အပိုင်း ၁၁ နိဒါန်း
ဒီအပိုင်းဟာ ခရစ်ယာန်ဂရိကျမ်းစောင်တွေကို မိတ်ဆက်ပေးတယ်။ ယေရှုဟာ မြို့ငယ်လေးမှာနေထိုင်တဲ့ ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားလာတယ်။ ဖခင်ဖြစ်သူ လက်သမားနဲ့ အလုပ်လုပ်ခဲ့တယ်။ ယေရှုဟာ လူသားထုကို ကယ်တင်ပေးမယ့်သူဖြစ်တယ်။ ယေဟောဝါဟာ သူ့ကို ကောင်းကင်နိုင်ငံတော်ဘုရင်အဖြစ် ရွေးချယ်ခဲ့တယ်။ သင်ဟာ မိဘဖြစ်မယ်ဆိုရင် ယေရှု ကြီးပြင်းလာမယ့် မိသားစုနဲ့ အသိုင်းအဝန်းကို ယေဟောဝါ သေသေချာချာ ရွေးချယ်ခဲ့တာကို ကလေး သဘောပေါက်အောင် သင်ပေးပါ။ ယေရှုကို သတ်ချင်တဲ့ ဟေရုဒ်ရန်ကနေ ယေဟောဝါ ကာကွယ်ပေးတဲ့အကြောင်း၊ ယေဟောဝါရဲ့ရည်ရွယ်ချက်ကို ဘာကမှ မတားဆီးနိုင်တဲ့အကြောင်း၊ ယေရှုအတွက် လမ်းပြင်ပေးဖို့ ယောဟန်ကို ယေဟောဝါ တာဝန်ပေးတဲ့အကြောင်း လေ့လာကြည့်ပါ။ ယေရှုဟာ ငယ်စဉ်မှာတောင် ယေဟောဝါရဲ့ ဉာဏ်ပညာကို မြတ်နိုးကြောင်း အလေးအနက် ဖော်ပြပါ။