ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၆/၁
  • သင်စိတ်ပျက်မည်မဟုတ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်စိတ်ပျက်မည်မဟုတ်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယင်းကိုသူတို့ အဘယ်ကြောင့်လုပ်ကြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ၁၉၉၈ ခုနှစ် “ဘုရားသခင်၏အသက်လမ်း”ခရိုင်နှင့် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ၁၉၉၆ ခုနှစ် “ဘုရားရေးရာ ငြိမ်သက်ခြင်း၏တမန်များ” ခရိုင်စည်းဝေးကြီး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • စည်းဝေးကြီးများ—ကျွန်ုပ်တို့ညီအစ်ကိုအသင်းအပင်းဖြစ်ကြောင်း ရွှင်လန်းဖွယ်အတည်ပြုချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၆/၁

သင်စိတ်ပျက်မည်မဟုတ်ပါ

ဖိလစ်ပိုင်မှဇနီးမောင်နှံတစ်စုံသည် ထိုနေရာသို့ရောက်ရှိရန် နှစ်ရက်ကြာသွားခဲ့ရသည်။ သူတို့သည် ကလေးနှစ်ယောက်နှင့်အတူ မျှော့ပေါသည့်တောများနှင့်မုန်တိုင်းမိုးကြောင့် ရေလျှံနေသောမြစ်များကိုဖြတ်ပြီး မိုင် ၄၀ ခရီးကို ခြေလျင်လျှောက်သွားကြရသည်။ သို့သော် မရောက်ရောက်အောင်သွားရန် သူတို့ဆုံးဖြတ်ထားကြသည်။

ဇိုင်ယာရ်နိုင်ငံမှအမျိုးသမီးနှစ်ယောက်သည် ထိုနေရာသို့ရောက်ရန် မိုင် ၃၀၀ ကျော်ခရီးကို ၁၄ ရက်ကြာလမ်းလျှောက်သွားကြသည်။ ဇိုင်ယာနိုင်ငံ၌ပင် အသက် ၇၀ နှစ်ရှိအဖိုးအိုတစ်ဦးသည် ထိုနေရာသို့ရောက်ရန် မိုင်ပေါင်း ၁၆၀ စက်ဘီးနင်း၍သွားခဲ့သည်။ ခရီးရှည်သောကြောင့် သို့မဟုတ် မသက်သာမှုကြောင့် သူစိတ်ပျက်အားလျော့ခြင်းမရှိခဲ့ပါချေ။ အရေးကြီးသည်ကား ထိုနေရာသို့မရောက်မနေသွားရန်ဖြစ်သည်။

သူတို့အားလုံးမည်သည့်နေရာသို့သွားနေခဲ့ကြသနည်း။ သူတို့၏နိုင်ငံများတွင်ဖွဲ့စည်းထားလျက်ရှိသော ယေဟောဝါသက်သေများ၏ ကြီးမားသောအတိုင်းအတာဖြင့်စုဝေးမှုတစ်ခုသို့ သူတို့သွားနေကြခြင်းဖြစ်သည်။ လမ်းခရီးမည်မျှခက်ခဲပါစေ မိမိတို့၏ကြိုးစားအားထုတ်မှုသည် အကျိုးနပ်သည်ဟု သူတို့အားလုံးယူမှတ်ကြသည်။

၁၉၉၂ ခုနှစ်တွင်ကျင်းပမည့် “အလင်းဆောင်သူများ” ခရိုင်စည်းဝေးပွဲကြီးကိုတက်ရောက်ရန် အစီအစဉ်များသင်ရေးဆွဲပြီးပြီလော။ တက်ရောက်နိုင်ရန် ထိုယုံကြည်သူများလောက် သင်ကြိုးစားအားထုတ်စရာလိုလိမ့်မည်မဟုတ်ပေ။ သို့သော် သင့်အတွက်အခက်အခဲများရှိသည့်တိုင် ယင်းကိုလက်မလွတ်ရန် သင့်အားကျွန်ုပ်တို့တိုက်တွန်းပါသည်။

အလွန်ကောင်းမွန်ပြီး အလွန်လက်တွေ့ကျသောအစီအစဉ်များကို ပြင်ဆင်ထားပါသည်။ ခရစ်ယာန်ပေါင်းသင်းမှုကိုသင်မွေ့လျော်ပြီး စစ်မှန်သောငြိမ်းချမ်းမှု၊ အနာဂတ်အလားအလာ၊ ဘုရားသခင်၏အလိုတော်ဆောင်ခြင်းသည် မည်သို့သာ၍ကောင်းမြတ်သည်တို့ကို သင်လေ့လာရန်သင်စိတ်ဝင်စားလျှင် သင်စိတ်ပျက်ရမည်မဟုတ်ပါဟုကျွန်ုပ်တို့ကတိခံနိုင်ပါသည်။ သင့်ဒေသရှိသက်သေခံတစ်ဦးက သင်နှင့်အနီးဆုံးအစည်းအဝေးကျင်းပမည့်နေရာနှင့်အချိန်ကို ပြောပြပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ