သွေးသည် သင့်အသက်ကို မည်သို့ကယ်တင်နိုင်သနည်း
သွေးသွင်းခြင်းကို စိတ်ချရသော၊ အသက်ကယ်နည်းအဖြစ် တင်စားပြောဆိုကြသည်။ သို့သော်ဒေါက်တာ အလန်အေဝါးလ်ဒ်မင်က “သွေးနှင့်စပ်လျဉ်း၍ ဘေးကင်းသည်ဟု မှတ်ယူထားခြင်းသည် သွေးသွင်းခြင်းနှင့်ဆက်နွယ်သော အေအိုင်ဒီအက်စ် တွေ့ရှိမှုကြောင့် အထူးပြောင်းလဲခဲ့သည်။”
သို့ပင်ငြားလည်း အေအိုင်ဒီအက်စ်သည် တစ်ခုတည်းသော အန္တရာယ်မဟုတ်ချေ။ “အခြားဖြစ်ပေါ်လာမှုအများက လှူဒါန်းထားသောသွေးကိုသုံးခြင်းဖြင့် မသိရှိသေးသော၊ ထိန်းချုပ်၍မရသော အန္တရာယ်များ ဖြစ်ပေါ်လာမည့်ခံစားချက်ကို ဖြစ်ပေါ်စေသည်” ဟု ဒေါက်တာဝါးလ်ဒ်မင်က ထောက်ပြသည်။ “ယခုတွင်၊ တစ်ခါကပြေလည်ပြီဟုယူဆခဲ့သော ကိစ္စဖြစ်သည့်—ဥပမာအသည်းရောင် ဘီ ဗိုင်းရတ်ပိုးပါမပါ စမ်းသပ်ရာတွင်ထိရောက်မှုကို စောဒကတက်နေကြပေပြီ။”—Diagnostics & Clinical Testing, July 1989.
အမှန်ပင်၊ သွေးသည် အန္တရာယ်ကြီးမားသော ပစ္စည်းဖြစ်သည်။ တစ်ချိန်တည်းတွင်၊ သွေးသည် အသက်ကယ်ရာတွင် အရေးပါသည်။ သွေးသည်သင့်အသက်ကို မည်သို့ကယ်တင်နိုင်မည်နည်း။ ဤမေးခွန်းကို ၃၂ မျက်နှာဘရိုရှာစာစောင်ဖြစ်သော How Can Blood Save Your Life? တွင်လေ့လာစူးစမ်းခြင်းဖြင့် သင်အကျိုးခံစားရပါလိမ့်မည်။
သင်ရရှိလိုပါက အောက်ပါဖြတ်ပိုင်းကိုဖြည့်စွက်၍ စာတိုက်မှပို့လိုက်ပါ။ (အင်္ဂလိပ်နှင့်တရုတ်လိုသာရနိုင်ပါသည်။)