ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၈/၁ စာ. ၆-၇
  • နျူကလီးယားခြိမ်းခြောက်မှု ထာဝစဉ်ဖယ်ရှားခံရ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နျူကလီးယားခြိမ်းခြောက်မှု ထာဝစဉ်ဖယ်ရှားခံရ!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ငြိမ်းချမ်းရေးနှင့် လုံခြုံမှု”—အတုအလိမ်တစ်ခု
  • ငြိမ်းချမ်းရေးနှင့်လုံခြုံမှု—စစ်မှန်သည့်အရာ
  • နျူကလီးယားစစ်နဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • နျူကလီးယားခြိမ်းခြောက်မှု—နောက်ဆုံးတွင်ဇာတ်သိမ်းမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ငြိမ်းချမ်းခြင်းနှင့်လုံခြုံမှုဆိုင်ရာ သမ္မာကျမ်းစာရှုထောင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • မည်သို့သောလုံခြုံမှုမျိုးကို သင်တမ်းတသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၈/၁ စာ. ၆-၇

နျူကလီးယားခြိမ်းခြောက်မှု ထာဝစဉ်ဖယ်ရှားခံရ!

ကျီးလန့်စာစား ကြောက်ရွံ့ထိတ်လန့်နေရသည့် အသက်တာသည် လူသားများအတွက် ဘုရားသခင်ဖြစ်စေလိုသည့်အရာ မဟုတ်ပါ။ “ပျော်ရွှင်သောဘုရား” အနေနှင့် လူသားများအား ငြိမ်းချမ်းရေး၌မွေ့လျော်ပြီး လုံခြုံစွာအသက်ရှင်စေလိုသည်—အချုပ်ပြောရလျှင် ပျော်ရွှင်စေလိုသည်။ (၁ တိမောသေ ၁:၁၁၊ ကဘ) နျူကလီးယားခြိမ်းခြောက်မှုများ လွှမ်းမိုးနေသည့်ကမ္ဘာတွင် ယင်းသည် လုံးဝမဖြစ်နိုင်ချေ။

“ငြိမ်းချမ်းရေးနှင့် လုံခြုံမှု”—အတုအလိမ်တစ်ခု

နျူကလီးယားခြိမ်းခြောက်မှုသည် ပျောက်ဆုံးမသွားသေးသည်မှာ ရှင်းနေပါသည်။ သို့တစေ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ကမောက်ကမဖြစ်နေသည့်ကြားမှပင် တိုင်းနိုင်ငံများက အများအားဖြင့် အပြုသဘောမြင်နေကြဟန်ရှိသည်။ အန္တရာယ်လျော့ပါးသွားစေရန် အပတ်တကုတ်ကြိုးစားအားထုတ်လာခဲ့ခြင်းသည် ယူအဲန်အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှစ်ဖြစ်သည့် ၁၉၈၆ ခုနှစ်တွင် အစပြုကြောင်း ထင်ရှားသည်။

The Bulletin of the Atomic Scientists စာစောင်က ဒဏ်စီရင်ရာနေ့နာရီ—နျူကလီးယားစစ်ပွဲ၏ အလားအလာကို ဖော်ပြသည့်နည်းစနစ်—ကို လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်းက သန်းခေါင်မတိုင်မီ ၃ မိနစ်အလိုမှ ၁၇ မိနစ်အလိုသို့ ရွှေ့လိုက်ကြသည်ဟု ဖော်ပြသည်။ ၁၉၈၉ ခုနှစ်တွင် စတော့ခ်ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနတက္ကသိုလ်က “ဒုတိယကမ္ဘာစစ်ပြီးသည့်နောက်မှစ၍ အခြားနှစ်များနှင့်မတူတစ်မူထူးကာ ငြိမ်းချမ်းရေးဦးတည်ချက်ဖြင့် ပဋိပက္ခဖြေရှင်းရန် မျှော်လင့်ချက်သည် သာ၍ကောင်းစွာအခြေတည်လာခဲ့သည်” ဟု မှတ်ချက်ချသည်။

မကြာသေးမီနှစ်များအတွင်းက ကုလသမဂ္ဂသည် အပြည်ပြည်ဆိုင်ရာ ပြဿနာကြီးကျယ်သည့်ဒေသများအတွက် အရေးယူလုပ်ဆောင်ရန် အားပေးအားမြှောက်ပြုခံခဲ့ရသည်။ ယင်း၏အောင်မြင်မှုသည် ရာနှုန်းပြည့်မဟုတ်သော်လည်း အပြုသဘောထားဆိုင်ရာ ယေဘုယျအမြင်ကို ပံ့ပိုးရန် လုံလောက်သည်။ အနာဂတ်တွင် နောက်ထပ်တိုးတက်အောင်မြင်မှုများကို ရလာနိုင်ဖွယ်ရှိသည်။ “ငြိမ်းချမ်းရေးနှင့်လုံခြုံမှု” ကြွေးကြော်သံများသည် ပိုမိုကျယ်လောင်ပြင်းထန်လာဖွယ်ရှိသည်။ ယင်းတို့သည် ယုံကြည်စိတ်ချမှုပင် ခံရနိုင်သည်။

သို့သော် သတိထားပါလေ! “ငြိမ်သက်သည်၊ လုံခြုံသည်ဟု ဆိုလျက်နေကြစဉ်ပင် သားဖွားသောမိန်းမ၌ ဝေဒနာသင့်ရောက်သည့်နည်းတူ လွတ်ခွင့်မရှိဘဲ ပျက်စီးခြင်းဘေး ရုတ်တရက်သင့်ရောက်မည်” ဟု သမ္မာကျမ်းစာက သတိပေးထားသည်။ “ထို့ကြောင့် ငြိမ်းချမ်းရေးနှင့်လုံခြုံမှု” ကြွေးကြော်သံများသည် “မြေကြီးကို [ညစ်ညမ်းမှု၊ နျူကလီးယားနှင့် အခြားသောနည်းများဖြင့်] ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူ” မည့် ဘုရားသခင့်အချိန်ရောက်ကြောင်း အချက်ပြမည်ဖြစ်သည်။—၁ သက်သာလောနိတ် ၅:၃၊ ၄၊ သမ; ဗျာဒိတ် ၁၁:၁၈။

တိုင်းနိုင်ငံများသည် “ငြိမ်းချမ်းရေးနှင့်လုံခြုံမှု” ကို ရရှိ မည်ဟု ကျမ်းစာမပြောကြောင်း သတိပြုပါ။ ယင်းအကြောင်းကို သူတို့သည် ထူးခြားသည့်နည်းဖြင့် ထင်ထင်ပေါ်ပေါ် ပြောဆိုနေ ကြမည်ဖြစ်ပြီး အကောင်းမြင်ဝါဒနှင့် ယုံကြည်စိတ်ချမှုတို့ကို တစ်ခါနှင့်မျှမတူအောင် တင်ပြလာကြမည်ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့်လုံခြုံမှုရနိုင်ဖွယ် အလားအလာများသည် တစ်ခါနှင့်မျှမတူအောင် နီးစပ်လာသည့် အသွင် ရှိမည်။ နျူကလီးယားခြိမ်းခြောက်မှုကြားမှပင် လူမျိုးတို့သည် အတုအယောင်လုံခြုံမှုဖြင့် ချော့မော့နှစ်သိမ့်ခံရကြမည်။

သို့သော် စစ်မှန်သောခရစ်ယာန်တို့မူ လှည့်ဖြားခံရကြမည်မဟုတ်။ သူတို့သည် လူ့ငြိမ်းချမ်းရေးနှင့်လုံခြုံမှုထက် သာလွန်ကောင်းမြတ်သည့်အရာကို စိတ်အားထက်သန်စွာ မျှော်ကြည့်နေကြမည်။

ငြိမ်းချမ်းရေးနှင့်လုံခြုံမှု—စစ်မှန်သည့်အရာ

ဆာလံ ၄:၈ (ကဘ) အရ စစ်မှန်သောငြိမ်းချမ်းရေးနှင့်လုံခြုံမှုကို ယေဟောဝါဘုရားသခင်၏ အစီအစဉ်အတွင်း၌သာ တွေ့ရှိနိုင်သည်– “အိုယေဟောဝါ၊ ကိုယ်တော်သာလျှင် ကျွန်ုပ်ကို လုံခြုံစွာနေနိုင်စေတော်မူသဖြင့် ကျွန်ုပ်သည် ငြိမ်သက်စွာလှဲလျောင်း၍ အိပ်ပျော်ပါမည်။” ယေဟောဝါ၏ နိုင်ငံတော်အစီအစဉ်ပြင်ပရှိ မည်သည့် “ငြိမ်းချမ်းရေးနှင့်လုံခြုံမှု” ကြွေးကြော်ခြင်းမဆို အတုအယောင်သာ ဖြစ်နိုင်သည်။ ယင်းသည် တည်မြဲသည့်အကျိုးဖြစ်ထွန်းစေမည့် မည်သည့်အရာကိုမျှ လုပ်ပေးနိုင်စွမ်းမရှိပါ။

ခရစ်တော်လက်အောက်ရှိ ဘုရားသခင့်နိုင်ငံတော်သည် တစ်ဝက်တစ်ပျက်အတိုင်းအတာဖြင့် စခန်းသွားမည်မဟုတ်ပါ။ ဘုရားသခင့်အုပ်ချုပ်ရေးသည် နျူကလီးယားလက်နက်အရေအတွက်ကို လျော့ကျသွားရုံထက်မကပြုမည်; ယင်းတို့နှင့် အခြားစစ်လက်နက်ပစ္စည်းအားလုံးတို့ကို လုံးလုံးပယ်ရှင်းပစ်မည်ဖြစ်သည်။ ဆာလံ ၄၆:၉ က ဤသို့ကတိပြုသည်– “လေးကိုချိုးလျက်၊ လှံကိုအပိုင်းပိုင်းဖြတ်လျက် ရထားကိုမီးရှို့လျက် မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ၏။”

အလားတူ လုပ်ဆောင်မှုပျက်ယွင်းနေသော နျူကလီးယားဓာတ်ပေါင်းဖိုများ သို့မဟုတ် ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများကြောင့် ဖြစ်လာသည့် နျူကလီးယားခြိမ်းခြောက်မှုများသည် အတိတ်တွင်ကျန်ခဲ့မည်။ သို့မဟုတ်ပါက ဤစကားများ လွဲမှားကုန်မည်ဖြစ်သည်– “လူအပေါင်းတို့သည် ကိုယ်ပိုင်သောစပျစ်ပင်၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား အမိန့်တော်ရှိ၏။” ဘုရားသခင်သည် မုသားမသုံးနိုင်။ ကိုယ်တော့်စကားများကို ကျွန်ုပ်တို့သံသယဖြစ်ရန် မည်သည့်အကြောင်းမျှမရှိချေ။—မိက္ခာ ၄:၄; တိတု ၁:၂။

နျူကလီးယားခြိမ်းခြောက်မှု ထာဝစဉ်ဖယ်ရှားခံရမည့်ကမ္ဘာတွင် နေထိုင်နိုင်မည့်အလားအလာကို သင်ရလိုသလော။ သင်ရနိုင်ပါသည်၊ အကြောင်းမှာ ဘုရားသခင့်နှုတ်ကပါဌ်တော်က လိုအပ်ချက်များကို ရှင်းလင်းစွာ ဖော်ပြထားသောကြောင့်ဖြစ်သည်။ ယင်းတို့ကိုလေ့လာသင်ယူပြီး ယင်းတို့နှင့်အညီ အသက်ရှင်ခြင်းအားဖြင့် “နျူကလီးယားခြိမ်းခြောက်မှုကတော့ ဇာတ်သိမ်းသွားပြီ!” ဟု ပင့်သက်ချ၍ပြောရမည့် နေ့တစ်နေ့ကို သင်ကြုံရမည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘုရားသခင့်ကမ္ဘာသစ်တွင် နျူကလီးယားခြိမ်းခြောက်မှုများမရှိဘဲ ငြိမ်းချမ်းရေးလွှမ်းမိုးမည်

[Credit Line]

M. Thonig/H. Armstrong Roberts

[Picture Credit Line on page 6]

U.S. National Archives photo

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ