စည်းလုံးသော ညီအစ်ကိုအသင်းအပင်းတွင် သူတို့ပူးပေါင်း
၁၉၉၃ ဩဂုတ် ၇၊ ရက်နေ့၊ ယူခရိန်းနိုင်ငံ၊ ကီယက်ဗ်မြို့ရှိ ရီပတ်ဘလီကန် အားကစားကွင်းတွင်ဖြစ်သည်။ တက်ရောက်သူ ၆၄,၀၀၀ ကျော်တို့သည် အချိန်အခါကို စောင့်မျှော်နေကြ၏။ ထိုနောက် အဓိပ္ပာယ်လေးနက်သော မေးခွန်းနှစ်ခုကို ဖြေဆိုသည်အနေနှင့် ထောင်ပေါင်းများစွာသောသူတို့က “ဒါ!” (“ဟုတ်ပါသည်!”) ဟုပြောကြသည်။ ဤနည်းဖြင့် သူတို့၏ယုံကြည်ခြင်းကို လူအများရှေ့ကြွေးကြော်ပြီးနောက် မိမိတို့ကိုယ်ကို ယေဟောဝါဘုရားသခင်ထံ ဆက်ကပ်အပ်နှံခဲ့ကြောင်းကို အားကစားကွင်းရှိ ရေကန်ခြောက်ခုအနက် တစ်ခုတွင် နှစ်ခြင်းယူခြင်းအားဖြင့် တင်ပြခဲ့ကြသည်။—မဿဲ ၂၈:၁၉။
သို့ဖြင့် ယေဟောဝါသက်သေများ၏ “မြင့်မြတ်သောသွန်သင်ခြင်း” အပြည်ပြည်ဆိုင်ရာ စည်းဝေးပွဲကြီး၏ ဤတတိယမြောက်နေ့တွင် ဧည့်ပရိသတ်သည် အလွန်ထူးခြားသောအဖြစ်အပျက်– လူပေါင်း ၇,၄၀၂ ယောက်နှစ်ခြင်းယူ၍ အစိတ်စိတ်အမြွှာမြွှာကွဲနေသောချာ့ချ်၌မဟုတ်ဘဲ တစ်ကမ္ဘာလုံးစည်းလုံးညီညွတ်သော ခရစ်ယာန်အသင်းတော်အဝင် ဖြစ်လာကြသည်။
စစ်မှန်သော ခရစ်ယာန်စည်းလုံးမှုအကြောင်း ပိုမိုသိလိုလျှင်ကင်းမျှော်စင်၊ ၉၄-ခ၊ အင်းလျားလမ်း၊ ရန်ကုန်မြို့။ သို့မဟုတ် စာမျက်နှာ ၂ ပါ သင့်လျော်ရာလိပ်စာသို့ ကျေးဇူးပြု၍စာရေးဆက်သွယ်ပါ။