ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၂/၁ စာ. ၃-၄
  • ဘာသာတရား—အဘယ်ကြောင့်စိတ်မဝင်စားကြသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာသာတရား—အဘယ်ကြောင့်စိတ်မဝင်စားကြသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာသာတရားကို အဘယ့်ကြောင့် အလေးအနက်သဘောထားရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • မှားယွင်းတဲ့ဘာသာက ဘုရားကို ဂုဏ်ဖျက်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • စစ်မှန်တဲ့ဘာသာကို ဘယ်လို ရှာတွေ့နိုင်မလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဝတ်ပြုရေး ယင်းက အဘယ်ကောင်းမှု ပြုသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၂/၁ စာ. ၃-၄

ဘာသာတရား—အဘယ်ကြောင့်စိတ်မဝင်စားကြသနည်း

“ဘာသာတရားမရှိသောလူသည် ပြတင်းပေါက်မရှိသောအိမ်နှင့်တူသည်။” ဘာသာရေးအသိဉာဏ်လိုအပ်ပုံအကြောင်းကို ဂျပန်အမျိုးသားတစ်ဦးက သားဖြစ်သူမစ်ဇူအိုအား အထက်ပါအတိုင်းဖွင့်ဆိုခဲ့သည်။ သို့သော်လည်း မစ်ဇူအိုက ဖခင်၏စကားကိုအလေးအနက်မထားခဲ့ချေ။ အခြားဒေသများမှာရှိသောလူများကဲ့သို့ အလားတူသဘောထားမျိုးထားကြသောဂျပန်ပြည်သား တစ်နေ့တခြားများပြားလာလေသည်။ သူတို့သည် ‘ပြတင်းပေါက်မရှိသောအိမ်’ မျိုးအဖြစ်နှင့် မိမိတို့၏ဘဝအတွင်းသို့ ဘာသာရေးအလင်းရောင် ထွန်းလင်းစေရန် လုံးဝစိတ်မဝင်စားဘဲနေရသည်ကို တင်းတိမ်ကျေနပ်နေကြသည်။

ထိုကြောင့် ဂျပန်နိုင်ငံ၌ အမျိုးသားအကျင့်သိက္ခာလေ့လာမှုတစ်ရပ် ပြုလုပ်ရာတွင် တိုင်းသူပြည်သား ၆၉ ရာနှုန်းက မိမိတို့ကိုယ်ကို ဘာသာတရားကြည်ညိုသူအဖြစ် မယူဆကြောင်း အတိအလင်းပြောဆိုကြသည်။ လူငယ်လူရွယ်ပိုင်း၌ အချိုးအစားထိုထက်မြင့်မားသည်။ အင်္ဂလန်နိုင်ငံ၌ လွန်ခဲ့သောအနှစ် ၃၀ ကျော်အတွင်း ဆက်လက်၍အသုံးမပြုတော့သဖြင့် အင်္ဂလီကန်ဘုရားရှိခိုးကျောင်းရှစ်ကျောင်းလျှင် တစ်ကျောင်းနှုန်း ပိတ်လိုက်ရသည်။

သို့သော် ဂျပန်ပြည်တွင် ဘာသာရေးအခမ်းအနားအဆင်တန်ဆာတို့မှာမူ အထူးပင်အထင်အရှားတွေ့နေရဆဲဖြစ်သည်။ သို့သော်လည်း ၄င်းတို့ကို အဖိုးတန်ကြွေထည်ပစ္စည်းများပမာ မင်္ဂလာဆောင်နှင့်အသုဘအခမ်းအနားကဲ့သို့သော အချိန်အခါမျိုး၌သာ ရှားရှားပါးပါးထုတ်ဖေါ်ပြသကြသည်။ ဘာသာတရားကို ဝိညာဏအလင်းရောင်အတွက် တန်ဖိုးထားကြသည်ထက် ဒေသန္တရယဉ်ကျေးမှုနှင့် မိသားစုရိုးရာအမွေအနှစ် ထိန်းသိမ်းရာတွင် အရေးပါသဖြင့် ပို၍တန်ဖိုးထားကြသည်။ ဘာသာတရားကိုအားနည်းပျော့ညံ့သူများနှင့် ဒုက္ခရောက်နေသူများအတွက် စိတ်ကျေနပ်နှစ်သိမ့်စေသည့်အရာအဖြစ်လောက်သာ လူအများကသဘောထားကြသည်။ ဘာသာတရားမှရရှိသည့် လက်ဆုပ်လက်ကိုင်ပြနိုင်သော အခြားအကျိုးကျေးဇူးများကို သူတို့မမြင်ကြချေ။ ‘ဘာသာဆိုတာ အချိန်ပေးနိုင်လို့ရှိယင် သို့မဟုတ် လိုအပ်တယ်ထင်ယင် ကောင်းပါတယ်။ ပြောစရာမရှိပါဘူး။ ဒါပေမယ့် စားဝတ်နေရေးနဲ့ ငွေတောင်းခံလွှာအတွက် ငွေပေးဖို့ကျတော့ ကိုယ့်ကိုယ်ကိုအားကိုးရမှာပဲ’ ဟုအချို့ပြောတတ်ကြသည်။

ဤသို့လျစ်လျူရှုသည့် သဘော၏အကြောင်းရင်းခံကား အဘယ်နည်း။ အကြောင်းများစွာရှိသည်။ ပထမတစ်ခုမှာ လူမှုပတ်ဝန်းကျင်အခြေအနေဖြစ်သည်။ လူငယ်အများမှာ ဘာသာရေးသင်ကြားမှု အနည်းအကျဉ်းလောက်သာရရှိကြသည် သို့မဟုတ် အလျင်းမရရှိကြပေ။ ရုပ်ဝါဒလိုက်စားမှုကို အထူးအလေးပေးသည့် လူ့ဘောင်အဖွဲ့အစည်းတွင် နေထိုင်ကြသောသူအများသည် ရုပ်ဝါဒဆန်သောလူကြီးများအဖြစ် ကြီးပြင်းလာကြသည်မှာ အံ့ဩစရာမဟုတ်ပေ။

အချို့တိုင်းပြည်များမှ လောဘရမ္မက်ကြီး၍ အကျင့်သိက္ခာပျက်ပြားသော ရုပ်မြင်သံကြားတရားဟောဆရာများနှင့် အခြားထင်ရှားသော ဘာသာရေးခေါင်းဆောင်တို့၏မဖွယ်မရာ ပြုမူလုပ်ဆောင်မှုကြောင့်လည်း လူတို့သည် ဘာသာတရားကို ဖယ်ခွာသွားကြသည်။ ဥပမာအားဖြင့် နိုင်ငံရေးနှင့်စစ်ရေးတို့တွင် ပါဝင်စွက်ဖက်ခြင်း စသည်တို့ဖြစ်သည်။ သို့ရာတွင် တစ်ကိုယ်ကောင်းဆန်၍ တိုတောင်းကျဉ်းမြောင်းသည့်အမြင်သဘောထားဖြစ်သော ယခုလက်ငင်းအကျိုးလောက်နှင့် ကျွန်ုပ်တို့တကယ်ရောင့်ရဲကျေနပ်နေသင့်ပါသလော။ လူသားအများထု၌ စူးစမ်းသိမြင်လိုသည့်စိတ်ရှိကြသည်။ မိမိတို့အဘယ်မှလာ၍ ဘယ်ကိုဦးတည်သွားနေကြောင်း၊ မိမိတို့အဘယ်ကြောင့် အသက်ရှင်နေကြောင်း၊ မည်သို့နေထိုင်ရမည်အကြောင်းတို့ကို သိလိုကြသည်။ လူတို့သည် မျှော်လင့်ခြင်းဖြင့် အောင်မြင်ကြီးပွားတတ်ကြသည်။ လူ့ဘဝနှင့်စပ်လျဉ်းသော ဤအမေးများကို ဘေးဖယ်ထားမည်၊ “ဤအကြောင်းတို့သည် မသိနိုင်သောအကြောင်းများဖြစ်သည်” ဟူသောယူဆချက်ဖြင့် ကြိတ်မှိတ်မျိုသိပ်နေလျှင်လည်း စိတ်ကျေနပ်မည်မဟုတ်ပေ။ ဘုရားမယုံကြည်သော ဘာထရန်ရပ်စဲလ်ပင် “လောက၌ရှိသောအရာများနှင့် ကင်းကွာသောအရာကို စူးစမ်းသိမြင်လိုသည့် အမြော်အမြင်ကင်းမဲ့သောဝေဒနာ” အကြောင်း ပြောခဲ့ဖူးသည်။ ထိုသိမြင်စူးစမ်းခြင်းကို စစ်မှန်သောဘာသာတရားက ကျေနပ်စေနိုင်သည်။ သို့သော် မည်သို့အားဖြင့်နည်း။ ဘာသာတရားတစ်ခုခုကို အလေးအနက်သဘောထားထိုက်ကြောင်း အဘယ်သက်သေအထောက်အထားရှိသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ