ကမ္ဘာတစ်လွှား ယေဟောဝါသက်သေများ—ကိုလံဘီယာနိုင်ငံ
ကိုလံဘီယာနိုင်ငံသည် သူမတူထူးခြားသော တောင်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဤမီးတောင်ခင်းကျင်းထားသောနိုင်ငံ၏ ကမ်းရိုးတစ်လျှောက်လုံးကို အတ္တလန်တိတ်သမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာနှစ်ခုစလုံးကသိုင်းဖက်ထားသည်။ မြေနိမ့် အပူပိုင်းဒေသကမ်းရိုးတန်းနှင့် မြေပြန့်၏အပူချိန်သည် ဆီးနှင်းဖုံးလွှမ်းသော ကုန်းမြေမြင့် အင်ဒီစ်တောင်ထိပ်၏ အအေးဒဏ်ကို လက်မြှောက်အရှုံးပေးရသည်။a
ကိုလံဘီယာနိုင်ငံတွင် ထွက်သည့် ရွှေနှင့်မြကျောက်ထက် နိုင်ငံသားတို့သည် တန်ဖိုးပိုမိုကြီးမားပါသည်။ ယနေ့ ယေဟောဝါသည် ကိုယ်တော်၏ဝိညာဏအိမ်တော်ကို ဘုန်းနှင့် ပြည့်စေနေတော်မူသည်။ ကိုလံဘီယာနိုင်ငံပါအပါအဝင် မြေကြီးတစ်ဝန်းမှ လှပတင့်တယ်၍ နှစ်သက်ဖွယ်ကောင်းသော ဝတ်ပြုသူများသည် အိမ်တော်သို့ စီတန်းသွားနေကြပါသည်။—ဟဂ္ဂဲ ၂:၇။
လုပ်ငန်း စီမံရေးအမှုဆောင်များ စွဲမှတ်စရာဖြစ်ကြ
ဘိုဂိုတာမြို့မှ ၂၆ မိုင်ရှိ ဖာကာတာတီဗာနယ်တွင် ကင်းမျှော်စင်အသင်း၏ ဌာနခွဲရုံးနှင့် ပုံနှိပ်တိုက် အဆောက်အဦကို တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၁၊ ၁၉၉၂ တွင်ဆက်ကပ်အပ်နှံခဲ့သည်။ ဌာနခွဲကို လှည့်လည်ကြည့်ရှုခြင်းသည် လည်ပတ်လာသူတို့အပေါ် များစွာသြဇာသက်ရောက်ခဲ့သည်။ ဧည့်သည်တစ်ဦးသည် မိမိအလုပ်ဌာန၏ စက်ရုံသို့ ပြန်ရောက်သွားသည့်အခါ ‘အတုယူလောက်အောင် အံ့ဩစရာကောင်းတဲ့ လုပ်ရည်ကိုင်ရည်၊ စည်းစနစ်ကျနမှုနဲ့ အလုပ်သမားစိတ်ဓာတ်’ ရှိအဖွဲ့အစည်းကို သွားရောက်ရှုစားကြရန် သူ၏မန်နေဂျာများအား တိုက်တွန်းခဲ့သည်။ သို့နှင့် သူတို့လည်ပတ်ကြည့်ရှုပြီးနောက်တွင် စီမံရေးအမှုဆောင်များသည် စိတ်ဝင်တစား မေးခွန်းများစွာ မေးမြန်းခဲ့ကြလေသည်။
ဤအမှုဆောင်အဖွဲ့က မိမိ၏စီမံခန့်ခွဲသူများ၊ ကွပ်ကဲသူများ၊ ကြီးကြပ်ရေးမှူးများ—အမှန်မှာ၊ အလုပ်သမားအားလုံး—ကိုလေ့လာရေးအတွက် စေလွှတ်လိုကြသည်။ သူတို့၏ ၁,၃၀၀ ခန့်အလုပ်သမားအဖွဲ့ တစ်ဖွဲ့လုံးသည် ဤမျှလုပ်ရည်ကိုင်ရည်ပြည့်ဝမှုရှိ အဖွဲ့အစည်းကို လေ့လာကြည့်ရှုနိုင်ရန် ပတ်စဉ်ပင် အလုပ်သမား ၁၅ ယောက်မှ ၂၅ ယောက်တို့ကို စေလွှတ်ပါသည်။
သူတို့အလုပ်သမား ရာနှင့်ချီ၍ ဌာနခွဲလုပ်ငန်းဆောင်တာများကို လည်ပတ်ကြည့်ရှုပြီးနောက် ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိ အဖွဲ့အစည်းဗီဒီယိုကိုပါ ကြည့်ရှုစေခဲ့သည်။ အဖွဲ့အစည်း၏ ကြီးမားမှုနှင့် ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်း၏ ကမ္ဘာချီလုပ်ဆောင်သောလုပ်ငန်းကို စွဲမှတ်စရာဖြစ်ကြကာ အဖွဲ့အစည်းအသုံးပြုသော အဆင့်မြင့်သည့် စက်မှုလက်မှု အတတ်ပညာကိုပါ အံ့သြကြပါသည်။ လာရောက်ကြည့်ရှုသူအများက အထွက်တွင် ‘ပရဒိသုကနေ အစိတ်စိတ်အမြွှာမြွှာကွဲပြားနေတဲ့ လောကထဲ ပြန်ဝင်သွားရသလိုပဲ ဟုပြောဆိုသည့်စကားများကို ကြားခဲ့ရသည်။
သမ္မာတရားသည် လူအမျိုးမျိုးထံ ရောက်ရှိ
လူအမျိုးမျိုး သတင်းကောင်း ကြားနာနေကြရပြီ။ (၁ တိမောသေ ၂:၃၊ ၄) ဥပမာ၊ ယခင်ဟဲဗီးမယ်တဲလ် ရော့ခ်သီချင်းရေးစပ်သည့် အဖွဲ့ခေါင်းဆောင်တစ်ဦးသည် သမ္မာတရားကိုလက်ခံကာ မိမိဘဝကို ပြုပြင်ပြောင်းလဲပြီးနောက် များမကြာမီ မှန်မှန်ရှေ့ဆောင်တစ်ဦး ဖြစ်လာပါသည်။ နောင်တွင် သူသည် ဓမ္မအမှုထမ်းအဖြစ် ခန့်အပ်ခံခဲ့ရသည်။ အဖျက်သမားအဖွဲ့ဝင်အသီးသီးလည်း ယေဟောဝါ၏နိုင်ငံတော်ကို ယုံကြည်စိတ်ချ၍ စောင့်မျှော်တတ်လာကြပြီ။ ယခုဆိုလျှင် ဤသူများသည် ငြိမ်းချမ်းသော ကမ္ဘာသစ်နှင့်ဆိုင်သည့်သတင်းကို တက်ကြွစွာ ဟောပြောနေကြပါသည်။
မူးယစ်ဆေးစွဲသူများနှင့် ရောင်းချသူတို့လည်း သမ္မာတရားကို လက်ခံနေကြပြီ။ ယခု သက်သေခံဖြစ်နေသူ လူငယ်တစ်ဦးသည် ငါးနှစ်တိုင်တိုင် မူးယစ်ဆေးဝါးပင်စိုက်၍ တောတွင်း၌ ကိုကင်းထုတ်လုပ်ခဲ့ပြီးမှ ထိုသို့သောဘဝမျိုးကို စွန့်ပစ်ခဲ့သူဖြစ်သည်။ ကျမ်းစာမူများကို လေ့လာခြင်းနှင့် ကျင့်သုံးခြင်းတို့တွင် ပျော်ရွှင်မှု ခံစားနေရပြီ။ စာရိတ္တပြုပြင်ရေးထောင်တစ်ခုရှိ အပြစ်ဒဏ်ခံနေရသူ လူသတ်သမားများသည် ကျမ်းစာကို အသေအချာလေ့လာကြပြီးနောက် မိမိတို့အပြစ်များကို ယေဟောဝါ ခွင့်လွှတ်တော်မူပြီး ကိုယ်တော်၏ကျေးကျွန်များအဖြစ် လက်ခံတော်မူရန် စိတ်ထက်သန်စွာ ဆုတောင်းကြဖို့ တိုက်တွန်းခံရကြပြီ။
သို့ဖြစ်၍ လူအမျိုးမျိုးတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကို လက်သင့်ခံနေကြပြီဖြစ်သည်။ အခြားနေရာများ၌ကဲ့သို့ပင် ကိုလံဘီယာနိုင်ငံတွင်လည်း ယေဟောဝါသည် ကိုယ်တော်၏အိမ်တော်ကို ဘုန်းဖြင့် ပြည့်စေနေတော်မူပြီ။
[အောက်ခြေမှတ်ချက်များ]
a ထပ်ဆင့်အချက်အလက်များအတွက် ၁၉၉၄ ယေဟောဝါသက်သေများ၏ပြက္ခဒိန်ကိုရှု။
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]
နိုင်ငံ့စာရင်းဇယား
၁၉၉၃ လုပ်ငန်းတော်နှစ်
သက်သေခံအများဆုံးအရေအတွက်–၆၀,၈၅၄
အချိုး–သက်သေခံ ၁ လျှင် ၅၅၈
သတိရအောက်မေ့ပွဲ တက်သူအရေအတွက်–၂၄၉,၂၇၁
ပျမ်းမျှ ရှေ့ဆောင်ကြေညာသူများ–၈,၄၈၇
ပျမ်းမျှ ကျမ်းစာသင်အံမှုများ–၁၀၀,၉၂၇
နှစ်ခြင်းခံသူ အရေအတွက်–၅,၁၈၃
အသင်းတော်များ အရေအတွက်–၇၅၁
ဌာနခွဲရုံး–ဖာကာတာတီဗာ
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
၁၉၅၆ ခုနှစ်က ဌာနခွဲရုံးအမှုဆောင်များနှင့် သာသနာပြုများ
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ဌာနခွဲရုံး၏ အပေါ်စီးမှ မြင်ကွင်း