ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • kp စာ. ၂၂-၂၃
  • ‘သူတို့သည် သတိမဲ့နေကြ၏’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘သူတို့သည် သတိမဲ့နေကြ၏’
  • စောင့်နေကြလော့!
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်ကိုယ်တော်တိုင်ထံမှလာသော သတိပေးချက်များကို သင်မည်သို့ တုံ့ပြန်သနည်း
  • လောတရဲ့ဇနီးကို သတိရပါ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • လောတမိန်းမ နောက်သို့လှည့်ကြည့်မိတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • “စောင့်နေကြလော့” တရားစီရင်ချိန်ရောက်ပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • လူသား ပေါ်ထွန်းတော်မူသောအခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
စောင့်နေကြလော့!
kp စာ. ၂၂-၂၃

‘သူတို့သည် သတိမဲ့နေကြ၏’

သတိပေးချက်များကို ဂရုမပြုခြင်းသည် ဘေးဆိုးနှင့် ကြုံတွေ့နိုင်သည်။

၁၉၇၄ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ ဒါဝင်မြို့၌ အားလပ်ရက်ပျော်ပွဲရွှင်ပွဲများအတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြချိန်တွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မည်ဖြစ်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။ ဒါဝင်မြို့တွင် နှစ်ပေါင်း ၃၀ နီးပါးခန့်အတွင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုမရှိခဲ့ချေ။ ယခုကောမည်သို့နည်း။ ပြင်းထန်ကြမ်းတမ်းသောလေကြောင့် လူများပြွတ်သိပ်နေသောအိမ်များ၏ ခေါင်မိုးများ၊ အိမ်နံရံများ ပွင့်ထွက်ကွာကျ မသွားမီအထိ မြို့သူမြို့သားအများစုသည် အန္တရာယ်ကို စိုးရိမ်စရာအဖြစ် မယူမှတ်ခဲ့ကြပါ။ နောက်တစ်နေ့နံနက်ရောက်သော် ထိုမြို့သည် လုံးလုံးပျက်စီးသွားခဲ့သည်။

၁၉၈၅၊ နိုဝင်ဘာလတွင် ကိုလံဘီယာ၌ မီးတောင်တစ်ခု ပေါက်ကွဲခဲ့သည်။ ဆီးနှင်းများ၊ ရေခဲများအရည်ပျော်ပြီး ရွှံ့ရည်များအဖြစ်စီးဆင်းလာရာ အာမီရိုမြို့ရှိ မြို့သူမြို့သား ၂၀,၀၀၀ ကျော်ကို ဖုံးလွှမ်းနှစ်မြှုပ်ခဲ့သည်။ ကြိုတင်သတိပေးချက်မရှိခဲ့၍လော။ မီးတောင်သည် လနှင့်ချီ၍ လှုပ်ရှားနေခဲ့သည်။ သို့သော် မီးတောင်နားတွင် နေနေကျဖြစ်သောကြောင့် အာမီရိုမြို့သူမြို့သားအများစုသည် အလေးမထားခဲ့ကြပါ။ အစိုးရအရာရှိများသည် မကြာမီ မီးတောင်ပေါက်ကွဲတော့မည်ဖြစ်ကြောင်း သတိပေးချက်ရရှိခဲ့ကြသော်လည်း ပြည်သူလူထုကို အသိမပေးခဲ့ပါ။ ရေဒီယိုသတင်းများတွင် ပြည်သူလူထုအား ယုံကြည်စိတ်ချစေမည့် သတင်းများ ထုတ်ပြန်ကြေညာပေးခဲ့သည်။ ချာ့ချ်တွင်ရှိ အသံချဲ့စက်ကိုအသုံးပြုကာ ပြည်သူများ အေးအေးဆေးဆေးနေကြရန် တိုက်တွန်းခဲ့သည်။ ညနေပိုင်းတွင် ပေါက်ကွဲမှုကြီးနှစ်ခုဖြစ်ခဲ့သည်။ သင့်ပိုင်ဆိုင်ရာများကိုစွန့်ကာ ထွက်ပြေးခဲ့မည်လော။ လူအနည်းငယ်တို့သာ အချိန်မနှောင်းမီ ကြိုးပမ်းထွက်ပြေးခဲ့ကြသည်။

ဘူမိဗေဒပညာရှင်များသည် အများအားဖြင့် မြေငလျင်လှုပ်မည့်ဒေသများကို အတော်အတန်တိကျစွာ ကြိုတင်ခန့်မှန်းကြသည်။ သို့သော် ငလျင်လှုပ်မည့်အချိန်အတိအကျကို တစ်ခါတစ်ရံမျှသာ ကြိုတင်ခန့်မှန်းနိုင်ကြသည်။ ၁၉၉၉ ခုနှစ်တွင် ငလျင်လှုပ်မှုကြောင့် ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၂၀,၀၀၀ ကျော်သေဆုံးခဲ့သည်။ သေဆုံးသူများစွာမှာ မိမိတို့ ဘယ်တော့မျှ ထိုသို့ကြုံရမည်မဟုတ်ဟု ယူမှတ်ခဲ့ကြသည်။

ဘုရားသခင်ကိုယ်တော်တိုင်ထံမှလာသော သတိပေးချက်များကို သင်မည်သို့ တုံ့ပြန်သနည်း

နောက်ဆုံးသောကာလဖြစ်ကြောင်း မှတ်သားပြသည့် အဖြစ်အပျက်များကို သမ္မာကျမ်းစာတွင် နှစ်ပေါင်းများစွာကြို၍ ကွင်းကွင်းကွက်ကွက်ဖော်ပြခဲ့သည်။ ထိုဖော်ပြချက်နှင့်ပတ်သက်၍ “နောဧလက်ထက်” အဖြစ်အပျက်ကို သုံးသပ်ရန် တိုက်တွန်းထားသည်။ “ရေလွှမ်းမိုးခြင်းမဖြစ်မီကာလ၌” လူများတို့သည် ပျံ့နှံ့နေသော အကြမ်းဖက်မှုတို့ကို မည်သို့မျှ စိုးရိမ်ပူပန်မှုမရှိဘဲ ဘဝအသက်တာ၏ ပုံမှန်လုပ်ငန်းဆောင်တာများနှင့်သာ လုံးပန်းနေခဲ့ကြသည်။ ဘုရားသခင်သည် မိမိ၏ကျေးကျွန်နောဧမှတစ်ဆင့် သတိပေးခဲ့သော်လည်း သူတို့သည် “ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့်တိုင်အောင် သတိမဲ့နေကြသည်။” (မဿဲ ၂၄:၃၇-၃၉) သင်သည် သတိပေးချက်ကို လိုက်နာခဲ့မည်လော။ ယခုကော လိုက်နာနေသလော။

သင်သည် အာဗြဟံ၏တူ လောတခေတ်က ပင်လယ်သေအနီးရှိ သောဒုံမြို့တွင် နေထိုင်ခဲ့မည်ဆိုလျှင်ကော မည်သို့နည်း။ ဝန်းကျင်အခြေအနေသည် ပရဒိသုနှင့်တူသည်။ မြို့သည် ချမ်းသာကြွယ်ဝသောမြို့ဖြစ်သည်။ လူများသည် ပူပင်သောကကင်းခဲ့ကြသည်။ လောတခေတ်တွင် “စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက်နေ” ခဲ့ကြသည်။ သူတို့နေထိုင်သော လူ့အသိုင်းအဝိုင်းသည်လည်း အလွန်အကျင့်ယိုယွင်းသည်။ လောတက အကျင့်ဆိုးများ မကျင့်ကြရန် သတိပေးသည့်အခါ သူ၏သတိပေးချက်ကို သင်နှလုံးသွင်းခဲ့မည်လော။ သောဒုံမြို့ကို ဖျက်ဆီးဖို့ ဘုရားသခင် ဆုံးဖြတ်ထားကြောင်း သူပြောပြသည့်အခါ သင်နားထောင်ခဲ့မည်လော။ သို့မဟုတ် သင်သည် လောတ၏သမက်လောင်းများကဲ့သို့ ကျီစယ်မှုတစ်ခုအဖြစ် ယူမှတ်မည်လော။ လောတ၏ဇနီးကဲ့သို့ ထွက်ပြေးပြီးနောက် ပြန်လှည့်စရာ အကြောင်းရှိနိုင်သလော။ သတိပေးချက်ကို အခြားသူများ အလေးအနက်မထားခဲ့ကြသော်လည်း သောဒုံမြို့မှ လောတထွက်ခွာသည့်နေ့တွင် “ကောင်းကင်မှ ကန့်နှင့်ရောသော မီးမိုးရွာ၍ ထိုလူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်း” ခဲ့သည်။—လုကာ ၁၇:၂၈၊ ၂၉။

ကျွန်ုပ်တို့ခေတ်ရှိ လူအများစုသည် သတိမဲ့နေကြသည်။ သို့သော် အထက်ပါပုံနမူနာများကို ကျွန်ုပ်တို့အတွက် သတိပေးချက်တစ်ရပ်၊ သတိနှင့်စောင့်နေကြ ဖို့အားပေးချက်အဖြစ် ဘုရားသခင့်နှုတ်မြွက်တော်တွင် ထိန်းသိမ်းထားပေးခဲ့ပြီ!

[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ကမ္ဘာချီရေလွှမ်းမိုးဘေး အမှန်ဖြစ်ခဲ့ပါသလော

အပြစ်ရှာဝေဖန်သူများစွာက မဖြစ်ခဲ့ဟု ဆိုကြသည်။ သို့သော် သမ္မာကျမ်းစာက ဖြစ်ခဲ့သည်ဟု ဆို၏။

ယေရှုခရစ်ကိုယ်တော်တိုင် ရေလွှမ်းမိုးဘေးအကြောင်း မိန့်တော်မူခဲ့ပြီး ရေလွှမ်းမိုးဘေးဖြစ်ပျက်ချိန်တွင် ကိုယ်တော်သည် အသက်ရှင်နေကာ ကောင်းကင်မှနေ၍ ယင်းကို ကြည့်ရှုခဲ့သည်။

[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သောဒုံနှင့် ဂေါမောရမြို့ အမှန်ဖျက်ဆီး ခံခဲ့ရသလော

ရှေးဟောင်းသုတေသနပညာက ယင်းအချက်ကို ထောက်ခံသည်။

လောကသမိုင်းတွင်လည်း ယင်းအကြောင်း ဖော်ပြထားသည်။

ယေရှုခရစ်က ထိုအဖြစ်အပျက်အကြောင်း ဖော်ပြခဲ့ပြီး သမ္မာကျမ်းစာထဲမှ ကျမ်းစောင် ၁၄ စောင်တွင် ယင်းအဖြစ်အပျက်ကို ရည်ညွှန်းဖော်ပြထားသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ