ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၉/၁၅ စာ. ၃၂
  • နှံကောင်များကဲ့သို့ပင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှံကောင်များကဲ့သို့ပင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၉/၁၅ စာ. ၃၂

နှံကောင်များကဲ့သို့ပင်

နွအခါတွင် မြက်ခင်းပြင်တစ်ခု၌ ဖြတ်လျှောက်သောအခါ နှံကောင်မြောက်မြားစွာ သင့်ရှေ့ခုန်ပေါက်နေသည်ကို တွေ့မြင်ဖူးသလော။ ယင်းတို့ကို သင်သတိမထားမိသော်လည်း နေရာအနှံ့ ရှိနေဟန်တူသည်။ ယင်းတို့သည် ဘေးမပြုတတ်၍ အရေးယူစရာမလိုပုံရှိသည်။

သို့ဖြစ်၍ နှံကောင်များ၏ အရေးမပါမှုဖြင့် လူသားအခြေအနေကို ကောင်းစွာတင်စားဖော်ပြနိုင်ခြင်းဖြစ်သည်။ ကျော်ကြားထင်ရှားသူအချို့က မိမိတို့ကိုယ်ကို အရေးပါအရာရောက်သူများဟု ယူမှတ်ကြမည်ဖြစ်သော်လည်း ဖန်ဆင်းရှင်သည် ထိုသို့မှတ်တော်မမူချေ။ ကိုယ်တော့်ပရောဖက်ဟေရှာယက “မြေကြီးစက်အပေါ်မှာထိုင်၍ မြေကြီးသားတို့ကို နှံကောင်ကဲ့သို့မှတ်တော်မူထသော” သူရှိသည် ဟူ၍ဆိုခဲ့သည်။—ဟေရှာယ ၄၀:၂၂။

လူသည် ဉာဏ်ရည်နှင့်အစွမ်းတန်ခိုးအားဖြင့် နှံကောင်ထက်သာသည့်နည်းတူပင် ယေဟောဝါဘုရားသခင်၏ ကြီးမြတ်တော်မူခြင်း၊ တန်ခိုးတော်နှင့်ဉာဏ်ပညာသည် လူ့ဘောင်ထက် မြင့်မားကြီးမြတ်တော်မူသည်။ သို့ရာတွင် ဘုရားသခင်၏အရေးအပါဆုံးအရည်အချင်းမှာ ချစ်ခြင်းမေတ္တာဖြစ်သည်။ ကိုယ်တော်၏ ပြိုင်ဘက်ကင်းသောချစ်ခြင်းမေတ္တာကြောင့်သာ—ကိုယ်တော်ကို ကျွန်ုပ်တို့တို့ချစ်မြတ်နိုး၍ နာခံကြမည်ဆိုလျှင်—ကျွန်ုပ်တို့အား ကိုယ်တော်သတိပြုတော်မူသည်၊ ကူမသနားတော်မူသည်၊ ကယ်တင်တော်မူသည်။ ကျွန်ုပ်တို့သည် အရေးမပါသောနှံကောင်ကဲ့သို့ဖြစ်သည့်တိုင် ယေဟောဝါသည် ကျွန်ုပ်တို့ကို မေတ္တာရှိစွာဆက်ဆံတော်မူသည်။ ဆာလံဆရာက “ကိုယ်ကိုချီးမြှင့်၍ ကျိန်းဝပ်တော်မူသော်လည်း ကိုယ်ကိုနှိမ့်ချ၍ ကောင်းကင်အရာနှင့်မြေကြီးအရာတို့ကို ကြည့်ရှုတော်မူသော ငါတို့၏ဘုရားသခင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] နှင့်အဘယ်သူတူသနည်း” ဟုဆိုသည်။—ဆာလံ ၁၁၃:၅-၇။

ဤဆာလံရှင်းပြသကဲ့သို့ပင် သိမ်ငယ်နှိမ့်ချသူကို ယေဟောဝါသည် မေတ္တာရှိစွာ ကူညီမစတော်မူ၏။ မှန်ပါသည်။ နှိမ့်ချစွာဖြင့် ‘ဘုရားသခင်ကို တွေ့ကောင်းတွေ့ကြမည်အကြောင်း ရှာစမ်းသူ’ ကို ကိုယ်တော်မစတော်မူ၏။ (တမန်တော် ၁၇:၂၇) ကိုယ်တော်ကိုအမှန်တွေ့ရှိ—ဝတ်ပြု—သူတို့သည် မျက်မှောက်တော်ရှေ့ အဖိုးတန်သူများပင် ဖြစ်လာကြပေသည်။ (ဟေရှာယ ၄၃:၄၊ ၁၀ နှိုင်းယှဉ်။) ယင်းကြောင့် သိမ်ငယ်သောနှံကောင်သည် ကျွန်ုပ်တို့ကိုယ်တိုင်၏အရေးမပါမှု၊ နာခံမှုရှိလူသားတို့နှင့် မိတ်ဆွေအဖြစ် ဆက်ဆံတော်မူ၍ မခံစားထိုက်သောကရုဏာ ထားတော်မူသည့် အနန္တတန်ခိုးရှင် ဖန်ဆင်းသခင်၏ မေတ္တာတော်တို့ကို သတိရမှတ်မိစေသည်။ အသင်ကော ဘုရားသခင့်မေတ္တာတော်ကို တန်ဖိုးထားကြောင်း တင်ပြနေပါသလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ