ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၀/၁ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • အသက်ရှင်တော်မူသော ဘုရားသခင့်လမ်းညွှန်မှုကို လက်ခံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • သွေးအပိုင်းအစတွေနဲ့ ခွဲစိတ်ကုသနည်းတွေ
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၀/၁ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

လူ့အသွေးမှထုတ်ယူထားသည့် အယ်လဗျူမင်ပါသော ကာကွယ်ဆေးထိုးခြင်း သို့မဟုတ် အခြားဆေးတစ်မျိုးထိုးခြင်းကိုလက်ခံခြင်းသည် သင့်တော်ပါသလော။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ခရစ်ယာန်တစ်ဦးစီအနေနှင့် ယင်းကိစ္စကို ကိုယ်တိုင်ဆုံးဖြတ်ရမည်။

ဘုရားသခင်၏ကျေးကျွန်များသည် တမန်တော် ၁၅:၂၈၊ ၂၉ ပါ အသွေးကိုကြဉ်ရှောင်ရမည်ဟူသော ညွှန်ကြားချက်ကို အမှန်နာခံလိုကြမည်။ ထို့ကြောင့် ခရစ်ယာန်များသည် အသွေးမထုတ်ထားသောအသား၊ သို့မဟုတ် သွေးအူချောင်းကဲ့သို့သောအစာများကို စားကြမည်မဟုတ်ပါ။ သို့သော် ဘုရားသခင်၏ပညတ်သည် ဆေးဝါးဘက်နှင့်လည်း စပ်ဆိုင်သည်။ ယေဟောဝါသက်သေများသည် ‘သွေးသွင်းခြင်း၊ ပကတိအသွေး၊ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားများ၊ သို့မဟုတ် ပလာစမာခေါ် သွေးရည်ကြည်’ ကိုလက်မခံပါဟု ဆိုသောကတ်ပြားတစ်ခုကို ဆောင်ထားကြသည်။ သို့သော် သွေးပရိုတင်း အနည်းအကျဉ်းပါဝင်သည့် သွေးခဲရည်ကြည်ထိုးဆေး ထိုးခြင်းကော။

ယင်းသည် တစ်ဦးချင်း၏ ကျမ်းစာလေ့ကျင့်ခံ ဩတ္တပ္ပစိတ်နှင့်အညီ ကိုယ်တိုင်ဆုံးဖြတ်ရမည့်ကိစ္စဖြစ်ကြောင်းကို သက်သေခံများ သိထားနှင့်သည်ကား ကြာမြင့်ပေပြီ။ ၁၉၉၀ ဇွန် ၁ ကင်းမျှော်စင်[လိပ်] ၏ “စာရှုသူများထံမှမေးခွန်းလွှာ” တွင် ရောဂါကာကွယ်သည့်အနေနှင့် ဆရာဝန်ထောက်ခံသော သွေးရည်ကြည်ထိုးဆေး ထိုးခြင်းအကြောင်းကို ဆွေးနွေးတင်ပြထားသည်။ ဤကဲ့သို့သော ထိုးဆေးပါ အစွမ်းထက်အစိတ်အပိုင်းများသည် သွေးပလာစမာကိုယ်၌မဟုတ်ဘဲ ခုခံအားရှိသူတို့၏ သွေးပလာစမာမှ ပဋိပစ္စည်းများဖြစ်သည်။ ဤသို့သောထိုးဆေးကို ဩတ္တပ္ပစိတ်ကြည်လင်စွာ ထိုးနိုင်သည်ဟု ခံယူသောခရစ်ယာန်အချို့က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၏အသွေးမှ ပဋိပစ္စည်းများသည် သူ၏သားအိမ်ရှိ သန္ဓေသား၏အသွေးထဲ ကူးပြောင်းသွားကြောင်း သတိပြုစေသည်။ “စာရှုသူများထံမှမေးခွန်းလွှာ” က ယင်းနှင့်တကွ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးထံမှ သူ၏သားငယ်ထံသို့ အယ်လဗျူမင်အနည်းအကျဉ်း ကူးဝင်သွားကြောင်းကိုပါ ဖော်ပြပါသည်။

ယင်းကို ဂရုပြုသင့်သည်ဟု အချို့ကဆိုသည်။ အကြောင်းမှာ သွေးမှထုတ်လုပ်ထားခြင်းမဟုတ်သော ကာကွယ်ဆေးအချို့တွင် ၎င်းထိုးဆေးပါ ပစ္စည်းတို့ကို မပျက်စီးစေရန် အသုံးပြုသော၊ သို့မဟုတ် ထည့်သွင်းထားသော ပလာစမာအယ်လဗျူမင် အနည်းအကျဉ်းပါနိုင်၍ဖြစ်သည်။ ယခုသုံးစွဲလျက်ရှိသော EPO (အီရစ်သရိုပွိုင်တင်) ဟော်မုန်းတု ထိုးဆေးများတွင် အယ်လဗျူမင် အနည်းအကျဉ်း ထည့်အသုံးပြုထားသည်။ EPO ထိုးဆေးသည် သွေးနီဥကို အလျင်အမြန်ထုတ်လုပ်ပေးနိုင်၍ သွေးသွင်းစရာ လိုလိမ့်မည်ဟု ဆရာဝန်အား မယူမှတ်စေရန် သက်သေခံအချို့သည် ယင်းထိုးဆေးကို ထိုးခဲ့ကြပြီ။

ဆေးဝါးထုတ်လုပ်သော ကုမ္ပဏီများသည် ဆေးအသစ်များ ထုတ်ဖော်ခြင်း သို့မဟုတ် လက်ရှိဆေးဖော်နည်းများကို ပြောင်းလဲပြုလုပ်လေ့ရှိကြသောကြောင့် အနာဂတ်တွင် အယ်လဗျူမင် မဆိုစလောက်ပါသည့် အခြားဆေးဝါးများ ပေါ်ထွက်လာနိုင်စရာအကြောင်းရှိသည်။ ယင်းကြောင့် ခရစ်ယာန်များသည်ဆရာဝန် ထိုးခိုင်းသည့် ကာကွယ်ဆေး၊ သို့မဟုတ် အခြားထိုးဆေးတစ်မျိုးမျိုးတွင် အယ်လဗျူမင် ပါမပါ သိလိုကြမည်။ သူတို့သည် သံသယဝင်မည်၊ သို့မဟုတ် အယ်လဗျူမင် ပါဝင်သည်ဟု ထင်စရာအကြောင်းရှိမည်ဆိုလျှင် ဆရာဝန်အား မေးမြန်းစုံစမ်းနိုင်ပါသည်။

သတိပြုစေခဲ့သည့်အတိုင်း သက်သေခံများစွာတို့သည် အယ်လဗျူမင် အနည်းအကျဉ်းပါဝင်သော ထိုးဆေး ထိုးခြင်းကို မကန့်ကွက်ခဲ့ကြပါ။ သို့တိုင် ကိုယ်တိုင်အတွက် ဆုံးဖြတ်ချက်မချမီ ဤကိစ္စရပ်ကို စေ့စေ့ငင လေ့လာသုံးသပ်လိုမည်ဆိုလျှင် ၁၉၉၀ ဇွန် ၁ ကင်းမျှော်စင် [လိပ်] ပါ “စာရှုသူများထံမှမေးခွန်းလွှာ” ပါ အချက်အလက်များကို ပြန်သုံးသပ်ကြည့်သင့်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ