ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၂၃
  • နှစ်ခြင်းခံဖို့ ပန်းတိုင်ထားခြင်းက အကျိုးရှိ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှစ်ခြင်းခံဖို့ ပန်းတိုင်ထားခြင်းက အကျိုးရှိ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • နှစ်ခြင်း—ခရစ်ယာန်တွေအတွက် လိုအပ်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • နှစ်ခြင်းခံခြင်းနဲ့ ဘုရားသခင်နဲ့သင့်ဆက်ဆံရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ခရစ်ယာန်နှစ်ခြင်းအတွက် တောင်းဆိုချက်များကို ပြည့်မီခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၂၃
သင်ခန်းစာ ၂၃။ ရေထဲ စုံးစုံးနှစ်ပြီး ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံနေတဲ့ အမျိုးသမီး။

သင်ခန်းစာ ၂၃

နှစ်ခြင်းခံဖို့ ပန်းတိုင်ထားခြင်းက အကျိုးရှိ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ခရစ်ယာန်တွေဟာ နှစ်ခြင်းခံဖို့ လိုတယ်လို့ ယေရှု သင်ပေးတယ်။ (မဿဲ ၂၈:​၁၉၊ ၂၀ ကို ဖတ်ပါ။) နှစ်ခြင်းဆိုတာ ဘာလဲ။ နှစ်ခြင်းခံနိုင်ဖို့ ဘာလုပ်ရမလဲ။

၁။ နှစ်ခြင်းဆိုတာ ဘာလဲ။

“နှစ်ခြင်း” ဆိုတာ “ရေထဲ နှစ်တယ်” လို့ အဓိပ္ပာယ်ရတဲ့ ဂရိစကားလုံးကနေ လာတယ်။ ယေရှု နှစ်ခြင်းခံချိန်မှာ ဂျော်ဒန်မြစ်ထဲ စုံးစုံးနစ်သွားတယ်။ အဲဒီနောက် “ရေထဲကနေ ပေါ်လာ” တယ်။ (မာကု ၁:​၉၊ ၁၀) ခရစ်ယာန်စစ်တွေလည်း နှစ်ခြင်းခံတဲ့အခါ ရေမှာ စုံးစုံးနှစ်ကြတယ်။

၂။ နှစ်ခြင်းခံတာက ဘာကို ဖော်ပြသလဲ။

နှစ်ခြင်းခံတာက ယေဟောဝါဘုရားဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံပြီးဖြစ်ကြောင်း ဖော်ပြတယ်။ ဆက်ကပ်အပ်နှံတယ်ဆိုတာ နှစ်ခြင်းမခံခင် တစ်ယောက်တည်းသီးသန့် ဆုတောင်းပြီး ယေဟောဝါကို ထာဝစဉ် ဝတ်ပြုလိုကြောင်း ပြောခြင်း ဖြစ်တယ်။ ယေဟောဝါကိုပဲ ဝတ်ပြုမယ်၊ ဘဝမှာ အလိုတော်ကို ဦးစားထားမယ်လို့ ကတိပေးတယ်။ “ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်” ဖို့၊ ယေရှုရဲ့ စံနမူနာနဲ့ သွန်သင်ချက်တွေကို “အမြဲလိုက်” ဖို့ ဆုံးဖြတ်တယ်။ (မဿဲ ၁၆:၂၄) ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းက ယေဟောဝါနဲ့ရော ညီအစ်ကို/မတွေနဲ့ပါ ရင်းနှီးတဲ့ဆက်ဆံရေး ရှိစေတယ်။

၃။ နှစ်ခြင်းခံတဲ့အထိ တိုးတက်အောင် ဘာလုပ်ရမလဲ။

နှစ်ခြင်းမခံခင် ယေဟောဝါအကြောင်း လေ့လာပြီး ယုံကြည်ခြင်း ခိုင်ခံ့အောင် ကြိုးစားရမယ်။ (ဟီဘရူး ၁၁:၆ ကို ဖတ်ပါ။) အသိပညာနဲ့ ယုံကြည်ခြင်း တိုးများလာတာနဲ့အမျှ ယေဟောဝါကို ပိုချစ်လာမယ်။ ဘုရားအကြောင်း ဟောပြောချင်လာမယ်။ ဘုရားစံနှုန်းအတိုင်း နေထိုင်ချင်လာမယ်။ (၂ တိမောသေ ၄:၂။ ၁ ယောဟန် ၅:၃) ဘုရား နှစ်သက်မှုရဖို့ ‘ဘုရားနဲ့ ထိုက်တန်စွာ လျှောက်လှမ်း’ နေပြီဆိုရင် အသက်တာကို ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံချင်စိတ် ပေါ်လာမယ်။​—ကောလောသဲ ၁:​၉၊ ၁၀။a

ရှာဖွေလေ တွေ့ရှိလေ

ယေရှုရဲ့ နှစ်ခြင်းကနေ ဘာတွေ သိရသလဲ၊ နှစ်ခြင်းခံနိုင်ဖို့ ဘာတွေ လုပ်ရမလဲဆိုတာ လေ့လာကြည့်ပါ။

၄။ ယေရှုရဲ့ နှစ်ခြင်းကနေ သိရတဲ့အချက်တွေ

ယေရှုရဲ့ နှစ်ခြင်းအကြောင်း ပိုသိနိုင်ဖို့ မဿဲ ၃:၁၃-၁၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ယေရှု နှစ်ခြင်းခံတုန်းက မွေးကင်းစအရွယ်လား။

  • ယေရှု ဘယ်လို နှစ်ခြင်းခံခဲ့သလဲ။ ရေဖျန်းရုံပဲလား။

ယေရှု နှစ်ခြင်းခံပြီးတာနဲ့ ဘုရားပေးထားတဲ့အလုပ်ကို စလုပ်တယ်။ လုကာ ၃:၂၁-၂၃ နဲ့ ယောဟန် ၆:၃၈ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေရှု နှစ်ခြင်းခံပြီးတာနဲ့ ဘာကို အဓိကလုပ်ဆောင်သလဲ။

၅။ နှစ်ခြင်းခံခြင်းဟာ လက်လှမ်းမီနိုင်တဲ့ ပန်းတိုင်ဖြစ်

ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံဖို့ ဖြစ်နိုင်ပါ့မလားလို့ တွေးမိနိုင်တယ်။ ယေဟောဝါအကြောင်း ဆက်လေ့လာပြီး ဘုရားကို သိကျွမ်းလာတာနဲ့အမျှ ဒီအရေးကြီးတဲ့ ဆုံးဖြတ်ချက် ချဖို့ ယုံကြည်မှု ပိုရှိလာမယ်။ အဲဒီလိုလုပ်ခဲ့သူတွေအကြောင်း သိနိုင်ဖို့ ဗီဒီယို ဖွင့်ပါ။

ဗီဒီယို။ ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားပါ (၁:၁၁)

ယောဟန် ၁၇:၃ နဲ့ ယာကုပ် ၁:၅ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • နှစ်ခြင်းခံဖို့ အသင့်ဖြစ်အောင် ဘာက ကူညီပေးနိုင်သလဲ။

က။ ဆုတောင်းပြီး ဘုရားဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံနေတဲ့ အမျိုးသမီး။ ခ။ ရေထဲ စုံးစုံးနှစ်ပြီး ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံနေတဲ့ အမျိုးသမီး။
  1. က။ ယေဟောဝါကို ထာဝစဉ် ဝတ်ပြုလိုကြောင်း ပြောပြီး ဆက်ကပ်အပ်နှံကြ

  2. ခ။ နှစ်ခြင်းခံတာက ဘုရားဆီ ဆက်ကပ်အပ်နှံပြီးဖြစ်ကြောင်း လူတွေရှေ့ ဖော်ပြခြင်းဖြစ်

၆။ နှစ်ခြင်းခံတဲ့အခါ ယေဟောဝါရဲ့ မိသားစုဝင် ဖြစ်လာ

နှစ်ခြင်းခံတဲ့အခါ စည်းလုံးတဲ့ ကမ္ဘာချီမိသားစုဝင် ဖြစ်လာတယ်။ ဘယ်နေရာမှာပဲ နေပါစေ၊ ဘယ်လိုနောက်ခံပဲ ရှိပါစေ ကျွန်တော်တို့ဟာ ယုံကြည်ချက် တူကြတယ်။ ကျမ်းစာစံနှုန်းအတိုင်း နေထိုင်ကြတယ်။ ဆာလံ ၂၅:၁၄ နဲ့ ၁ ပေတရု ၂:၁၇ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဒီကျမ်းချက်တွေအရ နှစ်ခြင်းခံရင် ဘာအကျိုးကျေးဇူးတွေ ရမလဲ။

ပုံ။ နှစ်ခြင်းခံပြီးသား ညီအစ်မ အသင်းတော်မှာ တခြားသူတွေနဲ့ ဆက်ဆံရေးကောင်း ရှိပုံအကြောင်း စဉ်းစားနေ။ ၁။ ညီအစ်မတစ်ယောက်ကို ရင်ဖွင့်နေ။ ၂။ သက်ကြီးညီအစ်မကို လမ်းတွဲလျှောက်နေ။ ၃။ အသက်အရွယ် မတူသူတွေနဲ့ စားသောက်နေ။ ၄။ ညီအစ်မတစ်ယောက်နဲ့အတူ လူတစ်ဦးကို ဟောပြောနေ။ ၅။ အစည်းအဝေးကြီးမှာ လူမျိုးမတူသူတွေနဲ့ ဓာတ်ပုံရိုက်နေ။

လူတချို့အဆို။ “နှစ်ခြင်းခံဖို့ အသင့်မဖြစ်သေးဘူး။”

  • သင်ကော နှစ်ခြင်းခံဖို့ အသင့်ဖြစ်အောင် ဆက်ကြိုးစားချင်သလား။

အနှစ်ချုပ်

ခရစ်ယာန်တွေ နှစ်ခြင်းခံဖို့ လိုတယ်လို့ ယေရှု သင်ပေးတယ်။ နှစ်ခြင်းခံနိုင်ဖို့ ယေဟောဝါကို အခိုင်အမာ ယုံကြည်ရမယ်။ ဘုရားစံနှုန်းအတိုင်း နေထိုင်ရမယ်။ ဘုရားဆီ ဆက်ကပ်အပ်နှံရမယ်။

ပြန်လည်သုံးသပ်ခြင်း

  • နှစ်ခြင်းဆိုတာ ဘာလဲ။ နှစ်ခြင်းခံဖို့ ဘာကြောင့် အရေးကြီးသလဲ။

  • ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်း ဘယ်လို ဆက်စပ်နေသလဲ။

  • ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံနိုင်ဖို့ ဘာတွေ လုပ်ရမလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

နှစ်ခြင်းခံတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ ဘာကို မဆိုလိုဘူးလဲ။

“နှစ်ခြင်းခံတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ” (ဝက်ဘ်ဆိုက် ဆောင်းပါး)

နှစ်ခြင်းခံတဲ့အထိ တိုးတက်အောင် ဘာလုပ်ရမလဲ ဖတ်ကြည့်ပါ။

“ယေဟောဝါကို ချစ်တဲ့မေတ္တာက နှစ်ခြင်းခံဖို့ လှုံ့ဆော်” (ကင်းမျှော်စင်၊ မတ် ၂၀၂၀)

နှစ်ခြင်းခံဖို့ လူတစ်ဦးကို ဘာက လှုံ့ဆော်ပေးသလဲ ဖတ်ကြည့်ပါ။

‘အမှန်တရားကို ကိုယ်တိုင် ရှာဖွေဖို့ အားပေးခဲ့’ (ကင်းမျှော်စင် ဖေဖော်ဝါရီ ၁၊ ၂၀၁၃)

နှစ်ခြင်းခံဖို့ ပန်းတိုင်ထားတာ ဘာကြောင့် အကျိုးရှိသလဲ။ ဘယ်လို အသင့်ပြင်နိုင်သလဲ။

“ငါနှစ်ခြင်းခံသင့်သလား” (လူငယ်များအမေး၊ အတွဲ ၂၊ အခန်း ၃၇)

a တခြားဘာသာမှာ နှစ်ခြင်းခံပြီးရင်လည်း နောက်တစ်ကြိမ် နှစ်ခြင်းခံဖို့ လိုပါမယ်။ ဘာကြောင့်လဲ။ အဲဒီဘာသာက ကျမ်းစာအမှန်တရားကို မသွန်သင်ပေးလို့ပါ။​—တမန်တော် ၁၉:​၁-၅ နဲ့ သင်ခန်းစာ ၁၃ တို့ကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ