သူတို့ကို ပြန်တွေ့ ရဦးမည်လော
“သင်သည် ကျွ န်ုပ်တို့ကို မမျှော်လင့်ဘဲ ထာဝရခွဲခွာသွားလေပြီ။ သင်ကွယ်လွန်ခြင်းအတွက် ကျွ န်ုပ်တို့အထူးဝမ်းနည်းကြေကွဲဖြစ်ရသော်လည်း သင်သည် ကျွ န်ုပ်တို့၏နှလုံးသားထဲ၌ ကျွ န်ုပ်တို့နှင့် အစဉ်ရှိနေမှာပါ။ ပျော် ရွှင်စွာ အတူနေခဲ့ရတဲ့နှစ်များကို ကျွ န်ုပ်တို့ဘယ်တော့မျှ မေ့နိုင်မှာမဟုတ်သကဲ့သို့ တစ်နေ့နေ့တစ်ချိ န်ချိ န်တွင် ပြန်လည်ဆုံဆည်းမည့် မျှော်လင့်ချ က်ကိုလည်း ဘယ်တော်.မျှစွန့်လွှတ်မှာ မဟုတ်ပါဘူး။”
လူ ဇင်ဘတ်နိုင်ငံတွင် ချစ်ခင်သူတစ်ဦးသေဆုံးပြီးနောက် ကျန်ရစ်သူ မိသားစုများနှင့် မိတ်ဆွေသင်္ဂဟတို့သည် သတင်းစာ၌ အထက်ပါလွမ်းဆွတ်သတိရခြင်းမျိုးကို ထပ်ခါတလဲလဲ ထည့်ကြသည်။ ကမ္ဘာတစ်ဝှန်းရှိ အခြားသူတို့၏ စိတ်ထဲတွင်လည်း အလားတူခံစားချက်မျိုးရှိကြသည်။ လွမ်းဆွတ်သတိရခြင်း၊ စိတ်ပျက်အားငယ်ခြင်း၊ မျှော်လင့်ခြင်းနှင့် မရေရာခြင်းစသောခံစားချက်များ ဖြစ်ပေါ်ကြသည်။ ချစ်ခင်သူတစ်ဦး ဆုံးပါးသည့်အခါ သင်ကိုယ်တိုင် ထိုသို့သောခံစားချက်မျိုးခံစားခဲ့ပေမည်။ သို့မဟုတ် မိတ်ဆွေတစ်ဦး၏ နှုတ်မှထိုခံစားချက်မျိုး ပြောဆိုသည်ကို ကြားဖူးပေမည်။
လူအများအတွက် သေလွန်သော ချစ်ခင်သူတို့ကို ပြန်လည်တွေ့ဆုံမည်ဆိုသော မျှော်လင့်ချက်မှာ ရှင်းလင်းပြတ်သားခြင်းမရှိဘဲ လုံးထွေးနေသည်။ ဤသို့ဖြစ်ရခြင်းမှာ ရှင်းပါသည်။ အစချီပြောရသော် ယခုခေတ်တွင် ဤအကြောင်းကို အချိန်ပေး၍ ဆည်းပူးလေ့လာသူ အလွန်နည်းပါသည်။ ဆည်းပူးလေ့လာပြန်လျှင်လည်း ဤပြဿနာအတွက် ဘာသာတရားအများ၏သွန်သင်ပို့ချချက်တို့သည် ရှင်းလင်းပြတ်သားခြင်းမရှိသည့်ပြင် ယုံကြည်လက်ခံရန်လည်း ကိုးရိုးကားရားနိုင်လှသည်။
လူအများအဖို့ သေလွန်သူတို့အတွက် “နောင်ဘဝ” ဆိုသည်မှာ မိသားစုအမျိုးအနွယ်၌ ပြန်လည်ဝင်စားခြင်းဖြစ်ကြောင်း သင်သိကောင်းသိပေမည်။ လူတို့သည် ‘သားသမီးများ၌ ပြန်လည်ဝင်စားသည်’ ဟူသော အယူအဆကို ကြားဖူးကောင်းကြားဖူးမည်။ သို့သော် ထိုသို့သော “ဘဝ” သည် သေလွန်သူတို့အတွက် သိသာသောအကျိုးကျေးဇူးသော်လည်းကောင်း၊ သူတို့ကို ပြန်တွေ့ရန် မျှော်လင့်သော ကျန်ရစ်သူတို့အတွက် မျှော်လင့်ချက်သော်လည်းကောင်း ဖြစ်ထွန်းစေပါသလော။ မဖြစ်စေပါ။ ထိုသို့သော အယူအဆ၌ တကယ်နှစ်သိမ့်အားရစရာမတွေ့ရပေ။
သေလွန်သော ချစ်ခင်သူများ၏ အကျိုးကိုရော၊ အသက်ရှင်ဆဲ ချစ်ခင်သူများအကျိုးကိုပါ ထောက်ထား၍ အောက်ပါမေးခွန်းများ၏ အဖြေကို ကျွန်ုပ်တို့လိုအပ်သည်။ ချစ်ခင်သူတစ်စုံတစ်ယောက် သေဆုံးသော် သူ့ကို ပြန်တွေ့ရဦးမည်လော။ အဖြေက ပြန်တွေ့ရမည်ဖြစ်သော် အဘယ်အချိန်၊ အဘယ်နေရာတွင် ပြန်တွေ့ရမည်နည်း။ ကောင်းကင်ဘုံ၌လော။ ဤကမ္ဘာမြေကြီး၌ပင်လော။ အမှန်စင်စစ် သေလွန်သောချစ်ခင်သူများနှင့် ကျွန်ုပ်တို့အဖို့ အဘယ်အနာဂတ်မျှော်လင့်ချက်ရှိသနည်း။
အပွင့်လင်းဆုံးပြောရသော် ဤမေးခွန်းများနှင့်စပ်လျဉ်းသည့် သတင်းကောင်းရှိသည်။ သေချာစိတ်ချရ၍ အားတက်ဖွယ်မျှော်လင့်ချက်ရှိသည့်သဘောဖြင့် ကောင်းသည်ဟုဆိုရခြင်းဖြစ်သည်။ လူအများကြားနေကျ သတင်းစကား၊ ဘာသာရေးရပ်ကွက်များမှ ကြားနေကျ သတင်းမျိုးနှင့်မတူ တစ်မူထူးခြားနေသည့် သတင်းဖြစ်သည်။
ခေတ်သက္ကရာဇ်ပထမရာစုတွင် ခရစ်ယာန်သာသနာပြုပေါလုသည် ဂရိပြည်၊ အာသင်မြို့တွင်ရှိစဉ်အခါ သေလွန်သူတို့အတွက် ကျမ်းစာမျှော်လင့်ချက်အကြောင်း ဟောခဲ့သည်။ ပရိသတ်အချို့က သိချင်စိတ်ရှိကြသော်လည်း အခြားသူတို့မူကား အထင်သေးသည့်သဘောနှင့် နားထောင်ကြသည်။ အတွေးအခေါ်ပညာရှင်အချို့က အချေအတင်ငြင်းခုံဆွေးနွေးလိုကြပြီး ‘ဤစကားအိုးကား မည်သို့ပြောဆိုလိုသနည်း’ ဟုပြောဆိုကြ၏။ အချို့က “‘ဤသူသည် တစ်ကျွန်းတစ်နိုင်ငံနတ်ဘုရားတို့၏အကြောင်းကို ဟောပြောသောသူဖြစ်သည်’ ဟုဆို၏။ ဆိုသောအကြောင်းကား ပေါလုသည် ယေရှု၏တရားနှင့် ထမြောက်ခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောသတည်း။” (တမန်တော် ၁၇:၁၈) မှန်ပေသည်။ ပေါလုဟောပြောခဲ့ရသော သတင်းကောင်းတွင် ရှင်ပြန်ထမြောက်ခြင်းအကြောင်းလည်း ပါဝင်ခဲ့သည်။
အနာဂတ်ရှင်ပြန်ထမြောက်ခြင်းတည်းဟူသော သေလွန်သူများ ပြန်လည်အသက်ရှင်လာသည်ကို တွေ့မြင်ရခြင်းအကြောင်း ဆွေးနွေးပြောဆိုခြင်းကို သင်မည်သို့သဘောထားသနည်း။ အကျိုးမရှိသည့် ပြောဆိုမှုဟု ယူဆသလော။ သို့မဟုတ် သင်၏ဘာသာရေးအသိပညာနှင့် ကိုယ်ပိုင်ထင်မြင်ယူဆချက်တို့ကြောင့် သေလွန်သူတို့အတွက် မျှော်လင့်ချက်ဆိုင်ရာ သမ္မာကျမ်းစာသတင်းတရားသည် သင့်အဖို့ ‘တိုင်းတစ်ပါးမှနတ်ဘုရား’ အကြောင်းပမာ အထူးအဆန်းဖြစ်နေသလော။
ပေါလုအား အာသင်မြို့သားတို့က “ငါတို့မသိမကျွမ်းဖူးသောအရာတို့ကို သင်သည်ကြားပြော၏။ ထိုအရာများကား အဘယ်သို့ဆိုလိုသည်ကို ငါတို့သိချင်ပါသည်ဟု ဆိုကြ၏။” (တမန်တော် ၁၇:၂၀) ကျွန်ုပ်တို့နှင့်ဆိုင်သော သေလွန်သူများနှင့် အသက်ရှင်နေကြသော ကျွန်ုပ်တို့အတွက် သမ္မာကျမ်းစာမျှော်လင့်ချက်အကြောင်း ပို၍သိလိုသော ဆန္ဒရှိပါသလော။ ရှိပါက အောက်ပါဆောင်းပါးသည် သင့်အတွက် စိတ်ဝင်စားစရာဖြစ်ပေလိမ့်မည်။