ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁/၁ စာ. ၃၂
  • ယင်းတို့သည် သင့်အားအကျိုးပြုနိုင်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယင်းတို့သည် သင့်အားအကျိုးပြုနိုင်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁/၁ စာ. ၃၂

ယင်းတို့သည် သင့်အားအကျိုးပြုနိုင်သလော

သင့်လက်ထဲတွင်ရှိသောမဂ္ဂဇင်းသည် အားပေးမှု၏ဇာစ်မြစ်အဖြစ်ထုတ်ဝေထားပြီး မိသားစုများတည်တည်တံ့တံ့ရှိရန်နှင့် တစ်ဦးစီသမာဓိစောင့်သိနိုင်ရန်အတွက် ကျမ်းစာလမ်းညွှန်မှုများကို ပြန်လည်သတိရစေသည်။ ယင်းက ယနေ့ဒုက္ခကာလအကြောင်းကို သမ္မာကျမ်းစာတွင် ကြိုတင်ဖော်ပြထားပြီး ဖြေရှင်းနည်း—ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုကို ပေါ်လွင်စေသည်။ ကင်းမျှော်စင် နှင့် ယင်း၏တွဲဖက်မဂ္ဂဇင်း နိုးလော့! တို့မှ သင်အကျိုးခံစားရသလော။

ဖိလစ်ပိုင်နိုင်ငံတွင် ဗေလ်မာအမည်ရှိအမျိုးသမီးတစ်ဦး ဤသို့စာရေးသည်– “ရှင်တို့ရဲ့စာအုပ်တွေကို ရုပ်လုံးပေါ်အောင်ဖော်ပြဖို့ ဝေါဟာရရှိမယ်ဆိုရင် ‘အံ့အားသင့်စရာကောင်းတယ်’ ဆိုတဲ့စကားလုံးကို ကျွန်မရွေးမှာပဲ။ မနီလာမြို့ကအိမ်အပြန် ဘတ်စကားပေါ်မှာ နိုးလော့! နဲ့ ကင်းမျှော်စင် ကို ပထမဆုံးအကြိမ်ကျွန်မတွေ့ ပြီး ဖတ်ခဲ့ရတယ်။ ကျွန်မခရီးသွားရင် သတင်းစာအမြဲယူသွားဖတ်တယ်။ ဒါပေမဲ့ ဒီတစ်ခါကျတော့ တစ်စောင်မှပါမလာဘူး။

“ကျွန်မနားမှာ ရှင်တို့ရဲ့စာအုပ်ကိုကိုင်ထားတဲ့ ခရီးသွားလူလတ်ပိုင်းအရွယ်တစ်ယောက်ထိုင်နေတယ်။ နိုးလော့! ကိုသူဖတ်ပြီးတော့ နောက်မဂ္ဂဇင်းတစ်ခု၊ ကင်းမျှော်စင် ကိုတစ်ခါထုတ်ပြန်တယ်။ ဒါနဲ့ နိုးလော့! ကိုငှားဖတ်ဖို့ ကျွန်မအခွင့်အရေးယူလိုက်တယ်။ ရိုးရိုးသားသားပြောရရင် အဲဒီမဂ္ဂဇင်းတွေကို ကျွန်မဖတ်လို့ပျော်တယ်။ ဘာကြောင့်လဲဆိုတော့ ဆောင်းပါးတွေက စိတ်ဝင်စားဖို့ကောင်းတယ်၊ အခန့်သင့်ဖြစ်တယ်၊ စိတ်ဓာတ်မြှင့်တင်ပေးတယ်။”

ထိုအမျိုးသမီးဤသို့နိဂုံးချုပ်သည်– “ရှင်တို့ရဲ့မဂ္ဂဇင်းတွေကို ကျွန်မလိုချင်ပါတယ်။ ဘယ်လိုရနိုင်မလဲဆိုတာ သိခွင့်ပြုပါ။” ဖိလစ်ပိုင်နိုင်ငံရှိ ယေဟောဝါသက်သေများ၏ဌာနခွဲရုံးသည် တင်ပို့ပေးရမည့်စာရင်းတွင် ဤအမျိုးသမီးအားထည့်သွင်းခြင်းဖြင့် ယင်းတာဝန်ကိုယူလိုက်ရသည့်အတွက် ဝမ်းသာပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ