ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၄/၁၅ စာ. ၃၂
  • သန္တာကျောက်များထက် တန်ဖိုးအနဂ္ဃရှိ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သန္တာကျောက်များထက် တန်ဖိုးအနဂ္ဃရှိ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၄/၁၅ စာ. ၃၂

သန္တာကျောက်များထက် တန်ဖိုးအနဂ္ဃရှိ

ပင်လယ်နီ ရေပြင်ထဲရှိ ဤသို့သော ခင်းကျင်းမှုပြပွဲများကြောင့် ပီတိဖြစ်ကြရသူ ဧည့်သည်များအရေအတွက် တိုးလာနေပါသည်။

ကြည်လင်သောရေထဲတွင် ရေငုပ်ကိရိယာတပ်ဆင်ကာ ရေကူးကြသူတို့သည် မရေမတွက်နိုင်သော ရောင်စုံငါးများကို စိတ်ဝင်တစား စွဲမက်စွာ ရှုစားကြသည်။ သို့သော် ဤတွင်တွေ့ရှိရသည့် ရောင်စုံငါးများအပြင် ရေအောက်ရှိ တောက်ပသော သန္တာကျောက်များအပါအဝင် အခြားမျက်စိကျစရာ အံ့ဖွယ်ရာများရှိသည်ကို သတိပြုပါ။

လှပသောသန္တာကျောက်များကို အရွယ်အစားအမျိုးမျိုး၊ အရောင်မျိုးစုံဖြင့် တွေ့ရှိနိုင်ပါသည်။ ယင်းကြောင့်လည်း ရှေးအချိန်ကပင် ရောင်စုံတောက်ပသောသန္တာကျောက်အပိုင်းအစများသည် တန်ဖိုးကြီးမားလှပေသည်။ လက်မှုပညာကျွမ်းကျင်သူတို့သည် ယင်းတို့ဖြင့် အလွန်လှသောအဆင်တန်ဆာများကို ပြုလုပ်ကြသည်။ ကျမ်းရေးသူတို့ကလည်း သန္တာကျောက်များကို ရွှေ၊ ငွေ၊ ပတ္တမြားနှင့် တစ်တန်းတစ်စားတည်း ဖော်ပြပါသည်။ (သု. ၃:၁၄၊ ၁၅; ယေဇကျေလ ၂၇:၁၆) သို့ရာတွင် ယင်းစာရေးဆရာတို့သည် သန္တာကျောက်များ၏ အလှကျက်သရေနှင့်တန်ဖိုးထက်မကသောအကြောင်းကို ကျွန်ုပ်တို့အား သဘောပေါက်နားလည်စေသည်။

အချို့သောအရာများသည် ပိုတန်ဖိုးရှိ၍ ယင်းတို့ကို ကျွန်ုပ်တို့အမြတ်တနိုးထားသင့်ကြောင်း သူတို့ပေါ်လွင်စေခဲ့သည်။ ဥပမာတစ်ခုမှာ အရည်အချင်းပြည့်ဝသော ဇနီးသည်ကောင်းတစ်ဦးဖြစ်သည်။ အကြောင်းမှာ ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “သီလ [အရည်အချင်း၊ ကဘ] နှင့်ပြည့်စုံသောမိန်းမကို အဘယ်သူတွေ့ရသနည်း။ ထိုသို့သောမိန်းမသည် ပတ္တမြား [သန္တာကျောက်များ၊ ကဘ] ထက်အဖိုးသာ၍ထိုက်ပေ၏။” (သု. ၃၁:၁၀) သင်သည် အိမ်ထောင်သည်အမျိုးသားတစ်ဦးလော။ ဤတွင်ဖော်ပြထားသော အထူးကောင်းမွန်သောသန္တာကျောက်များကို တစ်ဖန်ပြန်ကြည့်ပြီး သင့်ဇနီးအား တန်ဖိုးထားသင့်သလောက် လေးမြတ်တန်ဖိုးထားမထား ဆင်ခြင်စဉ်းစားကြည့်ပါ။

အမျိုးသားများဖြစ်စေ၊ အမျိုးသမီးများဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ၊ လူလွတ်ဖြစ်စေ အဖိုးအနဂ္ဃကြီးမားသောသန္တာကျောက်များကိုရှုမြင်ပုံက ဘုရားရေးရာဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်နှင့် အသိပညာမှာ ပိုမိုတန်ဖိုးကြီးမားကြောင်းကို သဘောပေါက်နားလည်ရန် အကူအညီဖြစ်စေသင့်သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်က ဤသို့ဆိုသည်– “ဉာဏ်ပညာကိုရှာ၍ရသောသူသည် မင်္ဂလာ [ဝမ်းမြောက်ခြင်း၊ ကဘ] ရှိ၏။ အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက် သာ၍ကောင်း၏။ ပညာကုန်သွယ်၍ရသော အမြတ်လည်း ရွှေစင်ထက် သာ၍ကောင်း၏။ ပညာသည် ပတ္တမြားထက် သာ၍အဖိုးထိုက်ပေ၏။ နှစ်သက်ဖွယ်သမျှသောအရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။”—သု. ၃:၁၃-၁၅; ၈:၁၁။

ထိုကြောင့် ရေငုပ်ကိရိယာတပ်ဆင်ကာ ရေကူးစဉ်သော်လည်းကောင်း၊ ရုပ်ပုံများတွင်သော်လည်းကောင်း ယင်းတို့ကိုတွေ့မြင်သည့်အခါ ပင်လယ်နီမှ သန္တာကျောက်များတို့သည် အလှကျက်သရေနှင့် အကျိုးရှိရှိ တွေးတောဆင်ခြင်စရာ ဖြစ်စေသင့်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ