ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများ မှတ်တမ်း
ခတ္တမန္ဒူမြို့တွင် သူတို့ယုံကြည်လာ
ပြင်သစ်နိုင်ငံ၊ ဗြိတန်နီမြို့တွင် ပန်းချီဆရာမတစ်ဦးသည် ၁၉၈၀ ခုနှစ်ကသမ္မာတရားကိုစတင်ရှာဖွေခဲ့သည်။ ပင်တကော့စ်တဲလ်ဘာသာဝင်များနှင့် ကျမ်းစာဆွေးနွေးသည်။ အရှေ့တိုင်းဘာသာတရားများကိုလေ့လာခဲ့သည်။ သို့သော်လည်းကျေနပ်မှုမရရှိခဲ့ပေ။ ထိုနောက် ယေဟောဝါသက်သေတစ်ဦးနှင့်အနည်းအကျဉ်းဆွေးနွေးပြီးနောက် မကြာမီပင် ရပ်တန့်လိုက်သည်။ ပန်းချီဆရာတစ်ဦးနှင့်အတူတွဲ၍အလုပ်လုပ်ကိုင် နေထိုင်လေတော့သည်။
များမကြာမီ ဤလက်မထပ်ထားသောစုံတွဲသည် နီပေါလ်နိုင်ငံသို့ အလည်အပတ်သွားရန်ဆုံးဖြတ်ကြသည်။ ထိုနိုင်ငံရှိအလှကျက်သရေနှင့်ငြိမ်သက်မှုကို များစွာနှစ်ခြိုက်ခဲ့ကြသော်လည်း အနောက်နိုင်ငံသားမျက်စိတွင် မတရားပုံရှိသည့် အဆင့်အတန်းခွဲခြားမှုစနစ်ကိုကား သူတို့လုံးဝသဘောမတူနိုင်ကြချေ။
ပြင်သစ်နိုင်ငံသို့ပြန်ရောက်ကြသောအခါ သမ္မာကျမ်းစာကိုအတူတကွလေ့လာကြလျှင်ကောင်းမည်ဟု သူမ၏တွဲဖက်အားအကြံပြုခဲ့ရာ သဘောတူလက်ခံခြင်းကို သူမအံ့အားသင့်ခဲ့သည်။ လွန်ခဲ့သောနှစ်နှစ်ကကျမ်းစာဆွေးနွေးခဲ့ဖူးသည့် ယေဟောဝါသက်သေ၏အကူအညီကိုသူတို့တောင်းဆိုကြသည်။ အစတွင် သမ္မာကျမ်းစာကိုသာသူတို့အသုံးပြုကြသည်။ သို့သော်နောက်ပိုင်းတွင် ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရား စာအုပ်ကိုအသုံးပြုရန် သဘောတူညီ၍ ထိုနောက် သင်သည် ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်ကိုဆက်လေ့လာကြသည်။ တစ်နှစ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲခြင်းကို သူတို့ဖြတ်ပစ်ကြသည်။
နီပေါလ်နိုင်ငံသို့ နောက်တစ်ကြိမ်နှစ်လကြာလည်ပတ်ပြီးနောက် ပြင်သစ်နိုင်ငံသို့ပြန်လာပြီး ကျမ်းစာဆက်လေ့လာပြန်သည်။ ဆေးလိပ်ဖြတ်ကြပြီး အရက်ဆိုင်များ၊ ကပွဲရုံများသို့မသွားကြတော့ဘဲ ယေဟောဝါသက်သေများ၏စည်းဝေးများကို စတက်ကြလေသည်။ သို့ရာတွင် ထာဝစဉ်အသက်ရှင် စာအုပ်ကို ပြီးသည်အထိလေ့လာပြီးနောက် ဆက်မလေ့လာရန် ဆုံးဖြတ်ကြသည်။
နီပေါလ်နိုင်ငံသို့ နောက်တစ်ကြိမ်လည်ပတ်သွားကြပြီး ဟိမဝန္တာတောင်ခြေရင်း၌ အိမ်ကလေးတစ်အိမ်တွင်နေထိုင်ကြသည်။ တစ်နေ့သောအခါ ကုတ်ဝတ်စုံဝတ်ဆင်ထားသော သက်ကြီးရွယ်အိုတစ်ဦး သူတို့တံခါးကိုလာခေါက်သည်။ အမျိုးသမီးတစ်ဦးတည်းရှိနေ၍ သူတို့၏ပန်းချီကားများကို လာဝယ်လိုသူတစ်ဦးဖြစ်မည်ဟု သူယူမှတ်ခဲ့သည်။ ပြင်သစ်နိုင်ငံတွင် သူတို့နှင့်ကျမ်းစာလေ့လာခဲ့သူ၏ညွှန်ကြားချက်အရ ရောက်ရှိလာသောသက်သေခံတစ်ဦးဖြစ်နေ၍ သူမအံ့အားသင့်ခဲ့သည်။ များမကြာမီ သူမအဖော်ပြန်ရောက်လာပြီး နှစ်နာရီကြာကျမ်းစာဆွေးနွေးကြလေသည်။
နောက်ရက်အနည်းငယ်တွင် ထိုမောင်နှံစုံသည် ခတ္တမန္ဒူရှိယေဟောဝါသက်သေခံများ၏စည်းဝေးပွဲကိုတက်ခဲ့ကြရာ တက်ရောက်သူတို့၏သန့်ပြန့်သောအသွင်ကို အထူးသဘောကျသွားကြသည်။ ပြင်သစ်နိုင်ငံတွင်တွေ့ရှိခဲ့ကြသော ညီအစ်ကိုချင်းမေတ္တာနှင့်ပျော်ရွှင်မှုကိုပင်သူတို့တွေ့မြင်ခဲ့ကြသည်။ စည်းဝေးတက်ကြသောနီပေါလ်နိုင်ငံသားတို့သည် အဆင့်အတန်းအမျိုးမျိုးမှဖြစ်ကြသော်လည်း စည်းလုံးနိုင်ကြသည်ကို သူတို့တွေ့မြင်ခဲ့သည်။ ဤတွင် ယင်းအဖွဲ့သည် ယေဟောဝါအဖွဲ့အစည်းဖြစ်ရမည်ကို သူတို့ယုံကြည်လက်ခံနိုင်ကြသည်။
တစ်လအကြာတွင် ပြင်သစ်နိုင်ငံသို့သူတို့ပြန်သွားကြသည်။ ချက်ချင်းပင်လျှင် ကျမ်းစာပြန်လေ့လာပြီး စည်းဝေးများကိုလည်းတက်ကြသည်။ သူတို့ထိမ်းမြားလိုက်ပြီး သက်သေခံခြင်းလုပ်ငန်း၌စတင်ပါဝင်ကြကာ နောက်ဆုံးနှစ်ခြင်းယူကြသည်။ လင်ယောက်ျားဖြစ်သူသည် ယခုဓမ္မအမှုထမ်းဖြစ်နေပြီ။ ဇနီးသည်မူကား အရံရှေ့ဆောင်လုပ်ငန်း၌ မှန်မှန်ပါဝင်နေသည်။ စိတ်ထားမှန်သူများသည် ယေဟောဝါ၏ဝိညာဉ်တော်အကူအညီကိုရပြီး ကိုယ်တော်ကိုဝတ်ပြုသူများဖြစ်လာရန် တိုးတက်လာမည်အမှန်။—ဗျာဒိတ် ၇:၁၅-၁၇။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/မြေပုံ]
နီပေါလ်နိုင်ငံ
လူဦးရေ _ ၁၇,၇၁၂,၂၂၁
၁၉၉၀ အများဆုံးကြေညာသူ _ ၆၃
နှိုင်းစာချက်၊ ကြေညာသူတစ်ဦးလျှင် _ ၂၈၁,၁၄၆
ပျမ်းမျှရှေ့ဆောင်ကြေညာသူများ _ ၁၀
အသင်းတော်အရေအတွက် _ ၁
ပျမ်းမျှကျမ်းစာသင်အံမှု _ ၁၀၇
သတိရအောက်မေ့ပွဲသို့တက်ရောက်သူ _ ၂၂၀
[မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
နီပေါလ်နိုင်ငံ
အိန္ဒိယနိုင်ငံ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
Market scene in Kathmandu, Nepal