ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၇/၁ စာ. ၂၄-၂၅
  • ဂါရာဇ—ဂျူးနှင့်ဂရိတို့ဆုံတွေ့ခဲ့သည့်နေရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂါရာဇ—ဂျူးနှင့်ဂရိတို့ဆုံတွေ့ခဲ့သည့်နေရာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဂါလိလဲပင်လယ်ကို လာလည်လှည့်ပါ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခ၁၀ ယေရှုလက်ထက် အစ္စရေးနိုင်ငံ
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ဂိလဒ် သတ္တိရှိသူများ အတွက် အရပ်ဒေသ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ‘ယုဒလူမျိုးတို့၏ တိုင်းပြည်မှ’ ယေရှု
    “ကောင်းမွန်သောပြည်ကို ကြည့်လော့”
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၇/၁ စာ. ၂၄-၂၅

ကတိထားရာပြည်မှမြင်ကွင်းများ

ဂါရာဇ—ဂျူးနှင့်ဂရိတို့ဆုံတွေ့ခဲ့သည့်နေရာ

တမန်တော်ပေါလုက အာဗြဟံ၏မျိုးနွယ်စစ်များတွင် “ယုဒလူမရှိ၊ ဟေလသလူမရှိ” ဟုရေးသားခဲ့သည်။ (ဂလာတိ ၃:၂၆-၂၉) မှန်ပါသည်။ ဘုရားသခင်၏လက်သင့်ခံမှုကိုရရှိသည်နှင့်အမျှ လူမျိုးရေးနောက်ခံ သို့မဟုတ် ယဉ်ကျေးမှုတို့သည် အကြောင်းမဟုတ်တော့ပါ။

ထိုစကားများသည် ဂလာတိပြည်နယ်ကဲ့သို့သော ဂျူး၊ ဂရိ၊ ရောမနှင့် ဒေသခံလူများရောနှောနေထိုင်ခဲ့သော ရောမအုပ်ချုပ်ခံနယ်တစ်ဝိုက်ရှိခရစ်ယာန်များအတွက် ပို၍ဆီလျော်ပုံရသည်။ သို့ရာတွင် ဂိလဒ်ကဲ့သို့သော ဣသရေလနယ်မြေများအတွက်မည်သို့နည်း။

ထိုဒေသသည် ယော်ဒန်အရှေ့ဘက်၊ ဆားငံအိုင် (ပင်လယ်သေ) နှင့်ဂါလိလဲပင်လယ်အကြားတွင်တည်ရှိသည်။ ဤမြေသြဇာကောင်းမွန်သောကုန်းပြင်မြင့်အလယ်လောက်တွင်ရှိသည့်ယဗ္ဗုတ်မြစ်သည် ယော်ဒန်မြစ်ထဲသို့စီးဝင်သည်။ အထက်ပါဓာတ်ပုံသည် ယဗ္ဗုတ်မြစ်အထက်ပိုင်းတွင်ရှိ ယခုဂျာရက်ရှ်ဟုခေါ်သောဂါရာဇမြို့၏ အပျက်အယွင်းအချို့ကို ဖော်ပြထားသည်။

ရှေးအချိန်က “မင်းလမ်း” ဟုခေါ်သော တောင်နှင့်မြောက်ကုန်သွယ်ရာလမ်းကြောင်းသည် ဂါလိလဲနယ်ကိုဖြတ်သွားသည်။ ယာကုပ်နှင့်သူ့မိသားစုသည် ခါရန်မှထွက်ခွာပြီး ဤလမ်းအတိုင်းယဗ္ဗုတ်မြစ်သို့သွားခဲ့သည်မှာ ထင်ရှားသည်။ ကောင်းကင်တမန်တစ်ပါးနှင့်နပန်းလုံးခဲ့ပြီး ဧသောနှင့်တွေ့ဆုံခဲ့သည့်နေရာမှာ ဂါရာဇမြို့တည်ဆောက်မည့်နေရာတွင်ဖြစ်သည်။ (ကမ္ဘာဦး ၃၁:၁၇-၂၅၊ ၄၅-၄၇၊ ၃၂:၂၂-၃၀၊ ၃၃:၁-၁၇) နောက်ပိုင်းအချိန်များတွင် ဣသရေလအနွယ်များသည် တောင်ပိုင်းမှကတိထားရာပြည်သို့ဦးတည်သွားသောအခါ မင်းလမ်းကိုဖြတ်လျှောက်ခဲ့ကြသည်။ အနွယ်နှစ်နွယ်နှင့်တစ်ဝက်တို့သည် ကုန်သွယ်လမ်းမတစ်လျှောက် ယဗ္ဗုတ်မြစ်၏တစ်ဖက်တစ်ချက်တွင် အခြေချနေထိုင်ကြသည်။—တောလည်ရာ ၂၀:၁၇။ တရားဟောရာ ၂:၂၆၊ ၂၇။

ဤဒေသသည် ဂရိတို့နှင့်ပတ်သက်ခဲ့သလော။ မည်သို့ပတ်သက်ခဲ့သနည်း။ နယ်မြေကို မဟာအလက်ဇန္ဒားသိမ်းပိုက်အောင်မြင်ခဲ့စဉ်က ပတ်သက်ခဲ့သည်။ ထုံးတမ်းစဉ်လာအရ သူ့စစ်တပ်၏စစ်မှုထမ်းဟောင်းများအတွက် ဂါရာဇမြို့ကိုတည်ထောင်ခဲ့သည်။ တဖြည်းဖြည်းနှင့်ဂရိတို့၏သြဇာလွမ်းမိုးမှုသည် အတည်တကျဖြစ်လာခဲ့သည်။ ယော်ဒန်မြစ်အရှေ့ဘက်ရှိအုပ်ချုပ်ခံမြို့ဆယ်မြို့နှင့်ဂါလိလဲပင်လယ်တို့သည် ဒေကာပေါလိနယ်ဟုလူသိများသောမဟာမိတ်နယ်မြေအဖြစ်ပေါင်းစုပါဝင်သည်။ ထိုအမည်ကို ကျမ်းစာတွင်ဤသို့ဖတ်ရသည်ကို သင်သတိထားမိပေလိမ့်မည်။ “ဂါလိလဲပြည်၊ ဒေကာပေါလိပြည်၊ ယေရုရှလင်မြို့မှစသောယုဒပြည်၊ ယော်ဒန်မြစ်တစ်ဖက်မှလာသောလူများအပေါင်းတို့သည် [ယေရှု၏] နောက်တော်သို့လိုက်ကြ၏။” ဂါရာဇသည် ဒေကာပေါလိနယ်၏မြို့တစ်မြို့ဖြစ်ခဲ့သည်။—မဿဲ ၄:၂၅။

‘ယင်းကား သိမ်းပိုက်ခံနယ်မြေများအားလုံးသို့ ဂရိလူမျိုးများရောက်ရှိသွားအောင်လုပ်ဆောင်သည့် အလက်ဇန္ဒား၏အကြံအစည်အချို့ဖြစ်သည်။ အထူးသဖြင့် စစ်ဆင်ရေးအတွက်အချက်အချာတစ်ခုဖြစ်သော အောက်ဘက်ဆီးရီးယား [ဒေကာပေါလိအပါအဝင်] သို့ ဂရိယဉ်ကျေးမှုလွှမ်းမိုးခံရသည့်အခြားလူမျိုးအများအပြားရောက်ရှိသွားသည်။ ယခုခေတ်တွင် ယော်ဒန်မြစ်အရှေ့ဘက်ရှိနိုင်ငံကဲ့သို့သော ဂရိတို့၏ဤမျှများပြားကြီးကျယ်သည့်အပျက်အယွင်းများကို အရှေ့တိုင်း၏မည်သည့်အစိတ်အပိုင်းတွင်မျှမတွေ့နိုင်ချေ။ ဂရိမြို့တော်များသည် ဂရိလူမျိုးများ၏စည်းမျဉ်းဥပဒေနှင့်ထုံးစံဓလေ့များကို ကွက်ကွက်ကွင်းကွင်းဖော်ပြသည်။ ဂရိလူမျိုးတို့၏ဘုရားနှင့်ဘုရားမများအတွက်ထင်ရှားသောဗိမာန်များ၊ အားကစားကွင်းကြီးများ၊ လူထုရေချိုးကန်များ၊ နှစ်စဉ်အားကစားပွဲတော်များ၊ အများအားဖြင့် အတွေးအခေါ်ပညာသင်ကျောင်းများနှင့်အကယ်ဒမီများကိုတွေ့ရသည်။’—နော်မန် ဘဲန်ဒွစ်ချ်ရေးသားသည့် Hellenism စာအုပ်။

ဂါရာဇအပျက်အယွင်းများသို့ သင်သွားရောက်လည်ပတ်ပါက ယင်းနှင့်ပတ်သက်၍ အထောက်အထားမြောက်မြားစွာကိုတွေ့ရှိရမည်။ တောင်ဘက်မြို့တံခါးနားတွင် စက်ဝိုင်းပုံတရားရုံး သို့မဟုတ် ပြည်သူ့ဈေးကို ဓာတ်ပုံတွင်တွေ့ရှိနိုင်သည်။ ရေချိုးကန်များ၊ ဗိမာန်များ၊ ဇာတ်ရုံများနှင့်လူထုအဆောက်အအုံများကို သင်အံ့သြမည်ဖြစ်ပြီး ယင်းတို့ကို အများစုသည် ဘေးတစ်ဖက်တစ်ချက်တွင် ကျောက်တိုင်များစီတန်းထားသည့် ဖောက်လုပ်ထားသောလမ်းများအားဖြင့်ဆက်သွယ်ထားကြသည်။ မြို့ပြင်ဘက်တွင် ဂါရာဇမြို့မှ အခြားသောဒေကာပေါလိမြို့များနှင့် မြေထဲပင်လယ်ဆိပ်ကမ်းမြို့များသို့သွားသော ရှေးလမ်းမတစ်လျှောက်ရှိ လမ်းပြကျောက်တိုင်များကိုတွေ့မြင်နိုင်သည်။

ဂါရာဇမြို့ကို ရောမလူမျိုးတို့သိမ်းပိုက်ခဲ့သည့် ဘီ၊ စီ၊ အီး ၆၃ ခုနှစ်နောက်ပိုင်း၌ပင် ဂရိသြဇာလွှမ်းမိုးမှုထင်ဟပ်ကျန်ခဲ့ဆဲဖြစ်သည်။ ထိုသြဇာသည် ဂါရာဇနှင့်ယင်းဒေသတွင်နေထိုင်ခဲ့သောဂျူးလူမျိုးများအား မည်သို့လွှမ်းမိုးခဲ့သည်ကို သင်စဉ်းစားကြည့်နိုင်သည်။ Hellenism စာအုပ်က ဤသို့မှတ်ချက်ပြုသည်။ “ဂျူးတို့သည် သူတို့ပတ်ဝန်းကျင်တွင်ရှိသောလူများ၏ဘာသာရေးအယူအဆများနှင့် အမှန်ပင် တဖြည်းဖြည်းချင်း တစ်သားတည်းဖြစ်လာကြပြီး၊ ထိုအယူအဆများ၏လွှမ်းမိုးမှုအောက်၌ ကျမ်းစာကိုရှုမြင်စပြုလာခဲ့ကြသည်။”

ဤမြို့တွင် ယေရှုမဟောပြောခဲ့ဟန်တူသော်လည်း ဂါလိလဲပင်လယ်နားထိရောက်သောဂါရာဇနယ်ထဲသို့ ကိုယ်တော်ဝင်ရောက်ခဲ့သည်။ ထိုနယ်တွင်လူတစ်ဦးထံမှ နတ်ဆိုးများကိုနှင်ထုတ်ပေးခဲ့ပြီး ဝက်များထဲသို့ဝင်ခွင့်ပြုတော်မူခဲ့သည်။ (မာကု ၅:၁-၁၇) ကိုယ်တော်၏ကနဦးတပည့်တော်များသည် ဒေကာပေါလိနယ်၏မြို့များရှိဂျူးများကို ဟောပြောခဲ့ဖွယ်ရှိသည်။ စီ၊ အီး ၃၆ ခုနှစ်နောက်ပိုင်းတွင် ဂါရာဇမြို့ရှိဂရိလူမျိုးများထံသို့ သတင်းကောင်းရောက်ရှိခဲ့ပေမည်။ ခရစ်ယာန်ဘာသာကိုလက်ခံသူတစ်ဦးသည် တစ်ချိန်က ဂျူးဘာသာကိုခိုင်ခိုင်မြဲမြဲကျင့်ကြံအားထုတ်သူ၊ ဂရိသြဇာလွှမ်းမိုးခံရသောဂျူး သို့မဟုတ် ဂရိလူမျိုးတစ်ဦးပင်ဖြစ်ခဲ့ဖူးပါစေ အာဗြဟံ၏ဝိညာဏမျိုးနွယ်အဝင်အဖြစ် မှန်သောဘုရားသခင်၏လက်သင့်ခံခြင်းကို ရနိုင်သည်။

[Credit Line]

Based on a map copyrighted by Pictorial Archive (Near Eastern History) Est. and Survey of Israel.

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

အထက်ပါဓာတ်ပုံကို ယေဟောဝါသက်သေများ၏ ၁၉၉၂ ခုနှစ်ပြက္ခဒိန် တွင် ပုံကြီးချဲ့ထားပါသည်။

[Credit Line]

Pictorial Archive (Near Eastern History) Est.

[Picture Credit Line on page 25]

Pictorial Archive (Near Eastern History) Est.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ