ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၁/၁ စာ. ၂-၄
  • ကျွန်ုပ်တို့အလယ်၌ ကောင်းကင်တမန်များ ရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့အလယ်၌ ကောင်းကင်တမန်များ ရှိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းကင်တမန်များနှင့် ပတ်သက်သော အစွဲအလမ်း
    နိုးလော့!—၂၀၀၁
  • ဇာတ်လမ်းများကို ဆန်းစစ်ကြည့်ခြင်း
    နိုးလော့!—၂၀၀၁
  • ကောင်းကင်တမန်များ သင့်အားမည်သို့ကူညီနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • သင့်တွင် ကိုယ်စောင့် ကောင်းကင်တမန် ရှိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၁/၁ စာ. ၂-၄

ကျွန်ုပ်တို့အလယ်၌ ကောင်းကင်တမန်များ ရှိသလော

အဖြစ်အပျက်က မြန်ဆန်လှ၏။ မယ်ရီလ်လင်သည် အတွေးတွင်နစ်မျောနေပြီး ပတ်ဝန်းကျင်ကိုသတိမမူဘဲ ရထားသံလမ်းပေါ်တွင် လှမ်းလျှောက်နေမိသည်။ ရုတ်တရက် ကျယ်လောင်လှသောမြည်ဟိန်းသံကို ကြားလိုက်ရသည်။ ရှာဖွေကြည့်လိုက်ရာ ချဉ်းကပ်လာနေသောရထား၏ လမ်းကြောင်းတည့်တည့်တွင် သူမရပ်နေသည်ကိုသာ တွေ့လိုက်ရ၏! မယ်ရီလ်လင်သည် ကြောင်တက်တက်နှင့် ကြက်သေသေနေမိသည်။ စက်မောင်းသမား၏ထိတ်လန့်နေသောမျက်နှာနှင့် အပြာရောင်မျက်လုံးများကိုပင် မြင်နိုင်သည့်အထိ ရထားကအလွန်နီးကပ်နေသည်။ နောက် ဘာဆက်ဖြစ်ပျက်ခဲ့သည်ကို မယ်ရီလ်လင် ဘယ်တော့မျှမမေ့ပါ။ “အနောက်ဘက်ကနေ ဧရာမကြီးတစ်ဦး တွန်းလိုက်သလိုပါပဲ” ဟု သူမပြောပြသည်။ “ရထားသံလမ်းကနေ ကျွန်မလွင့်ထွက်သွားပြီး အနားမှာရှိတဲ့ ကျောက်မီးသွေးချော်တွေပေါ်မှာ သွားကျတယ်။” ဒဏ်ရာအနည်းငယ်ရကာ မယ်ရီလ်လင်သည် ကယ်တင်သူကိုကျေးဇူးတင်ရန် ထလာသည်—သို့သော် မြင်ကွင်း၌ကား မည်သူမျှမရှိပါ! သူမ၏အဆုံးသတ်စကားကား အဘယ်နည်း။ “ကျွန်မရဲ့ကိုယ်စောင့်နတ်က ကျွန်မရဲ့အသက်ကို ကယ်တင်လိုက်တာ” ဟု မယ်ရီလ်လင်ပြောသည်။ “သူမဟုတ်ရင် ဘယ်သူရှိဦးမှာလဲ။”

သံသယဝင်နေသောလောကသည် ကောင်းကင်တမန်များကို ရုတ်တရက်စွဲလမ်းလာကြဟန်ရှိ၏။ မကြာသေးမီနှစ်များအတွင်းက ကောင်းကင်သတ္တဝါများသည် ရုပ်မြင်သံကြားပြပွဲများ၊ ရုပ်ရှင်များနှင့် ဘရော့ဝေးဇာတ်ပွဲများအတွက် အဓိကအကြောင်းအရာဖြစ်ခဲ့သည်။ ကောင်းကင်တမန်များနှင့်ပတ်သက်သောစာအုပ်များသည် ဘာသာရေးဆိုင်ရာအရောင်းရဆုံးစာအုပ်များ၏ စာရင်းထိပ်ဆုံးတွင်ရှိနေသည်။ ကောင်းကင်တမန်အသင်းအဖွဲ့များ၊ ကျမ်းစာသင်ကျောင်းများနှင့် သတင်းလွှာများလည်းရှိသည်။ ဆောင်းပါးတစ်ပုဒ်ဖော်ပြချက်အရ “သင်၏ ‘အတွင်းပိုင်း ကောင်းကင်တမန်’” ကိုလွှတ်ရန် သင့်အားကူညီဖို့ အလုပ်ရုံများထူထောင်ထားသည်။

အခါအခွင့်သင့်စွာပင် ကောင်းကင်တမန်ဆိုင်ရာခေတ်ထမှုကိုအမှီပြု၍ အခွင့်အရေးစောင့်နေသောကုန်သည်များသည် အဆုံးမရှိသောသုံးစွဲသူထုတ်ကုန်များတသီတတန်းကြီးကို ကြော်ငြာကြသည်။ အမေရိကန်မှတွဲဖက်ဆိုင်ရှင်တစ်ဦးက “ကောင်းကင်တမန်များပါတဲ့ ဘယ်ပစ္စည်းမဆို အမြတ်ထွက်တယ်” ဟု ပြောသည်။ ယင်းနှင့်စပ်လျဉ်းသော စာအုပ်တစ်ပုံတစ်ပင်ကြီးတွင် ထပ်ဆင့်၍ သူမစာရင်းတင်ပြသည်မှာ “ကောင်းကင်တမန်ရုပ်တုများ၊ ဆံထိုးများ၊ ကစားစရာအရုပ်များ၊ တီရှပ်များ၊ ကြော်ငြာကားချပ်များနှင့် မေတ္တာပို့သသည့်ကတ်များ”—ဤအစုအပုံအားလုံးကို သတင်းစာဆရာတစ်ယောက်က “ကောင်းကင်ဘုံမှလာသော အကျိုးအမြတ်များ” ဟု ခေါ်ထားသည်။

သို့သော် ယင်းသည် ကောင်းကင်တမန်ကိုထောက်ခံသူများ အခိုင်အမာပြောဆိုကြသည့် အခိုက်အတန့်ခေတ်စားရာမျှမဟုတ်ပါ။ သူတို့၏အဆိုကိုထောက်ခံသည့်အနေနှင့် ကောင်းကင်တမန်များနှင့်တွေ့ဆုံခဲ့သော “ဘဝဖြစ်ရပ်မှန်” ကို တစ်ခုပြီးတစ်ခုတင်ပြကြသည်။ အချို့က ကောင်းကင်တမန်ကို လူပုံသဏ္ဌာန်နှင့်တွေ့သည်ဟု ဆိုကြ၏။ အခြားသူများက အလင်းရောင်တွေ့ကြ၊ အသံကြားကြ၊ အနား၌ရှိနေသည်ဟု အာရုံခံစားရကြ၊ သို့မဟုတ် ကောင်းကင်တမန်များဆိုင်ရာ ဟု သူတို့ခံစားယုံကြည်ကြသည်။ မယ်ရီလ်လင်ကဲ့သို့ပင် လူအများသည် ကောင်းကင်တမန်တစ်ပါးက သူတို့၏အသက်ကို ကယ်တင်ခဲ့သည်ဟု ဆိုကြသည်။

ဘာများဖြစ်နေသနည်း။ “ဝိညာဉ်ရေးဆိုင်ရာ ပြန်လည်လှုပ်ရှားထကြွမှုတစ်ခုလို့ ကျွန်တော်ထင်တယ်” ဟု “ဝိညာဉ်လောကဆိုင်ရာ” တွေ့ဆုံမှုများနှင့်ပတ်သက်သော စာအုပ်နှစ်အုပ်ကိုရေးသားခဲ့သူ ဂျိုး ဝက်စတား အဲတာစန် ကပြောသည်။ နောက်ထပ်စာအုပ်တစ်အုပ်ကိုထုတ်ရန် ကူညီခဲ့သော အယ်လ်မာ ဒယ်နီရယ်က ထပ်ဆင့်လိုက်သေးသည်။ သူမပြောသည်မှာ ကောင်းကင်တမန်များသည် “လူအများ ဆက်သွယ်နိုင်ရန် သူတို့ကိုသူတို့ထင်ရှားပြဖို့ ယခုညွှန်ကြားခံနေရသည်။ သူတို့အကြောင်း ကျွန်မတို့ ဤမျှသိလာရခြင်းသည် ထိုအတိုင်းပင်သူတို့အလိုရှိသောကြောင့်တည်း။ ယင်းတို့ကို သူတို့က လုပ်ဆောင်နေကြသည်။”

ယင်းသည် အမှန်ပင်လော။ သို့မဟုတ် ကောင်းကင်တမန်များနှင့်ပတ်သက်၍ စွဲမက်ဖွယ်ဖြစ်နေသောအရာနောက်ကွယ်တွင် တစ်စုံတစ်ခုရှိသလော။ သိရှိရန် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို စူးစမ်းရမည်။ ကျွန်ုပ်တို့တွေ့ရလိမ့်မည်ဖြစ်သည့်အတိုင်း သမ္မာကျမ်းစာ၌ ကောင်းကင်တမန်များနှင့်ပတ်သက်သော အမှန်တရားပါဝင်သည်။

[Picture Credit Line on page 2]

Pages 3 and 4: The New Testament: A Pictorial Archive from Nineteenth-Century Sources, by Don Rice/​Dover Publications, Inc.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ