ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၈/၁၅ စာ. ၃၁
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိမိလက်ရာချန်ထားခဲ့သော စာပုံနှိပ်သမားတစ်ဦး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • အမှန်တရားကို အဘယ်ကြောင့်ရှာဖွေသင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခရစ်ယာန်များသည် ဝိညာဉ်နှင့် အမှန်တရားဖြင့် ဝတ်ပြုကိုးကွယ်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဘာသာရေးဆိုင်ရာအမှန်တရားသည် လက်လှမ်းမီနိုင်ရာလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၈/၁၅ စာ. ၃၁

သင်မှတ်မိသလော

မကြာမီကထုတ်ဝေသော ကင်းမျှော်စင် စာစောင်များကို သင်ဖတ်ရှုပြီးပြီလော။ သို့ဖြစ်လျှင် အောက်ပါတို့ကိုပြန်လည်စဉ်းစားခြင်းက သင့်အတွက် စိတ်ဝင်စားစရာဖြစ်စေပေမည်။

▫ ဘာသာရေးဆိုင်ရာအမှန်တရားသည် လက်လှမ်းမီနိုင်သည့်အရာဖြစ်သလော။ ယေရှုခရစ်က “သမ္မာတရား [အမှန်တရား] ကိုလည်းသိကြသဖြင့် ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်” ဟု မိန့်တော်မူသည်။ (ယောဟန် ၈:၃၂) ယေရှုက အမှန်တရားသည် လက်လှမ်းမီနိုင်ရာဖြစ်ကြောင်း ထောက်ပြခဲ့ရုံသာမကဘဲ ကျွန်ုပ်တို့ဝတ်ပြုမှုကို ဘုရားသခင်နှစ်သက်လက်ခံစေလိုလျှင် ယင်းကိုရှာဖွေဖို့လိုကြောင်းကိုပါ ပြသခဲ့သည်။ ရှမာရိအမျိုးသမီးတစ်ဦးကို ကိုယ်တော်ဤသို့မိန့်တော်မူသည်– “ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရား [အမှန်တရား] နှင့်လည်းကောင်း ကိုးကွယ်ရ” မည်။ (ယောဟန် ၄:၂၃)—၄/၁၅၊ စာမျက်နှာ ၅။

▫ ရော်ဘရ် အေတီယန်ကား မည်သူနည်း။ သူသည် မည်သည့်နည်းဖြင့် မိမိ၏လက်ရာကိုချန်ထားသနည်း။ ရော်ဘရ် အေတီယန်သည် ၁၆ ရာစုအတွင်းက အသက်ရှင်ခဲ့သော စာပုံနှိပ်သမားတစ်ဦးဖြစ်သည်။ သူသည် သန့်ရှင်းသောကျမ်းစာစောင်များကို ထုတ်ဝေခြင်းတွင် မိမိ၏ဘဝကို မြှုပ်နှံထားကာ သမ္မာကျမ်းစာ၏စာသားများကို မူရင်းအတိုင်းဖော်ထုတ်ရန် ကြိုးစားခဲ့သူဖြစ်သည်။ သမ္မာကျမ်းစာ၏စာသားများကို အခန်းကြီး အခန်းငယ်ခွဲသည့် သူ၏နည်းစနစ်သည် ယနေ့ကမ္ဘာသုံးစနစ်ဖြစ်သည်။—၄/၁၅၊ စာမျက်နှာ ၁၀၊ ၁၄။

▫ နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းမှ မည်သည့်အကျိုးကျေးဇူးကို ကျွန်ုပ်တို့ရရှိသနည်း။ ကျမ်းစာသည် ကျွန်ုပ်တို့အတွက် အမြဲအဓိပ္ပာယ်သစ်လန်းနေသည်။ ကျွန်ုပ်တို့ တွေ့မြင်ကြားနာ၍ ရင်ဆိုင်ခဲ့ရသောအဖြစ်အပျက်တို့ကိုထောက်ရှု၍ နောက်ဆုံးကာလနှင့်ပတ်သက်သော ပရောဖက်ပြုချက်များသည် ကျွန်ုပ်တို့အတွက် သာ၍စွဲမှတ်စရာဖြစ်လာလေသည်။ ဘဝအတွေ့အကြုံတိုးများလာပြီး ပြဿနာများကို နိုင်နင်းစွာဖြေရှင်းလာနိုင်သည်နှင့်အမျှ ကျွန်ုပ်တို့သည် ကျမ်းစာပါဆုံးမစကားများကို သာ၍တန်ဖိုးထားလေးမြတ်လာမည်ဖြစ်သည်။ (သု. ၄:၁၈)—၅/၁၊ စာမျက်နှာ ၁၅။

▫ ကျမ်းချက်များကို မည်သို့ပြန်သတိရနိုင်မည်နည်း။ သမ္မာကျမ်းစာကို အသင်ဖတ်ရှုစဉ် သင်စွဲမှတ်ထားလိုသော ကြိုက်နှစ်သက်ရာ ကျမ်းချက်များကို မှတ်သားထားပါ။ သို့မဟုတ် ကတ်ပြားများပေါ်ကူးရေးပြီး ယင်းတို့ကိုနေ့စဉ်တွေ့မြင်နိုင်သောနေရာတွင်ထားပါ။ ကျမ်းပိုဒ်များကို အလွတ်ကျက်မှတ်ရန်ကြိုးစားစဉ် ယင်းတို့ကိုဆင်ခြင်တွေးတောကာအသုံးပြုပါ။ တစ်ခါတည်းနှင့် ကျက်မှတ်စရာ မများလွန်းစေနှင့်။ တစ်ပတ်လျှင် တစ်ခုနှစ်ခုမျှသာကျက်မှတ်ပါ။—၅/၁၊ စာမျက်နှာ ၁၆၊ ၁၇။

▫ လုကာခရစ်ဝင်ကျမ်းတွင် အခြားသောခရစ်ဝင်ကျမ်းရေးသူများက ဖော်ပြသောအရာများအပြင် အခြားမည်သည့်အကြောင်းအရာများပါဝင်သနည်း။

လုကာမှတ်တမ်းသည် မဿဲမှတ်တမ်းနှင့် တူညီသည့်အချက်အလက်အတော်များများပါရှိသော်လည်း ကွဲပြားသောအကြောင်းအရာ ၅၉ ရာခိုင်နှုန်းရှိသည်။ လုကာက သူ၏စာအုပ်နှင့်တစ်မူထူးခြားစွာ အံ့ဖွယ်အမှုခြောက်ခုကို မှတ်တမ်းတင်ခဲ့ပြီး အခြားခရစ်ဝင်ကျမ်းရေးသူများ မဖော်ပြသည့် ယေရှု၏ပုံဥပမာများကို နှစ်ဆပို၍ တင်ပြထားသည်။—၅/၁၅၊ စာမျက်နှာ ၁၂။

▫ ၁၉၃၅ ခုနှစ်တွင် မည်သည့် ထူးခြားထင်ရှားသော သမ္မာတရားအသိပညာအလင်း ထွန်းလင်းခဲ့သနည်း။ သမ္မာကျမ်းစာ၏ အဓိကအကျဆုံးခေါင်းစဉ်မှာ ရွေးနုတ်ဖိုးမဟုတ်ဘဲ ဘုရားသခင့်နိုင်ငံတော်ဖြစ်ကြောင်း ထိုနှစ်တွင် ယေဟောဝါ၏လူများသိရှိလာကြသည်။ ထို့အတူ ဗျာဒိတ် ၇:၉-၁၇ တွင်ဖော်ပြထားသော လူအုပ်ကြီးသည် ကောင်းကင်သွားမည့် ဒုတိယတန်းစားဝင်များမဟုတ်ဘဲ မြေကြီးမျှော်လင့်ချက်ရှိသောသူများကို ရည်ညွှန်းကြောင်း သိလာရသည်။ (ယောဟန် ၁၀:၁၆)—၅/၁၅၊ စာမျက်နှာ ၂၀။

▫ ပူဆွေးသောကရောက်သူများကို လက်တွေ့ကျကျမည်သို့နှစ်သိမ့်ပေးနိုင်သနည်း။

နားထောင်ပါ။ စိုးရိမ်စိတ်ကိုပပျောက်စေပါ။ အသုံးခံနိုင်သူဖြစ်ရန် အသင့်ရှိပါ။ သင့်တော်လျောက်ပတ်သည့်အခါ မိမိက ဦးစီးဦးဆောင်ပြုပါ။ နှစ်သိမ့်မှုပေးသော စာတစ်စောင် သို့မဟုတ် ကတ်တစ်ခုကို ရေးသားပေးပို့ပါ။ သူတို့နှင့်အတူဆုတောင်းပါ။ (ယာကုပ် ၅:၁၆) သူတို့ကိုဆက်၍အကူအညီပေးပါ။—၆/၁၊ စာမျက်နှာ ၁၃၊ ၁၄။

▫ ဘာသာတရားကွဲပြားသောအိမ်ထောင်ရှိသူများ ဆက်လက်ခံရပ်နိုင်ရန် ဝိညာဏညီအစ်ကိုညီအစ်မများက သူတို့ကို မည်သို့အကူအညီပေးနိုင်သနည်း။

သူတို့ကို အပြုသဘောပါ နှစ်သိမ့်အားပေးစကားများကို မှန်မှန်ပြောဆိုပါ။ (၁ သက်သာလောနိတ် ၅:၁၄) ယင်းက သူတို့၏စိတ်နှင့်ခန္ဓာအတွက် အားသစ်လန်းမှုဖြစ်စေသည်။ လက်တွေ့ကျ၍ သင့်တော်မည်ဆိုလျှင် သင်၏သီအိုကရက်တစ်နှင့် လူမှုရေးလုပ်ငန်းများတွင် သူတို့အားပါဝင်စေပါ။ သင့်ဆုတောင်းချက်များတွင် ဤကဲ့သို့သောသူများကို သတိရပါ။ (ရောမ ၁:၉; ဧဖက် ၁:၁၆)—၆/၁၊ စာမျက်နှာ ၂၉။

▫ လယ်ကွင်းဓမ္မအမှုတွင်ပါဝင်နေစဉ် စိတ်ရှည်မှုကျင့်သုံးခြင်းသည် မည်သည့်ရလဒ်များကိုဖြစ်ပေါ်စေသနည်း။ စိတ်ရှည်ခြင်းသည် မည်သည့်လျစ်လျူရှုမှု သို့မဟုတ် အတိုက်အခံပြုမှုကိုမဆို ခံရပ်နိုင်ရန် ဘုရားသခင့်နိုင်ငံတော်ကြေညာသူများကို အကူအညီဖြစ်စေသည်။ ဒေါသထွက်နေသောအိမ်ရှင်နှင့် ငြင်းခုံနေမည့်အစား စိတ်ရှည်မှုရှိသောဓမ္မအမှုဆောင်များသည် နူးညံ့သောအဖြေကို ပေးနိုင်စေသည် သို့မဟုတ် အေးအေးဆေးဆေးထွက်လာနိုင်စေသည်။ ယင်းသို့ဖြင့် ငြိမ်သက်မှုနှင့် ရွှင်လန်းမှုကို ဆက်ထိန်းထားနိုင်သည်။ (မဿဲ ၁၀:၁၂၊ ၁၃) ထို့အပြင် သိုးကဲ့သို့သောပုဂ္ဂိုလ်များသည် နိုင်ငံတော်သတင်းတရားသို့ ဆွဲဆောင်ခံရမည်ဖြစ်သည်။—၆/၁၅၊ စာမျက်နှာ ၉။

▫ ကျမ်းစာသမ္မာတရားကိုသိရှိခြင်းသည် အဘယ်ကြောင့် အလွန်အကျိုးရှိသနည်း။

သမ္မာတရားကိုသိရှိခြင်းက မုသား၊ လှည့်စားခြင်းနှင့် အယူသီးမှုမှ လွတ်မြောက်စေသည်။ သမ္မာတရားအတိုင်း ကျွန်ုပ်တို့အသက်ရှင်ကြမည်ဆိုလျှင် အခက်အခဲများကို ခံရပ်နိုင်ရန် သမ္မာတရားကခွန်အားပေးသည်။ မျှော်လင့်ချက်ရှိစေသည့်အတွက် စုံစမ်းခြင်းအောက်၌ မြဲမြံတည်ကြည်နိုင်ရန် အစွမ်းရှိစေသည်။—၇/၁၊ စာမျက်နှာ ၈။

▫ ဘိသိက်ခံခရစ်ယာန်အသင်းတော်သည် ဇာတိဣသရေလထံမှ မည်သည့်အဓိကတာဝန်ကို လွှဲပြောင်းယူလိုက်သနည်း။ လူမျိုးအသီးသီးတို့အား ယေဟောဝါ၏ကြီးမြတ်တော်မူခြင်းအကြောင်း သက်သေခံခွင့်ကို လွှဲပြောင်းယူလိုက်သည်။ (ဟေရှာယ ၄၃:၂၁; ၁ ပေတရု ၂:၉)—၇/၁၊ စာမျက်နှာ ၁၉။

▫ ခရစ်ယာန်လင်ယောက်ျားများသည် မိမိတို့၏ဇနီးမယားကို ‘ဂုဏ်တင်’ သင့်သည်ဟူသော ပေတရု၏စကားများက မည်သည့်အရာကိုဆိုလိုသနည်း။ (၁ ပေတရု ၃:၇)

မိမိ၏ဇနီးမယားကို ဂုဏ်တင်သော လင်ယောက်ျားသည် သူမကိုအရှက်ခွဲမည်မဟုတ်။ နှိမ်မည်လည်းမဟုတ်ပါ။ ယင်းအစား သူ၏အပြောအဆိုနှင့် အပြုအမူ—နှစ်ကိုယ်ကြားဖြစ်စေ၊ လူအများရှေ့တွင်ဖြစ်စေ—အားဖြင့် သူမကို တန်ဖိုးထားလေးမြတ်ကြောင်းကို ဖော်ပြလိမ့်မည်။ (သု. ၃၁:၁၀-၃၁)—၇/၁၅၊ စာမျက်နှာ ၁၉။

▫ နောင်တမယူသောပြစ်မှားသူတစ်ဦးအား အသင်းတော်မှ နှင်ထုတ်ခြင်းသည် မေတ္တာရှိရာရောက်သည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။

နှင်ထုတ်ခြင်းသည် ယေဟောဝါနှင့် ကိုယ်တော်၏နည်းလမ်းတော်များကို မြတ်နိုးကြောင်း တင်ပြခြင်းဖြစ်သည်။ (ဆာလံ ၉၇:၁၀) ယင်းသည် ဖြောင့်မတ်သောလမ်းစဉ်အတိုင်း လိုက်လျှောက်နေသူများအား မေတ္တာပြခြင်းဖြစ်သည်။ အကြောင်းမူကား သူတို့အပေါ် မကောင်းသောသြဇာသက်ရောက်စေနိုင်သည့်သူတစ်ဦးကို သူတို့အထဲမှ ထုတ်ပစ်လိုက်သည့်အတွက်ဖြစ်သည်; အသင်းတော်၏သန့်ရှင်းမှုကိုလည်း ကာကွယ်ပေးပါသည်။ (၁ ကောရိန္သု ၅:၁-၁၃)—၇/၁၅၊ စာမျက်နှာ ၂၅။

▫ မဿဲ ၂၄:၄၅–၄၇ တွင် ယေရှုပြောသည့် “သစ္စာနှင့်သတိပညာရှိသောကျွန်” ကို ယနေ့မည်သို့ခွဲခြားသိမှတ်နိုင်သနည်း။

အထူးသဖြင့် သမ္မာကျမ်းစာအခြေပြုသော စာပေများကိုထုတ်ပေးခြင်း၊ “[ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိသတင်း” ကို သွန်သင်ပေးခြင်းနှင့် ဟောပြောခြင်းလုပ်ငန်းနှင့် ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာကို အနီးကပ်လိုက်လျှောက်ခြင်းတို့အားဖြင့် သူတို့ကိုခွဲခြားသိမှတ်နိုင်သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀)—၈/၁၊ စာမျက်နှာ ၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ