ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၇/၁ စာ. ၃၂
  • “မူမှန်သောစိတ် မရှိနိုင်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “မူမှန်သောစိတ် မရှိနိုင်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၇/၁ စာ. ၃၂

“မူမှန်သောစိတ် မရှိနိုင်”

“စစ်ပွဲများသည် လူ့စိတ်ထဲတွင် စတင်ဖြစ်ပေါ်လာသည့်အတွက် လူ့စိတ်ထဲ ငြိမ်းချမ်းရေး ကတုတ်ရင်တားများ တည်ဆောက်ပေးဖို့လိုသည်။” (ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၏ အမိန့်ပြန်တမ်း) ဤထွက်ဆိုချက်ကိုသတိချပ်ပြီး ၁၉၉၃ ခုနှစ်တွင် လက်နက်ဖျက်သိမ်းရေး ကုလသမဂ္ဂညီလာခံတစ်ခုကို တက်ရောက်ခဲ့သူပါရဂူ ၅၀၀ ကျော်တို့သည် ဤကဲ့သို့သောကတုတ်ရင်တားများ တည်ဆောက်ရေးတွင် ဘာသာတရား၏ကဏ္ဍကို ဆင်ခြင်သုံးသပ်ခဲ့ကြသည်။

ကမ္ဘာ့လုံခြုံရေး ရှေ့နေမဟာမိတ်အဖွဲ့၏ကိုယ်စားလှယ် ဂျော်နသန် ဂရန်နော့ဖ်က ထိုညီလာခံတွင် အကဲဖြတ်ပေးခဲ့သည်။ ဤသို့သတိပြုသည်– “လက်ရှိဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခသည် ယဉ်ကျေးသည့်အပြုအမူမရှိနိုင်သည်အထိ ဖြစ်ပွားနေရာ မူမှန်သောစိတ်မရှိနိုင်သည့်တိုင် ဖြစ်ကောင်းဖြစ်နေပေမည်။” ထိုညီလာခံတွင် ဂျောန် ကဲနက်သ် ဂေါလ်ဘရေ့သ်၏ ဤစကားကို ဆီလျော်စွာကိုးကားခဲ့သည်– “ဘာသာတရားအမည်ဖြင့် အသတ်ခံရသူအရေအတွက်သည် စစ်ပွဲများနှင့် သဘာဝဘေးဒဏ်အားလုံးတို့တွင် သေကျေပျက်စီးသူတို့ထက် ပိုများပါသည်။”

ပါမောက္ခရှက်ကာဂီရီ ရောန်က ဤသို့ဆိုသည်– “ဆရာဝန်များသည် ရောဂါကုသပေးပြီး ရောဂါမပြန့်ပွားစေဖို့ဖြစ်သည်။ ဘာသာရေးထုံးတမ်းစဉ်လာများသည် အချင်းချင်းမုန်းတီးမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများ မပြန့်ပွားစေဖို့ဖြစ်သည်။ ယင်းတို့သည် ပြန်၍သင့်မြတ်စေနိုင်ဖို့အတွက် ဖြစ်သည်။ သို့သော် တကယ်တမ်းတွင် ယင်းတို့သည် မကြာခဏ စိတ်ဝမ်းကွဲပြားစေခဲ့ပြီး ယခုတိုင်စိတ်ဝမ်းကွဲလွဲစေနေဆဲရှိသည်။”

“ယခုခေတ်ချာ့ချ်များသည် ပူးပေါင်းပြီး စစ်ကိုရှုတ်ချမည်ဆိုလျှင်” ငြိမ်းချမ်းရေးကျိန်းသေရရှိနိုင်မည်ဟု လွန်ခဲ့သောနှစ်အနည်းငယ်က လန်ဒန်ကက်သလစ် ဟယ်ရဲလ်ဒ်ကဆိုသည်။ သို့ရာတွင် သတင်းစာက ဤသို့ထပ်ဆင့်သည်– “ဤသို့ဘယ်တော့မျှဖြစ်မည်မဟုတ်ကြောင်း ကျွန်ုပ်တို့သိရှိ၏။” တစ်ခါက ကက်သလစ်သီလရှင်တစ်ဦး ဤသို့ပြောဆိုခဲ့သည်– “တစ်နေ့သောနံနက်တွင် ကျွန်မတို့အားလုံး အိပ်ရာမှနိုးထသည်နှင့် ယေဟောဝါသက်သေများနည်းတူ . . . နောက်တစ်ဖန် လက်နက်မကိုင်တော့ဟု အခိုင်အမာဆုံးဖြတ်ချက်ချနိုင်ကြမည်ဆိုလျှင် ဤလောကကြီးသည် အမှန်တကယ်ထူးခြားသွားမည်မုချ!”

[Picture Credit Line on page 32]

Tom Haley/Sipa Press

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ