နာမတော်ကိုယေဟောဝါအဘယ်ကြောင့်ဖော်ပြခဲ့ပြီနည်း
၁၉၆၄ ခုနှစ်က ပိုလန်နိုင်ငံတွင်ထုတ်ဝေခဲ့သည့် “ဓမ္မဟောင်းကျမ်း” ၏ဋီကာကျမ်းတစ်ခုက ဤမေးခွန်းကို စဉ်းစားဆင်ခြင်စေသည့်နည်းဖြင့် ဖြေဆိုပေးခဲ့သည်။ ရိုမန်ကက်သလစ်ချာ့ချ်၏ခွင့်ပြုချက်ဖြင့် လာဘလင်တက္ကသိုလ်၏ပါမောက္ခ ဒေါက်တာ၊ စတဲနစ်လော လာ့ခ်ကဤသို့သတိပြုစေသည်။
“ရွေးနှုတ်ခံရပြီးသူများသည် လူသားတို့ရှေ့ ဘုရားသခင့်နာမတော်ကို ထင်ရှားစေရန်တာဝန်ရှိသည်။” “တစ်ပါးအမျိုးသားတို့သည် ယာဝီ [ယေဟောဝါ] ၏နာမတော်ကိုမရှုတ်ချကြဘဲ ကောင်းချီးပေးကြရန်” ဣသရေလလူမျိုးကြိုးစားအားထုတ်ဖို့ သူတို့မှာတာဝန်ရှိခဲ့သည်။ “ယာဝီအမည်၌ အနက်အဓိပ္ပာယ်ရှိသည်။ . . . ထိုနာမတော်ကိုခံယူသူများနှင့်ဆက်ဆံပုံအရ ဤလောကသည် စီရင်ခံရမည်ဖြစ်သည်။” ပါမောက္ခကြေညာခဲ့သည်ကား “ယာဝီဟူသောနာမည်သည် လူမျိုးတကာတို့တွင်ကြီးမြတ်တော်မူမည်။ . . . ကမ္ဘာတစ်ဝန်းအနှံ့အပြားကျော်ကြားလာမည်။ မောရှေအားတင်ပြခဲ့သည့်နာမတော် . . . သည်ဤသို့သာဖြစ်လာရဖို့အကြောင်းရှိသည်။”
မှန်သည်၊ မာလခိ ၁:၁၁ ပရောဖက်ပြုသည့်အတိုင်းပင် “‘တစ်ပါးအမျိုးသားတို့တွင် ငါ၏နာမတော်သည် ကြီးမြတ်ရလိမ့်မည်’ ဟုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူ၏။” “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြ” မည့်အကြောင်း ထိုနာမတော်ကို ယနေ့ကမ္ဘာချီကြေညာနေသူတို့ကား မည်သူများနည်း။ ယေဟောဝါသက်သေများသာတည်း။ “နာမအဖို့” ဖြစ်သောလူများ၊ “ထိုနာမတော်ကိုခံယူသူများ” နှင့်လူတို့ဆက်ဆံပုံသည် သူတို့အတွက် သေရေးရှင်ရေးကိစ္စဖြစ်ပေလိမ့်မည်။ ယေဟောဝါရှင်နှင့်ကိုယ်တော်၏သက်သေခံများကို အသင်ကိုယ်တိုင် မည်သို့သဘောထားဆက်ဆံသနည်း။—တမန်တော် ၂:၂၁။ ၁၅:၁၄။ မာလခိ ၃:၁၆-၁၈ နှိုင်းယှဉ်။