ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁၀/၁ စာ. ၂၄-၂၅
  • သမ္မာတရားရှာသူများ အလွတ်သဘောသက်သေခံခြင်းကိုတုံ့ပြန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာတရားရှာသူများ အလွတ်သဘောသက်သေခံခြင်းကိုတုံ့ပြန်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသက်သေတွေ ဘာကြောင့် ခရစ္စမတ်ပွဲ မကျင်းပကြသလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ခရစ္စမတ်သည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • မျက်မှောက်ခေတ် ခရစ္စမတ်ပွဲ၏အရင်းအမြစ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခရစ္စမတ်ပွဲရဲ့ အနှစ်သာရကို ဆန်းစစ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁၀/၁ စာ. ၂၄-၂၅

ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများ မှတ်တမ်း

သမ္မာတရားရှာသူများ အလွတ်သဘောသက်သေခံခြင်းကိုတုံ့ပြန်

သမ္မာကျမ်းစာက ကျွန်ုပ်တို့အားသိုးကဲ့သို့သောသူများသည် ကောင်းသောသိုးထိန်း၏အသံကို တုံ့ပြန်ကြမည့်အကြောင်းသိရှိစေသည်။ (ယောဟန် ၁၀:၂၇) ဗြိတိန်အပါအဝင်ဒေသအများ၌ ထိုသို့ဖြစ်ပျက်လျက်ရှိသည်။

▫ ဥပမာ၊ ၁၉၈၈ ခုနှစ်တွင် ခရစ်စမတ်ပွဲမတိုင်မီလေးတွင် ယေဟောဝါသက်သေခံတစ်ဦးဖြစ်သူ ပါမီလာသည် သူမအလုပ်လုပ်သောရုံး၌ အင်္ဂလန်မြို့၏အခြားတစ်နေရာရှိ ကုမ္ပဏီတူသောအရောင်းစာရေးတစ်ယောက် ဖုန်းဆက်ခြင်းကိုပြန်လည်ဖြေကြားခဲ့သည်။ နိဂုံးချုပ်တွင် ထိုသူက “ယခုခရစ်စမတ်အတွက်အသင့်ဖြစ်ပြီးလား” ဟုမေးလိုက်ရာ ပါမီလာက “အသင့်မရှိပါဘူး” ဟုပြန်ဖြေလိုက်ရာ “နောက်ကျမနေဘူးလား” ဟုဖုန်းဆက်သူကမေးသည်။ ပါမီလာက “ကျွန်မခရစ်စမတ်ပွဲမလုပ်ဘူး” လို့ပြန်ဖြေလိုက်သည်။ ထိုလူက ယင်းသည်ထူးခြားသည်ဟုဆိုပြီး၊ ဘာကြောင့်မပြုလုပ်ကြောင်းမေးသည်။ ပါမီလာက သူမသည်ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်း၊ ဆက်လက်ပြီးကျမ်းစာထဲ၌ ယေရှုမွေးနေ့လုပ်ရန်မမိန့်မှာကြောင်းရှင်းပြခဲ့သည်။ ဖုန်းဆက်သူက အလွန်စိတ်ဝင်စားဖွယ်ကောင်းကြောင်းပြောလေသည်။သုံးလကြာပြီးနောက် ပါမီလာထံဖုန်းလာရာ ဆက်သူက “ခရစ်စမတ်ပွဲမတိုင်မီတုန်းက ကျွန်တော်နဲ့စကားပြောခဲ့ပြီး ခရစ်စမတ်ပွဲမကျင်းပတဲ့အကြောင်းပြောခဲ့တဲ့ ကျွန်တော့်ကိုမှတ်မိသေးလား။ ကျွန်တော်တော့အခုသမ္မာတရားရပြီ” ဟုပြောခဲ့သည်။ ဤသူသည်ယခင်လူဖြစ်ပြီး ခရစ်စမတ်ပွဲပြီးနောက်နှစ်ပါတ် တွင်သက်သေခံနှစ်ဦး သူ့အိမ်သို့လာခဲ့ကြောင်းရှင်းပြသည်။ ဤသူများကို အိမ်ထဲဖိတ်ခေါ်ခဲ့ပြီး ကျမ်းစာစသင်ခဲ့သည်။ သူသည်သင်အံမှုတွင် မြန်မြန်ပင်တိုးတက်လာခဲ့ကြောင်းပြောပြသည်။ သူကသူ၏ရည်းစားနှင့်အတူတကွနေထိုင်ခြင်းသည် ယေဟောဝါနှစ်လိုဖွယ်မဟုတ်သောကြောင့် သူတို့ခွဲနေကြပြီး၊ ယခုနှစ်ဦးစလုံးနိုင်ငံတော်ခန်းမတွင် အစည်းအဝေးများတက်နေကြောင်းပြောပြသည်။

နှစ်ကုန်ပိုင်းတွင် သူတို့အားနှစ်ခြင်းမခံရသေးသောကြေညာသူများအဖြစ်လက်ခံပြီး၊ ၁၉၉၀ ခုနှစ်စောစောပိုင်းတွင် လက်ထပ်လိုက်ကြသည်။ ထိုနောက်သူတို့အတူတကွ နှစ်ခြင်းခံလိုက်ကြသည်။ တယ်လီဖုန်းအားဖြင့်အလွတ်သဘောတိုတောင်းစွာသက်သေခံလိုက်ခြင်းမှ အထူးကောင်းမွန်သောအကျိုးရလဒ်ရရှိခဲ့သည်။

▫ ယေဟောဝါသည် အင်္ဂလန်ရှိအလွတ်သဘောသက်သေခံခဲ့သော အခြားညီအစ်မတစ်ဦးအားလည်း ကောင်းချီးပေးခဲ့သည်။ အာမခံဌာနမှ လူတစ်ဦးသူမ၏တံခါးဝသို့ရောက်လာသောအခါ ညီအစ်မကကောင်းသောကျန်းမာရေး၊ ပျော်ရွှင်မှုနှင့်ထာဝရအသက်အာမခံချက် ရရှိလိုသလောဟုမေးခဲ့သည်။ သူကလိုချင်ကြောင်းပြောခဲ့ပြီး၊ မည်သည့်အာမခံအကြောင်းပြောနေသနည်းဟုမေးခဲ့သည်။ မြေကြီးပရဒိသုထာဝရအသက်နှင့်ပတ်သက်သော ယေဟောဝါ၏ကတိတော်ကိုကျမ်းစာမှပြသောအခါ၊ သင်သည်ကမ္ဘာ့ပရဒိသုအတွင်း ထာဝရစဉ်အသက်ရှင်နိုင်သည် စာအုပ်ကို ထိုသူလက်ခံယူပြီးနောက် တစ်ညနေတည်းနှင့်တစ်အုပ်လုံးကိုဖတ်ခဲ့သည်။ ထိုသူသည် ညီအစ်မထံထပ်မံလည်ပတ်လာသောအခါ ထိုအကြောင်းအရာတို့သည် ထူးမြတ်လှပြီး ဤအရာများကိုသူယုံကြည်ရန်ယုံကြည်ခြင်းသာလိုကြောင်း သူမအားပြောခဲ့သည်။ ညီအစ်မက သူသည်ကျမ်းစာလေ့လာဖို့လိုကြောင်းနှင့် နိုင်ငံတော်ခန်းမ၌စည်းဝေးများတက်ရန်လိုကြောင်းပြောပြခဲ့သည်။ ကျမ်းစာသင်အံရန်စီစဉ်ခဲ့ပြီး၊ ထိုသူသည် စည်းဝေးများကိုစတက်သည်။ ထိုနှစ်အကုန်ပိုင်း၌ ထိုသူနှစ်ခြင်းခံခဲ့လေသည်။ တစ်နှစ်ကြာပြီးနောက် ဦးဆုံးသူ့ကိုသက်သေခံခဲ့သောညီအစ်မ၏သမီးနှင့်လက်ထပ်ခဲ့လေသည်။ ညီအစ်မက “အလွတ်သဘောသက်သေခံတဲ့အတွက်ကြောင့် ကျွန်မဟာညီအစ်ကိုတစ်ယောက်ရော၊ သားမက်ရောရရှိခဲ့ပါတယ်” ဟုပြောလေသည်။

အလွတ်သဘောသက်သေခံခြင်းဖြင့် သမ္မာတရားကိုဖော်ပြသည့်အခါ အမှန်တရားကိုရှာနေသူများ တုံ့ပြန်ကြသည်မှာအမှန်တရားဖြစ်သည်။ ယေရှုပြောသကဲ့သို့ ကိုယ်တော်၏အသံကို ကိုယ်တော်၏သိုးများနားထောင်ကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ