ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၁၁၄ စာ. ၂၆၄-စာ. ၂၆၅ ပိုဒ်. ၄
  • နိုင်ငံတော်အာဏာရထားတ ခရစ်တော် သိုးနဲ့ဆိတ်ကိုတရားစီရင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုင်ငံတော်အာဏာရထားတ ခရစ်တော် သိုးနဲ့ဆိတ်ကိုတရားစီရင်
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိုးနှင့်ဆိတ်များအတွက် အနာဂတ်ကား အဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • စစ်မှန်သောဝတ်ပြုသူများမှ လူအုပ်ကြီး—အဘယ်ကလာကြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • နောက်ဆုံးသောကာလ၏ပုဗ္ဗနိမိတ်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ခရစ်တော်ရဲ့ ညီတွေကို သစ္စာရှိရှိ ထောက်မကူညီခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၁၁၄ စာ. ၂၆၄-စာ. ၂၆၅ ပိုဒ်. ၄
လူမျိုးပေါင်းစုံကလူတွေ ကောင်းကင်ကိုကြည့်နေပြီး ယေရှုရဲ့တရားစီရင်ချိန်ကိုစောင့်နေ

အခန်း ၁၁၄

နိုင်ငံတော်အာဏာရထားတဲ့ ခရစ်တော် သိုးနဲ့ဆိတ်ကို တရားစီရင်

မဿဲ ၂၅:၃၁-၄၆

  • သိုးနဲ့ဆိတ် ပုံဥပမာကို ယေရှုပြောပြ

သံလွင်တောင်ပေါ်မှာ ယေရှုက အပျိုစင်ဆယ်ယောက် ပုံဥပမာနဲ့ တဲလင့်ပုံဥပမာကို ပြောပြခဲ့တယ်။ မိမိရောက်ရှိခြင်းနဲ့ လောကစနစ် နိဂုံးပိုင်းနိမိတ်အကြောင်း တမန်တော်တွေမေးတဲ့ မေးခွန်းရဲ့ အဖြေကို သူ ဘယ်လို နိဂုံးချုပ်သလဲ။ နောက်ဆုံးပုံဥပမာဖြစ်တဲ့ သိုးနဲ့ဆိတ်အကြောင်း ပြောပြီး နိဂုံးချုပ်လိုက်တယ်။

ယေရှု ဒီလိုပြောပြတယ်– “လူသားက ကောင်းကင်တမန်အားလုံး ခြံရံပြီး ဘုန်းတန်ခိုးနဲ့ လာလိမ့်မယ်။ အဲဒီနောက် ဘုန်းကြီးတဲ့ ရာဇပလ္လင်ပေါ် ထိုင်” မယ်။ (မဿဲ ၂၅:၃၁) ဒီပုံဥပမာမှာ အဓိကအပိုင်းကနေ ပါဝင်သူဟာ ယေရှုပါပဲ။ သူက သူ့ကိုယ်သူ “လူသား” လို့ခေါ်လေ့ရှိတယ်။—မဿဲ ၈:၂၀။ ၉:၆။ ၂၀:၁၈၊ ၂၈။

ယေရှုက ဘုန်းကြီးတဲ့ပလ္လင်ပေါ်မှာထိုင်ပြီး သစ္စာရှိသူတွေကို သိုးတွေအဖြစ် တရားစီရင်

ဒီပုံဥပမာက ဘယ်အချိန်မှာ ပြည့်စုံလာမလဲ။ ကောင်းကင်တမန်တွေ ခြံရံပြီး ယေရှု “မဟာဘုန်းတန်ခိုးနဲ့ လာ” တဲ့အခါ၊ “ဘုန်းကြီးတဲ့ ရာဇပလ္လင်ပေါ် ထိုင်” တဲ့အခါ ပြည့်စုံလာလိမ့်မယ်။ ကောင်းကင်တမန်တွေနဲ့အတူ “လူသားဟာ မိုးတိမ်ခြံရံပြီး မဟာဘုန်းတန်ခိုးနဲ့လာ” မယ်ဆိုပြီး ယေရှုပြောခဲ့ပြီးပြီ။ အဲဒါ ဘယ်အချိန်မှာ ဖြစ်မလဲ။ “ဒုက္ခကာလ ကျရောက်ပြီးတာနဲ့” ဖြစ်လိမ့်မယ်။ (မဿဲ ၂၄:၂၉-၃၁။ မာကု ၁၃:၂၆၊ ၂၇။ လုကာ ၂၁:၂၇) ဒါကြောင့် ဒီပုံဥပမာက အနာဂတ်မှာ ဘုန်းတန်ခိုးနဲ့ ယေရှုလာမယ့်အချိန်မှာ ပြည့်စုံလာမယ်။ အဲဒီအခါ ယေရှု ဘာလုပ်မလဲ။

သူအခုလို ရှင်းပြတယ်– “လူသားက . . . ဘုန်းတန်ခိုးနဲ့ လာလိမ့်မယ်။ . . . လူမျိုးအားလုံးကို ရှေ့မှာ စုဝေးစေမယ်။ သိုးထိန်းက သိုးနဲ့ဆိတ်ကို ခွဲသလို လူသားက အဲဒီလူတွေကို အုပ်စုနှစ်စု ခွဲလိမ့်မယ်။ သိုးတွေကို ညာဘက်မှာ၊ ဆိတ်တွေကိုတော့ ဘယ်ဘက်မှာ ထားလိမ့်မယ်။”—မဿဲ ၂၅:၃၁-၃၃။

မျက်နှာသာရတဲ့ဘက်မှာ ရှိတဲ့ သိုးတွေနဲ့ ပတ်သက်ပြီး ယေရှု ဆက်ပြောတယ်– “ညာဘက်မှာရှိတဲ့ လူတွေကို မင်းကြီးက ‘အဖဘုရားဆီက ကောင်းချီးကို ခံစားရသူတို့၊ လူ့လောကအစပြုချိန် ကတည်းက မင်းတို့အတွက် ပြင်ဆင်ထားတဲ့နိုင်ငံကို လာပြီး အမွေခံကြပါ’” လို့ပြောတယ်။ (မဿဲ ၂၅:၃၄) သိုးတွေက မင်းကြီးရဲ့ မျက်နှာသာရတာ ဘာကြောင့်လဲ။

မင်းကြီး ဒီလိုရှင်းပြတယ်– “ဘာကြောင့်လဲဆိုတော့ မင်းတို့က ငါဆာလောင်တဲ့အခါ စားစရာပေးတယ်။ ရေငတ်တဲ့အခါ သောက်စရာပေးတယ်။ ငါဧည့်သည်ဖြစ်တဲ့အခါ ဧည့်ဝတ်ပြုတယ်။ ငါဝတ်စရာ မရှိတဲ့အခါ အဝတ်အစား ပေးတယ်။ ဖျားနာတဲ့အခါ ပြုစုပေးတယ်။ ထောင်ကျတဲ့အခါ လာတွေ့ကြတယ်။” ဒီအခါ သိုးတွေဖြစ်တဲ့ “ဖြောင့်မတ်သူတွေက” အဲဒီကောင်းမှုတွေကို သူတို့ ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုပြီး မေးကြတယ်။ မင်းကြီးက “ငါ့ညီတွေထဲက အငယ်ဆုံးတစ်ယောက်ကို မင်းတို့လုပ်ပေးသမျှဟာ ငါ့ကို လုပ်ပေးတာနဲ့ အတူတူပဲ” လို့ပြန်ပြောတယ်။ (မဿဲ ၂၅:၃၅၊ ၃၆၊ ၄၀၊ ၄၆) သူတို့က အဲဒီကောင်းမှုတွေကို ကောင်းကင်မှာလုပ်တာ မဟုတ်ဘူး။ ကောင်းကင်မှာ ဖျားတာ၊ ဗိုက်ဆာတာ မရှိဘူး။ ဒါကြောင့် မြေကြီးပေါ်မှာရှိတဲ့ ခရစ်တော်ရဲ့ညီတွေအတွက် သူတို့လုပ်ပေးတာ ဖြစ်ရမယ်။

သစ္စာမရှိသူတွေကို ဆိတ်တွေအဖြစ် တရားစီရင်

ဘယ်ဘက်မှာရှိတဲ့ ဆိတ်တွေကော ဘယ်လိုလဲ။ ယေရှု ဒီလိုပြောတယ်– “ဘယ်ဘက်မှာ ရှိတဲ့သူတွေကို မင်းကြီးက ‘ကျိန်စာသင့်နေသူတို့၊ ငါ့ဆီကနေ ထွက်သွား။ မာရ်နတ်နဲ့ နတ်ဆိုးတွေအတွက် ပြင်ဆင်ထားတဲ့ ထာဝရမီးထဲကို သွားကြ။ ဘာကြောင့်လဲဆိုတော့ မင်းတို့က ငါဆာလောင်တဲ့အခါ စားစရာ မပေးဘူး။ ရေငတ်တဲ့အခါ သောက်စရာမပေးဘူး။ ငါဧည့်သည်ဖြစ်တဲ့အခါ ဧည့်ဝတ်မပြုဘူး။ ဝတ်စရာမရှိတဲ့အခါ အဝတ်အစား မပေးဘူး။ ငါဖျားနာတဲ့အခါ၊ ထောင်ကျတဲ့အခါ လာမကြည့်ဘူး’ လို့ပြောလိုက်တယ်။” (မဿဲ ၂၅:၄၁-၄၃) ဆိတ်တွေက မြေကြီးပေါ်မှာရှိတဲ့ ခရစ်တော်ရဲ့ညီတွေကို ကြင်ကြင်နာနာ မဆက်ဆံကြဘူး။ သူတို့လုပ်သင့်တာကို မလုပ်တဲ့အတွက် အဲဒီလို တရားစီရင်ခံထိုက်တယ်။

ယေရှု အခုလို ဆက်ပြောတယ်– “မင်းကြီးက ‘ငါမှန်တာကို ပြောမယ်။ ငါ့ညီတွေထဲက အငယ်ဆုံး တစ်ယောက်ကို မင်းတို့ မလုပ်ပေးတာဟာ ငါ့ကို မလုပ်ပေးတာနဲ့ အတူတူပဲ’ လို့ပြန်ပြောလိမ့်မယ်။ သူတို့ဟာ ထာဝရ ဖျက်ဆီးခံရလိမ့်မယ်၊ ဖြောင့်မတ်သူတွေကတော့ ထာဝရအသက် ရလိမ့်မယ်။” ဒါကြောင့် ဒီအနာဂတ် တရားစီရင်ခြင်းရဲ့ ရလဒ်တွေက ထာဝရပဲဆိုတာ တမန်တော်တွေ သိကြတယ်။—မဿဲ ၂၅:၄၅၊ ၄၆။

တမန်တော်တွေရဲ့ အမေးကို ယေရှု ပြန်ဖြေလိုက်တဲ့ အဖြေကို လေ့လာကြည့်တဲ့အခါ နောက်လိုက်တွေအတွက် စဉ်းစားစရာ အများကြီးရှိတယ်။ အဲဒါက သူတို့ရဲ့ သဘောထားနဲ့ အပြုအမူတွေကို ပြန်ဆန်းစစ်ဖို့ ကူညီပေးတယ်။

  • သိုးနဲ့ဆိတ် ပုံဥပမာမှာ “မင်းကြီး” က ဘယ်သူလဲ။ ဒီပုံဥပမာ ဘယ်အချိန်မှာ ပြည့်စုံလာမလဲ။

  • သိုးတွေဟာ ဘာကြောင့် ယေရှုရဲ့မျက်နှာသာ ရထိုက်သလဲ။

  • ဘယ်အပေါ်မူတည်ပြီး လူတွေကို ဆိတ်အဖြစ် တရားစီရင်မလဲ။ သိုးတွေနဲ့ ဆိတ်တွေရဲ့ အနာဂတ် ဘယ်လို ရှိသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ