ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၉/၁ စာ. ၃၂
  • ဆင့်ကဲအယူ၌ သူတို့၏ခံယူချက် ပြိုကွဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆင့်ကဲအယူ၌ သူတို့၏ခံယူချက် ပြိုကွဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၉/၁ စာ. ၃၂

ဆင့်ကဲအယူ၌ သူတို့၏ခံယူချက် ပြိုကွဲ

ယူအက်စ်အေ၊ ဝစ္စကပ်စင်ပြည်နယ်၊ မီလ်ဝါကီမြို့သားတစ်ဦး လွန်ခဲ့သောနှစ်က “Life—How Did It Get Here? By Evolution or by Creation? စာအုပ်ပုံနှိပ်ထုတ်ဝေ” ခြင်းအတွက် ဤကျေးဇူးတင်စာတစ်စောင် ရေးသားခဲ့သည်။ သူဤသို့ရှင်းပြသည်။

“လွန်ခဲ့သောနှစ်နှစ်က တရုတ်ပြည်၊ ပီကင်းမြို့မှ မီလ်ဝါကီမြို့၊ ဆေးတက္ကသိုလ်လာတက်သူ လူငယ်မောင်နှံစုံကိုတွေ့ဆုံခဲ့သည်။ သူတို့သည် ဇီဝဓာတုပညာရှင်များဖြစ်ပြီး ဆင့်ကဲအယူကို သူတို့စိတ်ရင်းမှန်ဖြင့်ယုံကြည်လက်ခံကြောင်း ပြောဆိုသည်။

“သိပ္ပံပညာနှင့်ယှဉ်၍ သူတို့နှင့်စကားပြောဆိုချေပရန် ကျွန်ုပ်မတတ်နိုင်သဖြင့် စာအုပ်ကိုယ်နှိုက်က သူတို့အားသွန်သင်ပေးစေရန် ဆုံးဖြတ်သည်။ ယင်းကိုကျွန်ုပ်တို့လေ့လာကြစဉ် ဆင့်ကဲအယူကိုသူတို့ယုံကြည်ခြင်းစတင်ရှိလာသည်ကိုတွေ့ရှိရ၏။”

စာအုပ်တစ်အုပ်လုံးကိုဖတ်ပြီးခဲ့သည်။ မီလ်ဝါကီမှအမျိုးသားက ရလဒ်ကိုဤသို့တင်ပြသည်။ “ယခု သမ္မာကျမ်းသည် သူတို့အတွက် စစ်မှန်သောအကြောင်းများတင်ပြရာစာအုပ်ဖြစ်လေပြီ။ အဆိုပါ ထူးခြားစွာကောင်းလှသောစာစောင်အတွက် တစ်ဖန်ကျေးဇူးတင်လိုပါသည်။”

ဤရုပ်ပုံများစွာပါသော ၂၅၆ - မျက်နှာရှိစာအုပ်ကိုရလိုလျှင် ပူးတွဲပါပုံစံစာရွက်ကိုဖြည့်ပြီးစာတိုက်မှတစ်ဆင့်ပို့လိုက်ပါ။ (ငွေကို ငွေပို့လွှာဖြင့်ပို့ရန်။)

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

ဤမြားသွားအတွက် ပုံ စံရေးဆွဲသူလိုသည်။

DNA မော်လီကျူးအတွက် ပုံစံရေးဆွဲသူမလိုဘဲနေမည်လော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ