ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • th သင်ခန်းစာ ၁၈ စာ. ၂၁
  • ပရိသတ်အတွက် သိမှတ်ဖွယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပရိသတ်အတွက် သိမှတ်ဖွယ်
  • ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်ထက်သန်ခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • သင့်ပရိသတ်အတွက် သိမှတ်ဖွယ်
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • စိတ်နှလုံးကို ထိမိဖို့ ကြိုးစားခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • လက်တွေ့ကျတန်ဖိုးကို ရှင်းလင်းစွာ ဖော်ပြခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
နောက်ထပ် ကြည့်ပါ
ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
th သင်ခန်းစာ ၁၈ စာ. ၂၁

သင်ခန်းစာ ၁၈

ပရိသတ်အတွက် သိမှတ်ဖွယ်

ညွှန်းထားတဲ့ကျမ်းချက်

၁ ကောရိန္သု ၉:၁၉-၂၃

အကျဉ်းချုပ်– နားထောင်နေသူတွေ စဉ်းစားလာအောင် လှုံ့ဆော်ပေးပါ။ ဒါမှ အကျိုးရှိတာတွေကို သူတို့ သိလိုက်ရတယ်လို့ ခံစားရမယ်။

လုပ်ဆောင်နိုင်ပုံ–

  • နားထောင်နေသူတွေ သိပြီးသားအရာတွေကို ထည့်စဉ်းစားပါ။ သူတို့ကြားဖူးပြီးသားတွေကိုပဲ ထပ်ပြောနေမယ့်အစား အကြောင်းအရာကို ရှုထောင့်အသစ်ကနေ သိမြင်လာအောင် ကူညီပေးပါ။

    လေ့ကျင့်ရမယ့်အချက်

    သိပြီးသားအချက်တွေကို ခပ်မြန်မြန် ပြောပါ၊ အယူအဆသစ်တွေကို ဖြည်းဖြည်းပြောပါ။

  • ရှာဖွေလေ့လာပါ၊ တွေးတောဆင်ခြင်ပါ။ အဓိကအယူအဆတွေကို ရှင်းပြဖို့ သိပ်မသိသေးတဲ့ အကြောင်းတွေ၊ လတ်တလောဖြစ်ရပ်တွေကို ဖြစ်နိုင်တဲ့အခါတိုင်း ထည့်ပြောပါ။ သင်ဟောပြောမယ့် အကြောင်းအရာ၊ အဲဒီအကြောင်းအရာနဲ့ သင်ကိုးကားဖော်ပြမယ့်အချက်တွေ ဆက်စပ်ပုံကို နက်နက်နဲနဲ စဉ်းစားပါ။

    လေ့ကျင့်ရမယ့်အချက်

    အကြောင်းအရာကို ရှာဖွေလေ့လာတဲ့အခါ ‘ဘာလဲ၊ ဘာကြောင့်လဲ၊ ဘယ်အချိန်လဲ၊ ဘယ်နေရာမှာလဲ၊ ဘယ်သူလဲ၊ ဘယ်လိုနည်းနဲ့လဲ’ စတဲ့မေးခွန်းတွေ မေးပြီး စဉ်းစားပါ။ ဟောပြောနေချိန်မှာ အဲဒီလို မေးခွန်းတချို့ မေးပြီး အဖြေပေးခြင်းအားဖြင့် သွန်သင်ခြင်းကို အသက်ဝင်စေပါ။

  • သင်ပြောနေတဲ့ အကြောင်းအရာတွေဟာ အသုံးဝင်ကြောင်း ပြောပြပါ။ ကျမ်းစာပါ အချက်အလက်တွေဟာ နားထောင်နေသူတွေရဲ့ အသက်တာကို ဘယ်လို အကျိုးပြုနိုင်တယ်ဆိုတာ ရှင်းပြပါ။ သူတို့နဲ့ သက်ဆိုင်တဲ့ သတ်သတ်မှတ်မှတ် အခြေအနေတွေ၊ သဘောထားနဲ့ လုပ်ရပ်တွေအကြောင်း ရှင်းပြပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ