“ရွှင်လန်းသောချီးမွမ်းသူများ”—ခရိုင်စည်းဝေးကြီးသို့ လာရောက်လှည့်ပါ
၁၉၉၅ ခုနှစ် ခရိုင်စည်းဝေးကြီးအတွက် ရွေးချယ်ထားသော အလွန်ကောင်းသည့် ခေါင်းစဉ်ပါတကား– “ရွှင်လန်းသောချီးမွမ်းသူများ”! ယင်းအတိုင်း ယေဟောဝါသက်သေများဖြစ်ကြသည်မှာအမှန်။ မည်သူ့ကို ချီးမွမ်းသူများနည်း။ ယေဟောဝါဘုရားသခင်ကိုသာဖြစ်သည်!
ယေဟောဝါသည် နည်းများစွာတွင် ပြိုင်ဘက်မရှိ၊ တုနှိုင်းဖွယ်မရှိ၊ သူမတူထူးခြားသည်။ ကိုယ်တော်သည် အနန္တတန်ခိုးရှင်၊ အရာခပ်သိမ်းကို ထိုးဖောက်မြင်နိုင်သော ဉာဏ်စွမ်းအရှင်၊ စုံလင်ပြည့်ဝသည့် တရားမျှတမှုရှိသောအရှင်နှင့် မေတ္တာ၏ပြယုဂ်ဖြစ်တော်မူသည်။ ကိုယ်တော်သည် အခြားပုဂ္ဂိုလ်အားလုံးအထက်တွင် ကျွန်ုပ်တို့၏ဝတ်ပြုချီးမွမ်းမှုကိုခံထိုက်သောအရှင် ဖြစ်တော်မူသည်။
ကျွန်ုပ်တို့သည် ရွှင်လန်းသောချီးမွမ်းသူများဖြစ်လိုကြသည်မှာအမှန်! ကျွန်ုပ်တို့အားထောက်ကူရန် ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့က ၁၉၉၅ ခုနှစ် နွေရာသီတွင်စတင်သော ကောင်းမွန်သည့် သုံးရက်စည်းဝေးကြီးအစီအစဉ်ကို စီစဉ်ထားပါသည်။ ဤသုံးရက်သည် ရွှင်လန်းသောနေ့များဖြစ်မည်မှာ သေချာပါသည်။ ထို့အပြင် ယေဟောဝါသက်သေယောက်တိုင်းသည် သောကြာနေ့နံနက်ပိုင်း အဖွင့်သီချင်းမှ တနင်္ဂနွေနေ့ မွန်းလွဲပိုင်း အပိတ်သီချင်းနှင့် ဆုတောင်းချက်အထိ ရှိနေကြရန် အတတ်နိုင်ဆုံး လုပ်ဆောင်လိုကြမည်ဖြစ်သည်။
၁၉၉၅ ခရိုင်စည်းဝေးကြီးနေရာများ
အောက်တိုဘာ ၁၃–၁၅
ရန်ကုန်
ဒီဇင်ဘာ ၂၂–၂၄
ပြင်ဦးလွင်
ဒီဇင်ဘာ ၂၂–၂၄
တာဟန်း
ဒီဇင်ဘာ ၂၉–၃၁
ဟားခါး
သဘော့ငူ