ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၀/၁ စာ. ၃၂
  • ကျေးဇူးစကားတစ်ခွန်း၏ တန်ခိုး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျေးဇူးစကားတစ်ခွန်း၏ တန်ခိုး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၀/၁ စာ. ၃၂

ကျေးဇူးစကားတစ်ခွန်း၏ တန်ခိုး

“စိုးရိမ်သောစိတ်သည် ကိုယ်ကို ညှိုးငယ်စေတတ်၏။ ကျေးဇူးစကားမူကား ရွှင်လန်းစေတတ်၏။”—သု. ၁၂:၂၅၊ သမ။

ရစ်ယာန်များသည် ဆင်းရဲဒုက္ခမှ ကင်းလွတ်သည်မဟုတ်။ ဤ “ခဲယဉ်းဆိုးယုတ်သောကာလ” တွင် အသက်ရှင်ရသောကြောင့် တစ်ခါတစ်ရံ စိုးရိမ်ပူပန်ကြရတတ်သည်။—၂ တိမောသေ ၃:၁။

ဤသို့ ဒုက္ခကြုံတွေ့နေရချိန်တွင် သစ္စာရှိသောမိတ်ဆွေတစ်ဦးထံမှ ကျေးဇူးပြုသောစကားများကို ကြားနာလိုက်ရခြင်းသည် အလွန်နှစ်မြို့စရာပါတကား! ကျမ်းစာက “အဆွေခင်ပွန်းသည် အခါခပ်သိမ်း ချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏” ဟုဆိုသည်။ (သု. ၁၇:၁၇) သစ္စာရှိသူ ယောဘသည် ဤသို့သောမိတ်ဆွေတစ်ဦးဖြစ်သည်ဟု နာမည်ကျော်ကြားခဲ့သည်။ “သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ” ဟုဧလိဖတ်ကပင် သူနှင့်ပတ်သက်၍ ပြောဆိုခဲ့သည်။—ယောဘ ၄:၄။

သို့ရာတွင် ယောဘကိုယ်တိုင် အားပေးတည်ဆောက်မှု လိုသည့်အခါ ဧလိဖတ်နှင့် သူ၏အပေါင်းအသင်းများသည် ကျေးဇူးပြုသောစကားများကို မပြောဆိုခဲ့ကြပါ။ ယောဘခံရသော ဆင်းရဲဒုက္ခသည် သူ၌ လျှို့ဝှက်ထားသည့် အပြစ်တစ်ခုခုရှိ၍ဖြစ်သည်ဟု အရိပ်အမြွက်ပြောဆိုပြီး အပြစ်တင်ခဲ့သည်။ (ယောဘ ၄:၈) The Interpreter’s Bible က ဤသို့ကောက်ချက်ချသည်– “လူဆန်သောနှလုံးမှ စာနာထောက်ညှာမှုကို ယောဘလိုအပ်နေပါလျက်၊ ‘အမှန်တရား’ သက်သက်အဖန်တစ်ရာသောဘာသာရေးအဆိုအမိန့်များနှင့် စကားကြီးစကားကျယ်စာရိတ္တများအကြောင်းကိုသာ တသီတတန်းကြီးပြောခံနေရသည်။” ဧလိဖတ်နှင့် သူ၏အပေါင်းအဖော်များ၏စကားကို ကြားရပြီးနောက် ယောဘသည် အလွန်စိတ်အနှောင့်အယှက်ဖြစ်သောကြောင့် “သင်တို့သည် ငါ့စိတ်ဝိညာဉ်ကို နှောင့်ယှက်၍ အဘယ်မျှကာလပတ်လုံး သင်တို့စကားဖြင့် ငါ့ကို ချိုးဖဲ့ကြလိမ့်မည်နည်း” ဟုညည်းတွားခဲ့ရရှာသည်။—ယောဘ ၁၉:၂။

ကျွန်ုပ်တို့၏ မစဉ်းမစားပြောဆိုလိုက်သော အကြင်နာကင်းမဲ့သည့်စကားများကြောင့် ဘုရားသခင်၏ကျေးကျွန်ချင်းတစ်ဦးတစ်ယောက်အား ဝမ်းနည်းကြေကွဲစွာ ညည်းတွားရန် ဘယ်သောအခါမျှ မဖြစ်စေသင့်ပါ။ (တရားဟောရာ ၂၄:၁၅ နှိုင်းယှဉ်။) သမ္မာကျမ်းစာမှ ပညာရှိစကားတစ်ခွန်းက ဤသို့သတိပေးသည်– “သင်၏စကားသည် အသက်ရှင်စေရန် သို့မဟုတ် သေစေရန် တန်ခိုးရှိ၏။ ထို့ကြောင့် လျှာကိုအခွင့်ပေးသောသူသည် ၎င်း၏ အသီးကိုစားရမည်။”—သု. ၁၈:၂၁၊ သတင်းကောင်း။

စကားပြောဆိုနိုင်စွမ်း၏ တန်ခိုးကို အသိအမှတ်ပြုကာ တမန်တော်ပေါလု၏ ပုံသက်သေကို အတုယူကြစို့။ မာကေဒေါနိပြည်နယ်တွင်ရှိစဉ် သူသည် “တပည့်တော်တို့အား အားပေးစကားများ ပြောကြား” ခဲ့သည်။—တမန်တော် ၂၀:၂၊ သတင်းကောင်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ