ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၉၅ စာ. ၂၂၂-စာ. ၂၂၃ ပိုဒ်. ၁
  • သူတို့ကို ဘာကမှ မတားဆီးနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့ကို ဘာကမှ မတားဆီးနိုင်
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ကျွန်တော်တို့ကတော့ အုပ်စိုးရှင် ဘုရားသခင်ရဲ့စကားကို နားထောင်မှာပဲ’
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ထောင်ထဲကထွက်လာကြတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ‘ငါတို့သည် ယေရှုအကြောင်း မဟောမပြောဘဲမနေနိုင်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ယေဟောဝါ—ကျွန်ုပ်တို့၏အုပ်စိုးရှင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၉၅ စာ. ၂၂၂-စာ. ၂၂၃ ပိုဒ်. ၁
ပုရောဟိတ်တွေနဲ့ ဇဒ္ဒုကဲတွေ အတိုက်အခံလုပ်ပေမဲ့ ပေတရုနဲ့ ယောဟန် ရဲရင့်စွာ ဟောပြော

သင်ခန်းစာ ၉၅

သူတို့ကို ဘာကမှ မတားဆီးနိုင်

လမ်းမလျှောက်နိုင်သူတစ်ယောက်ဟာ ဗိမာန်တော်တံခါးမှာ နေ့တိုင်း ထိုင်ပြီး တောင်းစားနေတယ်။ တစ်နေ့မှာ ပေတရုနဲ့ ယောဟန် ဗိမာန်တော်ထဲ ဝင်လာတာ သူ မြင်လိုက်တော့ ‘ပေးကမ်းခဲ့ပါ’ လို့ဆိုတယ်။ ပေတရုက ‘ပိုက်ဆံထက်ပိုကောင်းတာတစ်ခု ပေးမယ်။ ယေရှုနာမည်နဲ့ ထလမ်းလျှောက်ပါ’ လို့ပြောပြီး ဆွဲထူပေးလိုက်တာ အဲဒီလူ ထပြီး လမ်းလျှောက်ပါလေရော။ ဒီအံ့ဖွယ်အမှုကြောင့် လူတွေ ဝမ်းသာအားရနဲ့ ယုံကြည်သူတွေ ဖြစ်လာကြတယ်။

ပုရောဟိတ်တွေနဲ့ ဇဒ္ဒုကဲတွေကတော့ စိတ်ဆိုးသွားတယ်။ တမန်တော်တွေကို ဖမ်းပြီး တရားရုံးကို ခေါ်သွားတယ်။ ‘ဒီလူကို ကုပေးဖို့ ဘယ်ကတန်ခိုးရလဲ’ လို့မေးတော့ ပေတရုက ‘ခင်ဗျားတို့သတ်လိုက်တဲ့ ခရစ်တော်ယေရှု တန်ခိုးပေးတာ’ လို့ဖြေတယ်။ ‘ယေရှုအကြောင်း မပြောနဲ့’ ဆိုတော့ တမန်တော်တွေက ‘သူ့အကြောင်းကို မဟောဘဲ မနေနိုင်ပါဘူး’ လို့ ပြန်ဖြေတယ်။

ပေတရုနဲ့ ယောဟန်ကို လွှတ်ပေးလိုက်တာနဲ့ တခြားတပည့်တွေဆီ သူတို့သွားပြီး ဒီအဖြစ်အပျက်ကို ပြောပြတယ်။ ‘ကိုယ်တော့်အကြောင်း ဆက်ဟောနိုင်ဖို့ ရဲစွမ်းသတ္တိပေးပါ’ လို့ အတူတကွ ယေဟောဝါဆီ ဆုတောင်းကြတော့ ယေဟောဝါက သူတို့ကို သန့်ရှင်းသောစွမ်းအားတော်ပေးလို့ သူတို့ ဆက်ဟောပြောနိုင်ကြတယ်၊ ကုသပေးနိုင်ကြတယ်။ ဒီနောက် ယုံကြည်သူတွေ များများလာတယ်။ ဇဒ္ဒုကဲတွေဟာ ပိုမနာလိုဖြစ်လာပြီး တမန်တော်တွေကို ဖမ်းချုပ် ထောင်ချပစ်တယ်။ ညအချိန်မှာ ယေဟောဝါရဲ့ ကောင်းကင်တမန်တစ်ပါးလာပြီး ထောင်တံခါးတွေကို ဖွင့်ပေးတယ်။ တမန်တော်တွေကို ‘ဗိမာန်တော်ဆီ ပြန်သွားပြီး သွန်သင်ပါ’ လို့ စေခိုင်းတယ်။

မနက်ကျတော့ ဂျူးတရားရုံးမှာ ဘာသာရေးခေါင်းဆောင်တွေ ဒီသတင်းရတယ်– ‘ထောင်တံခါးတွေ ပိတ်နေပေမဲ့ မင်းတို့ဖမ်းထားတဲ့ လူတွေက ဗိမာန်တော်မှာ ဟောပြောသွန်သင်နေကြတယ်။’ ဒါကြောင့် တမန်တော်တွေ ထပ်အဖမ်းခံရပြီး တရားရုံးရောက်လာပြန်တယ်။ ‘ယေရှုအကြောင်း မပြောဖို့ အမိန့်ထုတ်ထားလျက်နဲ့ ဟောရသလား’ လို့ ပုရောဟိတ်မင်း ပြောတော့ ပေတရုက ‘လူ့စကားထက် ဘုရားစကားကို နားထောင်ရမယ်’ လို့ပြန်ဖြေတယ်။

ဘာသာရေးခေါင်းဆောင်တွေ ဒေါသူပုန်ထပြီး တမန်တော်တွေကို သတ်ပစ်ချင်ကြတယ်။ ဒါပေမဲ့ ဖာရိရှဲ ဂါမလျေလက မတ်တတ်ရပ်ပြီး ‘သတိထားကြပါ။ သူတို့နဲ့အတူ ဘုရား ရှိတာဖြစ်နိုင်တယ်။ ဘုရားကို ဆန့်ကျင်ချင်လို့လား’ လို့ပြောလိုက်တော့ သူ့စကားကို လက်ခံကြတယ်။ ဒီနောက် တမန်တော်တွေကို ကြိမ်ဒဏ်ပေးပြီး မဟောဖို့ ထပ်အမိန့်ပေးတယ်။ တမန်တော်တွေကတော့ မဟောဘဲမနေဘူး။ ဗိမာန်တော်မှာ၊ အိမ်တွေမှာ သတင်းကောင်းကို ရဲရဲရင့်ရင့် ဆက်ဟောနေကြတယ်။

“ကျွန်တော်တို့ကတော့ လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်မှာပဲ။” —တမန်တော် ၅:၂၉

မေးခွန်း– တပည့်တွေ ဆက်ဟောနေကြတာ ဘာကြောင့်လဲ။ ယေဟောဝါက သူတို့ကို ဘယ်လို ကူညီပေးသလဲ။

တမန်တော် ၃:၁–၄:၃၁။ ၅:၁၂-၄၂

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ