခြားမှာနေတဲ့ သက်ကြီးရွယ်အို မိဘတွေကလည်း မိသားစုနဲ့ မတွေ့ရတာ လနဲ့ချီကြာနေလို့ သားမြေးတွေကို တွေ့ချင်နေကြတယ်။ အလားတူဖိစီးမှုတွေ ကြုံနေရတဲ့ မိသားစုတချို့ကတော့ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး ကျေနပ်ပျော်ရွှင်နေကြတယ်။ ဘာကြောင့်လဲ။

၂ ဖွံ့ဖြိုးဆဲနိုင်ငံက မိသားစုတစ်စုအကြောင်း သုံးသပ်ကြည့်ပါ။ မိသားစုဝင် ခုနစ်ဦးဟာ ယိုင်တိုင်တိုင်တဲကုပ်လေးမှာ နေထိုင်ကြတယ်။ ထမင်းနပ်မှန်အောင် မစားရဘူး။ ဒါက ကမ္ဘာ့ဆင်းရဲ မွဲတေမှုနဲ့ ဆာလောင်မှုပြဿနာကို လူသားတွေ မဖြေရှင်းပေးနိုင်ကြောင်း သက်သေထူတယ်။ ဒါပေမဲ့ ဆင်းရဲမွဲတေနေပေမဲ့ ပျော်ရွှင်နေတဲ့မိသားစုတွေ အများကြီး ရှိတယ်။ ဘာကြောင့်လဲ။

အမျိုးသမီးတစ်ယောက် ငွေအတွက် စိုးရိမ်နေစဉ်

၃ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေမှာတောင် ငွေကြေးပြဿနာတွေ ဖြစ်ပေါ်နိုင်တယ်။ ဂျပန်နိုင်ငံက မိသားစုတစ်စုဟာ အိမ်ဈေး “ထိုးတက်” နေတဲ့အချိန်မှာ ဈေးမတန်တဆနဲ့ အိမ်တစ်လုံး ဝယ်လိုက်ကြတယ်။ လစာတိုးမယ်လို့ မျှော်လင့်ပြီး အကြွေးနဲ့ ဝယ်ခဲ့ကြတယ်။ အိမ်ဈေး “ထိုးကျ” သွားတော့ အကြွေးမဆပ်နိုင်တော့လို့ အိမ်ကို ရတဲ့ဈေးနဲ့ မတန်တဆ လျှော့ရောင်းလိုက်ရတယ်။ အဲဒီအိမ်မှာ မနေတော့ပေမဲ့ အကြွေး ဆပ်နေရတုန်းပဲ။ ဒီ့ပြင် အကြွေးဝယ်ကတ်ကို မဆင်မခြင် သုံးထားလို့ အကြွေးမနည်းဆပ်နေရတယ်။ ဖခင်ဖြစ်သူက မြင်းပွဲ လောင်းတဲ့အတွက် မိသားစုခမျာ အကြွေးလည်ပင်း နစ်လာတယ်။ တခြားမိသားစုတွေကတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကြလို့ ပျော်ရွှင်နေကြတယ်။ ဘယ်လို ပြုပြင်ပြောင်းလဲခဲ့ကြသလဲဆိုတာ သိချင်ပါသလား။

၄ ဘယ်နေရာမှာပဲ နေထိုင်ပါစေ လူမှုဆက်ဆံရေးကြောင့် စိတ်ဖိစီးမှု မပြတ်ကြုံရကာ ကျေနပ်ပျော်ရွှင်မှု နည်းလာနိုင်တယ်။ အလုပ်မှာ ကိုယ့်အကြောင်း အတင်းပြောနိုင်တယ်။ ကိုယ့်အောင်မြင်မှုတွေကို တခြားသူတွေ မနာလိုဖြစ်ပြီး မဟုတ်မမှန် ဝေဖန်ပြောဆိုလာနိုင်တယ်။ နေ့စဉ် ထိတွေ့ဆက်ဆံနေရသူတစ်ဦးရဲ့ အပြုအမူကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေနိုင်တယ်။ ကျောင်းမှာ ကိုယ့်ကလေး အနိုင်ကျင့်ခံနေရနိုင်တယ်၊ နှောင့်ယှက်ခံနေရနိုင်တယ်၊ လျစ်လျူရှုခံနေရနိုင်တယ်။ သင်ဟာ ကြင်ဖော်မဲ့မိဘတစ်ဦးဆိုရင် တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့ အခက်တွေ့နိုင်တယ်။ ဒီပြဿနာတွေက ယနေ့ လူများစွာရဲ့ဘဝကို သောကဝန်ပိစေတယ်။

မောင်နှံတစ်စုံ ဖိစီးမှု ကြုံနေရစဉ်၊ အမျိုးသား တစ်ယောက်တည်း အရက်သောက်နေစဉ်၊ မိသားစုတစ်စု အလွန်ဆင်းရဲစွာ နေထိုင်ရစဉ်

၅ စိတ်ဖိစီးမှု ဆိုးကျိုးတွေဟာ နှစ်များတစ်လျှောက် မြုံနေပြီးမှ ထပေါက်ကွဲတတ်တယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို အသံတိတ် လူသတ်သမားလို့ ခေါ်ကြတယ်။ ကြာရှည်စိတ်ဖိစီးမှုကို တဖြည်းဖြည်း သေစေတဲ့အဆိပ်လို့ ခေါ်ကြတယ်။ “စိတ်ဖိစီးမှုနဲ့ ဖိစီးမှုကြောင့်ဖြစ်တဲ့ ဖျားနာမှုက ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားတွေကို ထိခိုက်နေတယ်” ဆိုပြီး မင်နီဆိုတာ တက္ကသိုလ်က ပါမောက္ခ ရောဘတ် ဗယ်နင်ဂါ ပြောတယ်။ ဖိစီးမှုနဲ့ဆက်နွှယ်နေတဲ့ ရောဂါတွေကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ခန့် ကုန်ကျနေတယ်။ စိတ်ဖိစီးမှုကို အမေရိကန်ရဲ့ နောက်ဆုံးပေါ် ထုတ်ကုန်လို့တောင် ခေါ်ကြတယ်။ ကမ္ဘာ့အဓိက ဘာသာစကားများစွာမှာ “ဖိစီးမှု” ဆိုတဲ့ အသုံးအနှုန်းကို ကြားလာရတယ်။ စိတ်ဖိစီးမှုကြောင့် စီစဉ်ထားတဲ့အတိုင်း မလုပ်ဆောင်နိုင်ရင် အပြစ်ရှိတယ်လို့ ခံစားရနိုင်တယ်။ မကြာသေးမီ လေ့လာမှုတစ်ခုအရ လူတစ်ဦးဟာ အပြစ်ရှိတယ်ဆိုပြီး တစ်နေ့ကို နှစ်နာရီလောက် ခံစားနေရတယ်။ တချို့ကတော့ ဖိစီးမှုတွေကို ရင်ဆိုင်ကျော်လွှားပြီး ဘဝအောင်မြင်မှု ရရှိနေကြတယ်။

၆ နေ့စဉ် ပြဿနာတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ကျေနပ်ပျော်ရွှင်တဲ့ အသက်တာ ရရှိနိုင်မလဲ။ ပညာရှင်တွေ ထုတ်ဝေထားတဲ့ လမ်းညွှန်စာအုပ်တွေ၊ လက်စွဲစာအုပ်တွေကို တချို့ အားထားကြတယ်။ အဲဒါတွေကို အားထားနိုင်ပါသလား။ ဒေါက်တာ ဘင်ဂျမင် စပေါ့က သားသမီး ပျိုးထောင်နည်း စာအုပ်ကို ၄၂ ဘာသာနဲ့ ပြန်ဆိုပြီး စောင်ရေ သန်း ၅၀ နီးပါး ဖြန့်ချိခဲ့တယ်။ အဲဒီစာအုပ်မှာ “ခိုင်မာပြတ်သားမှု မရှိခြင်းဟာ . . . ယနေ့ အမေရိကမှာ မိဘတိုင်း ကြုံနေရတဲ့ ပြဿနာ ဖြစ်တယ်” လို့ ဆိုထားတယ်။ မိမိအပါအဝင် ပညာရှင်တွေကို အဓိက အပြစ်တင်ရမယ်လို့လည်း ပြောတယ်။ “အားလုံး သိပြီးသားဆိုတဲ့ သဘောထားက မိဘတွေကို ဘယ်လောက် ထိခိုက်စေမှန်း အချိန်နှောင်းတဲ့အထိ မသိကြဘူး” လို့ ဝန်ခံတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးသင့်တယ်– ‘ဒီနေ့ရော အနာဂတ်မှာပါ ကျေနပ်ပျော်ရွှင်ဖွယ်ဘဝ ရရှိဖို့ ဘယ်သူ့အကြံဉာဏ်ကို စိတ်ချလက်ချ လိုက်နာနိုင်မလဲ။’

ဘယ်လို ထင်ပါသလဲ

  1. ၁-၃။ ဘယ်ပြဿနာတွေကို နေ့စဉ် ရင်ဆိုင်နေကြရသလဲ။

  2. ၄။ လူမှုဆက်ဆံရေးက ဘယ်လို ထိခိုက် သလဲ။

  3. ၅။ ဘယ်အကြောင်းရင်းတွေကြောင့် စိတ်ဖိစီးမှု ခံစားနေရသလဲ။

  4. ၆။ လူ့ဉာဏ်ပညာဟာ ကျေနပ်ပျော်ရွှင်ဖွယ် အသက်တာ ရဖို့ ဘယ်လောက် ထောက်ကူတယ်လို့ ထင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ