မျိုးအောင်ခြင်းနှင့်စစ်တို့၏ ဘုရားမများ
ဆီးရီးယားနိုင်ငံ အက်ဘ်လာမြို့တွင် ရှေးဟောင်းသုတေသနဆိုင်ရာ လှုပ်ရှားမှုတစ်ခုအတွင်း ဗာဗုလုန်၏မျိုးအောင်ခြင်းနှင့်စစ်တို့၏ ဘုရားမဖြစ်သော အစ်ရှ်တာ၏ပုံကိုထုလုပ်ထားသည့် ရှေးဟောင်းအမွေအနှစ်လက်ရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ရှေးဟောင်းသုတေသနပညာရှင် ပါအိုလို မတ်တီးအိုင်းက ယင်းသည် “ရှည်မြောမြောတိုင်တစ်ချောင်းပေါ်တွင် ခေါင်းတည်ထားသည့် . . . နတ်ဘုရားတစ်ပါးရှေ့တွင် ဦးခေါင်းပိုင်းကို ဇာပဝါဖုံးထားသည့် ပုရောဟိတ်မတစ်ဦး၏ပုံတို့ဖြင့် ရုပ်လုံးဖော်ထားသည့် အယူဝါဒဆိုင်ရာရုပ်ပုံတစ်ခုပါသော ထုလုံးရှည်ပုံတံဆိပ်တုံး” တစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုရုပ်ပုံသည် ဘီ.စီ.အီး. ၁၈ ရာစုအစပိုင်းအချိန်ကဖြစ်ကြောင်း ဖော်ပြသောကြောင့် ထိုတွေ့ရှိမှုသည် အရေးပါသည်။ မတ်တီးအိုင်း၏အဆိုအရ အစ်ရှ်တာဝတ်ပြုရေးသည် နှစ်ပေါင်း ၂,၀၀၀ ခန့်သက်တမ်းကြာညောင်းခဲ့ကြောင်း ယင်းက “ခိုင်လုံသည့်အထောက်အထား” ကို ပေးသည်။
အစ်ရှ်တာဝတ်ပြုရေးကို ဗာဗုလုန်တွင် အစပြုခဲ့ပြီး နောက်ပိုင်းရာစုနှစ်များတွင် ရောမအင်ပါယာတစ်ခွင် ပျံ့နှံ့ခဲ့သည်။ ယေဟောဝါက ကတိထားရာပြည်မှ ဗာဗုလုန်ဘာသာတရား၏ လက်စလက်နများကို သုတ်သင်ရှင်းလင်းပစ်ရန် ဣသရေလလူမျိုးများကို မိန့်မှာတော်မူခဲ့သော်လည်း သူတို့သည် ဤသို့ပြုရန် ပျက်ကွက်ခဲ့ကြသောကြောင့် အာရှတရက် (အစ်ရှ်တာကို ခါနာန်လူမျိုးများအခေါ်) ဝတ်ပြုရေးသည် သူတို့အတွက် ထောင်ချောက်ဖြစ်လာသည်။—တရားဟောရာ ၇:၂၊ ၅; တရားသူကြီး ၁၀:၆။
အစ်ရှ်တာနှင့် သူမ၏အခေါ်ကွဲ အာရှတရက်တို့သည် မရှိတော့သော်လည်း ၎င်းတို့ကို ကိုယ်စားပြုသည့် အကျင့်စရိုက်များ—စာရိတ္တယိုယွင်းမှုနှင့် ရမ်းကားမှု—သည် ပျံ့နှံ့နေသည်။ ယနေ့ခေတ်ရှိ လူ့ဘောင်သည် ဤမျိုးအောင်ခြင်းနှင့်စစ်တို့၏ ဘုရားမများကို ကိုးကွယ်သည့် ရှေးလူ့ယဉ်ကျေးမှုအဆင့်အတန်းနှင့် အမှန်တကယ်ပင် သိသိသာသာကွာခြားပါ၏လောဟု ကျွန်ုပ်တို့ မေးသင့်ပေသည်။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ကလေးငယ်များသည်လည်း တားနစ်ထ်ထံ ယဇ်ပူဇော်ခံရကြ
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
Ralph Crane/Bardo Museum