လည်ပတ်လာခြင်းကို သင်လက်ခံမည်လော
လွန်ခဲ့သည့်နှစ်က၊ အမေရိကန်၊ တက်ခ်ဆက်စ်၊ ကောပတ်စ်ခရစ္စတီမှ အမျိုးသမီးတစ်ဦးသည် ဘရွတ်ကလင်၊ နယူးယောက်ရှိ ကင်းမျှော်စင်အသင်းသို့ ဤသို့စာရေးခဲ့သည်။ “ကျွန်မ၏နာမည်သည် အယ်မလီဖြစ်သည်။ ရက်သတ္တပတ်အနည်းငယ်ကစ၍ ယေဟောဝါသက်သေများပေးခဲ့သော စာပေများကို ကျွန်မလေ့လာနေပါသည်။ မဂ္ဂဇင်းများကိုဖတ်ရှု၍ ကျွန်မ၏မိသားစုသမ္မာကျမ်းစာနှင့် နှိုင်းယှဉ်ကြည့်ပြီးနောက် ရိုမင်ကက်သလစ်အသင်းသည် သန့်ရှင်းသောသမ္မာကျမ်းစာတွင်ပါသည်ကို သင်ပေးပုံမရကြောင်း ကျွန်မမြင်တွေ့ခဲ့ရပါသည်။ သူတို့သည် ကျွန်မ၏ကျမ်းစာတွင် သော့ချက်အဖြစ်ကျွန်မမြင်တွေ့ရသော အကြောင်းဖြစ်သည့် ဘုရားနာမတော် သို့မဟုတ် လာလတံ့သောဘုရားနိုင်ငံတော်အကြောင်းကို ဘယ်တော့မျှမပြောကြချေ။ ကျွန်မသည် ကျွန်မတို့၏မိသားစုဘုရားကျောင်းကိုမသွားတော့ဘဲ ကျမ်းစာကိုစ၍လေ့လာနေပါပြီ။ သင်တို့၏အမှန်တရားစာပေများအတွက် ကျေးဇူးတင်ပါသည်။”
“ကျွန်မအနေနှင့် ဒေသခံယေဟောဝါသက်သေများ၏ အသင်းတော်နှင့်စ၍ပေါင်းသင်းလိုပါသည်။ ကျွန်မတို့စကားစမြည်ပြောနိုင်ရန်အတွက် ကျွန်မအိမ်သို့လာစေရန် ကျေးဇူးပြု၍သူတို့အား အကြောင်းကြားပေးပါ။”
ယေဟောဝါသက်သေတစ်ဦးသည်လည်း သင့်ထံလည်ပတ်ပြီး သမ္မာကျမ်းစာတွင်မှတ်တမ်းတင်ထားသည့်အတိုင်း ဘုရားသခင်၊ ကိုယ်တော်၏နိုင်ငံတော်၊ ကိုယ်တော်၏ရည်ရွယ်ချက်များနှင့်စပ်လျဉ်းသောအသိပညာတိုးပွားရန် သင့်အားကူညီပေးဖို့ အသင့်ဖြစ်ပါသည်။ ဤအကျိုးဆောင်မှုကိုရရှိရန် အောက်ဖော်ပြပါတောင်းခံထားသည်ကိုဖြည့်စွက်၍ ဖြတ်ပိုင်းပါလိပ်စာသို့ပို့လိုက်ပါ။