ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၁/၁၅ စာ. ၁၁
  • ဗြိတိန်နိုင်ငံ၏စိတ်ဇောထက်သန်သောခရစ်ယာန်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဗြိတိန်နိုင်ငံ၏စိတ်ဇောထက်သန်သောခရစ်ယာန်များ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသက်သေတွေက ဘာကြောင့် အိမ်တိုင်းကိုသွားပြီး ဟောပြောနေကြတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ‘သွား၍ လူမျိုးတကာမှ လူတို့ကို တပည့်ဖြစ်စေပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • စစ်မှန်သောခရစ်ယာန်အားလုံး ဧဝံဂေလိတရားဟောသူများဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • သတင်းကောင်းကို ဘယ်သူတွေ ဟောပြောနေသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၁/၁၅ စာ. ၁၁

ဗြိတိန်နိုင်ငံ၏စိတ်ဇောထက်သန်သောခရစ်ယာန်များ

စီးပွားရေး သတင်းမဂ္ဂဇင်း၏အဆိုအရ လောလောဆယ် ဗြိတိန်နိုင်ငံလူဦးရေ ၅၆ သန်း၏ ၁၀ ရာခိုင်နှုန်းထက်လျော့နည်းသောသူတို့သည် လှုပ်ရှားတက်ကြွသောခရစ်ယာန်များဖြစ်ကြသည်ဟုသိရသည်။ တနင်္ဂနွေနေ့မျိုးတွင် လူပေါင်းလေးသန်းထက်နည်းသောသူတို့သည် ချာ့ (ချ်) ဘုရားရှိခိုးကျောင်းတက်ကြသည်။ ၎င်းတို့အနက် ၁.၁ သန်း သာလျှင် အင်္ဂလီကန်အသင်းဝင်များဖြစ်သည်။ ဘုရားသခင်အကြောင်းမသိနိုင်ဟူသော မသိဝါဒ ကြီးထွားပျံ့နှံ့လာနေလင့်ကစား အင်္ဂလီကန်အသင်းသည် ၎င်း၏နိုင်ငံတော်ဘာသာအနေအထားတွင် ဆက်လက်တည်ရှိနေ၏။ “ဗြိတိန်သည် ခရစ်ယာန်လူ့အဖွဲ့အစည်းမဟုတ်တော့သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ။ သို့သော်လည်း မသိဝါဒကိုဝန်ခံရန်မူ အတိတ်ကိုလွမ်းဆွတ်သတိရမှုကို အဓိကအကြောင်းပြုလျက်ငြင်းဆိုသည်” ဟု ဤသတင်းမဂ္ဂဇင်းက အခိုင်အမာဆိုပါသည်။ ခေတ်သစ်နိုင်ငံရေးသမားများနှင့် သတင်းစာများက အင်္ဂလီကန်အသင်း၏နိုင်ငံတော်ဘာသာအနေအထားကို အဆုံးသတ်ရန်တောင်းဆိုလာကြခြင်းတည်းဟူသော ဘာသာရေးနှင့်နိုင်ငံရေးဆက်ဆံရေးအက်ကြောင်းထင်လာမှုမှာ အံ့အားသင့်စရာမဟုတ်လှပေ။

“ခရစ်ယာန်အမည်ခံပြီး တကယ်တမ်းတွင် လောကီလက္ခဏာကိုသာဆောင်သောလူ့အဖွဲ့အစည်းသည် လူ့အဖွဲ့အစည်းတကာတွင် အခြေအနေအဆိုးဆုံးသောလူ့အဖွဲ့အစည်းပင်ဖြစ်သည်” ဟု စီးပွားရေး ၏ ၁၉ ရာစုအယ်ဒီတာ ဝေါလ်တာ ဘေ့ဂ်ဟော့ က ကြေကွဲစွာမှတ်ချက်ချခဲ့သည်။ သို့ရာတွင် စီ.အီး. ပထမရာစုတွင် ယေရှုခရစ်က ‘သူသည်လောက၏အစိတ်အပိုင်းမဟုတ်သကဲ့သို့ သူ၏တပည့်တော်များလည်း လောက၏အစိတ်အပိုင်းမဟုတ်ကြကြောင်း’ မိန့်တော်မူခဲ့ပေသည်။ (ယောဟန် ၁၇:၁၆) သို့သော် ကိုယ်တော်သည် ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကိုဟောပြောရန် သူတို့အားလောကထဲသို့စေလွှတ်တော်မူခဲ့လေသည်။ ထိုနည်းနှင်နှင်ပင် ယနေ့ကမ္ဘာအနှံ့အပြားရှိ ယေဟောဝါသက်သေများသည် “လူသူစုရုံးရာနှင့် တစ်အိမ်မှတစ်အိမ်” သို့သွား၍ စိတ်ဇောထက်သန်စွာဟောပြောကြသည်မှာ အများတကာအသိပင်တည်း။—တမန်တော် ၂၀:၂၀၊ ကဘ။

အင်္ဂလီကန်အသင်းနှင့်နှိုင်းယှဉ်လိုက်လျှင်၊ ဗြိတိန်နိုင်ငံရှိ ၁၂၆,၁၇၃ သောယေဟောဝါသက်သေများသည် လူနည်းစုသာဖြစ်ကြပါသည်။ သို့သော်လည်း ယေဟောဝါသက်သေများသည် ခရစ်ယာန်စည်းဝေးများကိုတက်ရန် တစ်လလျှင် နာရီပေါင်း ၂၀ အသုံးပြုကြသည်။ ၎င်းအပြင် ၁၉၉၂ ခုနှစ်တွင် ဗြိတိန်နိုင်ငံရှိသက်သေခံတစ်ဦးစီသည် ဖြောင့်မတ်သောကမ္ဘာသစ် မကြာမီတည်ထောင်တော့မည့်အစိုးရဖြစ်သော ဘုရားသခင့်နိုင်ငံတော်အကြောင်း အခြားသူများအားပြောကြရန် နောက်ထပ်လစဉ်ပျမ်းမျှ ၁၆ နာရီကို အသုံးပြုခဲ့ကြပေသည်။ (မဿဲ ၂၄:၁၄; ၂ ပေတရု ၃:၁၃) နောက်တစ်ကြိမ်သင့်နေအိမ်သို့ ယေဟောဝါသက်သေများရောက်လာကြပါက ၎င်းတို့အားဤမျှစိတ်ဓာတ်ထက်သန်ရအောင် မည်သည့်အရာကစေ့ဆော်သည်ကိုသိမြင်နိုင်ရန် ၎င်းတို့၏ပြတ်သားသောသတင်းတရားကို သင်နားထောင်မည်လော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ