ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၂/၁၅ စာ. ၈
  • ဘုရားသခင်ထံ ရှုပ်ထွေးစွာချဉ်းကပ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်ထံ ရှုပ်ထွေးစွာချဉ်းကပ်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာရိဟာ ဘုရားရဲ့ မယ်တော်လား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • “ကျွန်မဟာ ယေဟောဝါဘုရားရဲ့ အစေခံပါ”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • မာရိ (ယေရှု၏ မိခင်)
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • အပျိုစင် မာရိအကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၂/၁၅ စာ. ၈

ဘုရားသခင်ထံ ရှုပ်ထွေးစွာချဉ်းကပ်ခြင်း

“ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရ” ဟုယေရှုမိန့်ဆိုခဲ့သည်။ ကိုယ်တော်ကထပ်ဆင့်လိုက်သည်။ “ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည်ငါ၏နာမကိုအမှီပြု၍ ခမည်းတော်မှာဆုတောင်းသမျှတို့ကို ခမည်းတော်သည်ပေးတော်မူမည်။”—ယောဟန် ၁၄:၆။ ၁၆:၂၃။

သို့ရာတွင်၊ နှစ်ရာစုပေါင်းများစွာပင် ခရစ်ယာန်ဘောင်ဘာသာရေးသည် ယင်း၏ငရဲမီး၊ ငရဲကလေးနှင့်သုံးပါးတစ်ဆူအယူများအားဖြင့် လမ်းကိုရှုပ်ထွေးစေခဲ့သည်။ ယေရှုကိုအပြစ်သားများအတွက် စိတ်ပါကိုယ်ရောက်ကြားဝင်ပေးသူအဖြစ်မဟုတ်ဘဲ၊ လက်နက်များနှင့်သူငယ်၊ သို့မဟုတ် ကြောက်မက်ဖွယ်တရားသူကြီး၊ အပြစ်သားများကို ကယ်တင်ဖို့ထက်စီရင်ချက်ချကာ ဒဏ်ခတ်မည့်သူအဖြစ် ပုံဖော်ခဲ့ကြသည်။ သို့ဖြစ်လျှင်၊ အပြစ်သားတစ်ဦးသည် ဘုရားရှင်ထံမည်သို့ချဉ်းကပ်မည်နည်း။

The Glories of Mary (1750) စာအုပ်ကရှင်းပြသည်။ ယေရှုကိုရဲရဲတောက် တရားမျှတခြင်းနေနှင့်နှိုင်းယှဉ်၍ ၁၃ ရာစုမှတတိယမြောက် ပုပ်အင်နိုစင့်က “အပြစ်ညမှောင်တွင်ရှိသော မည်သူမဆိုသည် လအပေါ်သူ၏မျက်လုံးကြည့်စေ၊ မာရိထံအသနားခံစေ” ဟုကြေညာခဲ့သည်။ ယေရှု၏မိခင်မာရိဖြစ်သော နောက်ကြားခံတစ်ဦးကို တီထွင်ခဲ့သည်။ သူမ၏မိခင်ဆိုင်ရာလွှမ်းမိုးမှုဖြင့် ယေရှုနှင့်ဘုရားရှင်ထံမှ မျက်နှာသာရကောင်းရမည်။ ထို့ကြောင့်၊ ၁၅ ရာစုဓမ္မဆရာတစ်ဦးဖြစ်သော လောရင့်ဂျပ်စ်တီနီရန်၏စကားအရမာရိသည် “ပရဒိသုသို့လှေကား၊ ကောင်းကင်သို့ဂိတ်တံခါး၊ ဘုရားရှင်နှင့်လူစပ်ကြား အစစ်မှန်ဆုံးအာမခံအမျိုးသမီး” ဖြစ်ခဲ့သည်။

သူမအားမတန်တဆချီးမွမ်းခြင်းကြောင့်သူမကို “ကညာမာရိ” အဖြစ်သာမရှုမြင်ကြတော့ဘဲ “သန့်ရှင်းသောမိဖုရား၊ ကရုဏာ၏မယ်တော်ဖြစ်လာသည်။ အပြစ်လုံးဝကင်းစင်သည့်ပုံစံနှင့် သူမသည်လည်းတိုက်ရိုက်ချဉ်းကပ်ရန် သန့်ရှင်းမြင့်မြတ်လွန်းသည်ဟု ချီးမြှောက်ခဲ့ကြသည်။ နောက်ထပ်ကြားဝင်သူ တွေ့ရဦးမည်လော။ သူမ၏ မိခင်ကော။

ဤအကြောင်းကိုသမ္မာကျမ်းစာက ဘာမှမဆိုထားသောကြောင့် အဖြေကိုအခြားတွင်ရှာရပေမည်။ “Protevangelium of James” ဟုခေါ်သောကျမ်းပိုက “ယောယကင်၏ဇနီး အင်နီ (သို့မဟုတ် အန္န) အကြောင်းပြောထားသည်။ သူမသည်အိမ်ထောင်ပြုပြီးနောက်၊ နှစ်ပေါင်းများစွာ ကလေးမရှိဘဲဖြစ်နေသည်။ အချိန်တန်သော် သူမသည် “ကညာမာရိ” ၏မိခင်ဖြစ်လာသည်ဟုဆိုသည်။

သို့နှင့် “စိန့်” အင်နီကိုကြည်ညိုခြင်းအယူပေါ်လာသည်။ သူမအားဂုဏ်ပြုရန်အဆောက်အအုံ၊ ဘုရားကျောင်းများဆောက်ခဲ့ကြသည်။ ၁၄ ရာစုမြောက်တွင် “စိန့်” အင်နီကိုကြည်ညိုခြင်းသည် ဥရောပတွင်ပျံ့နှံ့လာခဲ့သည်။

ဘာသာတရားသည်မည်မျှရှုပ်ထွေးလာပါသည်တကားဟု The Story of the Reformation ကသုံးသပ်ထားသည်။ “လူများသည် ကြားခံပေးသူအင်နီ၊ သူမှတစ်ဆင့်မာရိ၊ သူမှတစ်ဆင့်သားတော်၊ သူမှတစ်ဆင့် ဘုရားသခင်ထံ ဆုတောင်းခဲ့ကြသည်။ ယင်းသည်အဆီအငေါ်မတည့် ဖြစ်နေသည်။ သို့သော်ယင်းသည် လူ့ဝိညာဉ်သွန်သင်ခြင်းဆိုင်ရာ အယူသီးသောယုံကြည်ချက်မျိုးဖြစ်သည်။ ဤတွင်လည်းယေရှု၏စကားများ လျော်ကန်စွာသက်ဆိုင်နေပါသည်။ “မိမိတို့အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ပယ်ကြ၏။”—မာကု ၇:၁၃။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

The Metropolitan Museum of Art, Bequest of Benjamin Altman, 1913. (14.40.633)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ