ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၁/၁၅ စာ. ၂၄-၂၅
  • သူတို့၏အလင်း ငြိမ်းမသွားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့၏အလင်း ငြိမ်းမသွားပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရမိကဲ့သို့ ရဲရင့်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • “ခြေကုန်လက်ပန်းကျနေသူကို ငါ လန်းဆန်းစေမယ်”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • “သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • “ယေဟောဝါဘယ်မှာလဲ” ဆိုပြီး သင် နေ့တိုင်းမေးသလား
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၁/၁၅ စာ. ၂၄-၂၅

သူတို့၏အလင်း ငြိမ်းမသွားပါ

ကျမ်းစာခေတ်က အခက်အခဲအတားအဆီးများနှင့် ကြုံတွေ့ရသော သစ္စာရှိယေဟောဝါသက်သေများရှိပါသည်။ သူတို့သည် ဆန့်ကျင်မှုနှင့်ရင်ဆိုင်ရပြီး ကျရှုံးသွားဟန်ရှိသည်။ သို့ဖြစ်စေကာမူ စိတ်ဓာတ်ကျသွားသည့်တိုင် သူတို့လက်မလျော့ခဲ့ပေ။ အမှန်စင်စစ်၊ သူတို့၏အလင်း ငြိမ်းမသွားပါ။

ဥပမာ၊ ပရောဖက်ယေရမိသည် အယူဖောက်ပြန်သောယုဒနိုင်ငံအတွက် ဘုရားသခင်၏ပရောဖက်တစ်ဦးဖြစ်ရန် တာဝန်ပေးအပ်ခံရသည်။ သူသည် လာမည့်ယေရုရှလင်မြို့၏ပျက်စီးခြင်းအကြောင်းကို သတိပေးကြေညာခဲ့သည်။ (ယေရမိ ၁:၁၁-၁၉) ရလဒ်အနေနှင့် ယေရမိသည် မိမိအားဘေးဆိုးကိုကြွေးကြော်သူအဖြစ်မြင်ကြသည့် တစ်နိုင်ငံတည်းသားချင်းတို့နှင့် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ခဲ့ရသည်။

တစ်ကြိမ်၌ ဘုရားသခင့်အိမ်တော်တွင် အဓိကခေါင်းဆောင်ဖြစ်သူ ယဇ်ပုရောဟိတ်ပါရှုရသည် ယေရမိပရောဖက်ပြုသည့်အကြောင်းအရာများကြောင့် သူ့ကိုရိုက်နှက်ပြီး ထိတ်တုံးခတ်ခဲ့သည်။ အတားအဆီးဖြစ်ဟန်ရှိသော ဤအရာကြောင့် ယေရမိက “အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို နေ့တိုင်းခံရပါ၏။ လူတိုင်းပြက်ပြယ်ခြင်းကို ပြုတတ်ကြပါ၏။ အကျွန်ုပ်သည် ဟောပြောလေရာရာ၌ အနိုင်အထက်ပြုခြင်း၊ ညှဉ်းဆဲခြင်းအမှုကြောင့် အော်ဟစ်၍ကြွေးကြော်ရပါ၏။ ထာဝရဘုရား၏နှုတ်ကပါဌ်တော်သည် အကျွန်ုပ်၌ ကဲ့ရဲ့ခြင်း၊ အစဉ်ပြက်ပြယ်ခြင်းကို ခံစရာအကြောင်းဖြစ်ပါ၏” ဟု ပြောခဲ့သည်။ ပရောဖက်သည် ဤသို့ပြောသည့်အထိ စိတ်ဓာတ်ကျသွားသည်– “ငါသည် [ယေဟောဝါ၏] နှုတ်ကပါဌ်တော်ကို မကြားမပြော၊ နာမတော်ကိုအမှီပြု၍ မဟောဘဲနေမည်။”—ယေရမိ ၂၀:၁၊ ၂၊ ၇-၉။

သို့သော်လည်း ယေရမိသည် စိတ်ဓာတ်ကျဆင်းခြင်းကို လက်လျှော့အရှုံးမပေးခဲ့ပေ။ “ထာဝရဘုရား၏နှုတ်ကပါဌ်တော်” နှင့်ပတ်သက်၍ ပြောဆိုရာတွင် ဤသို့သူကြွေးကြော်သည်– “ငါ့အရိုးတို့၌ချုပ်ထား၍ လောင်သောမီးကဲ့သို့နှုတ်ကပါဌ်တော်သည် ငါ့နှလုံး၌ဖြစ်သောကြောင့် အလွန်ငြီးငွေ့သဖြင့် အောင့်၍မနေနိုင်။” (ယေရမိ ၂၀:၈၊ ၉) ဘုရားသခင်နှင့်ပတ်သက်သည့်ကြေညာချက်ကို ဟောပြောရန် အားကြီးစွာလှုံ့ဆော်ခံရကာ ယေရမိသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ထောက်မခံရပြီး တာဝန်ကိုပြီးမြောက်အောင်ဆောင်ရွက်ခဲ့သည်။

တမန်တော်ပေါလုသည်လည်း သူသာလက်လျှော့ခဲ့ပါက စိတ်ဓာတ်ကျသွားစရာအကြောင်းများစွာရှိသည်။ သူသည် သဘာဝဘေးဒဏ်များ၊ သင်္ဘောပျက်ခြင်း၊ စုံစမ်းနှောင့်ယှက်ခြင်းနှင့် ရိုက်နှက်ခြင်းများကို ကြံ့ကြံ့ခံခဲ့သည်။ ထို့အပြင် ‘အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ်နှောင့်ယှက်ခြင်းကို သူခံရ၏။’ (၂ ကောရိန္သု ၁၁:၂၃-၂၈) မှန်ပါသည်၊ ပေါလုသည် ပြဿနာများကို နေ့စဉ်ရင်ဆိုင်ရပြီး သူကူညီတည်ထောင်ပေးခဲ့သော အသင်းတော်သစ်များအတွက် စိုးရိမ်နေရသည်။ ထို့ပြင် မစုံလင်သူဖြစ်ရကား သူသည် မျက်စိမှုန်ခြင်းဖြစ်နိုင်သည့် “ကိုယ်၌စူးသောဆူး” ကို ဆိုင်ပြိုင်တွန်းလှန်ရသေးသည်။ (၂ ကောရိန္သု ၁၂:၇; ရောမ ၇:၁၅; ဂလာတိ ၄:၁၅) အချို့သောသူတို့သည် နောက်ကွယ်၌ ပေါလုကို ဆန့်ကျင်၍ပင်ပြောဆိုကြပြီး ယင်းတို့သည် သူ့နားသို့ ပြန်ပေါက်ကြားခဲ့သည်။—၂ ကောရိန္သု ၁၀:၁၀။

သို့ဖြစ်သော်ငြားလည်း စိတ်ဓာတ်ကျမှုက မိမိကိုလွှမ်းမိုးသွားရန် ပေါလုခွင့်မပြုခဲ့ပေ။ သူသည် အံ့ဖွယ်စွမ်းအားရှိသူတစ်ဦးတော့မဟုတ်ပါ။ (၂ ကောရိန္သု ၁၁:၂၉၊ ၃၀) အဘယ်အရာက သူ၏ ‘အတွင်းမီး’ ကို ဆက်လောင်နေစေသနည်း။ တစ်ခုအနေနှင့် သူ့တွင် အထောက်အမပြုသော တွဲဖက်များရှိခြင်းဖြစ်သည်။ အချို့ဆိုလျှင် ရောမရှိ သူ့အားဖမ်းချုပ်ထားသောအိမ်အထိပင် အဖော်လိုက်ပေးကြသည်။ (တမန်တော် ၂၈:၁၄-၁၆) ဒုတိယမှာ တမန်တော်သည် မိမိ၏အခြေအနေကို မျှတစွာရှုမြင်သောကြောင့်ဖြစ်သည်။ သူ့ကို နှိပ်စက်သူများနှင့် ဆန့်ကျင်သူများသာ အပြစ်ရှိကြပြီး ပေါလုတွင်မရှိပါ။ သူ၏မြေကြီးအသက်တာအဆုံးပိုင်းသို့ ဦးတည်နေချိန်တွင် မိမိ၏ဓမ္မအမှုကို အပြုသဘောရှိရှိအကဲဖြတ်ခဲ့ပြီး ဤသို့ပြောသည်– “ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့ သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့်စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။”—၂ တိမောသေ ၄:၈။

ထိုထက်ကား ပေါလုသည် ယေဟောဝါဘုရားသခင်ထံသို့ ဆုတောင်းခြင်းဖြင့် အမြဲချဉ်းကပ်ပြီး ‘သခင်ဘုရားသည် သူ့ဘက်၌နေ၍ သူ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူ’ သည်။ (၂ တိမောသေ ၄:၁၇) “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏” ဟု ပေါလုပြောသည်။ (ဖိလိပ္ပိ ၄:၁၃) မိမိ၏ဓမ္မအမှုကို အပြုသဘောဖြင့်အကဲဖြတ်ခြင်းအပါအဝင် ဘုရားသခင်အပြင် ခရစ်ယာန်ချင်းတို့နှင့် ဆက်သွယ်မှုရှိခြင်းက ဘုရားသခင်၏လုပ်ငန်းတော်တွင် ဆက်လုပ်ဆောင်ရန် ပေါလုအားအကူအညီဖြစ်စေခဲ့သည်။

ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့် ပေါလု ဤသို့ရေးသားသည်– “ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။” (ဂလာတိ ၆:၇-၉) ဘာကိုရိတ်သိမ်းရမည်နည်း။ ထာဝရအသက်ဖြစ်သည်။ ထို့ကြောင့် ယေရမိ၊ ပေါလုနှင့် ကျမ်းစာတွင်ဖော်ပြထားသော အခြားသစ္စာရှိယေဟောဝါသက်သေများနှင့် တူစေပါ။ မှန်ပါသည်၊ သူတို့နှင့်တူစေပါ။ ထို့ပြင် စိတ်ဓာတ်ကျမှုကို လက်လျှော့အရှုံးမပေးပါနှင့်။ သင့်အလင်းကို ငြိမ်းမသွားစေပါနှင့်။—မဿဲ ၅:၁၄-၁၆ နှိုင်းယှဉ်။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ပေါလုနှင့် ယေရမိတို့သည် သူတို့၏အလင်းကို ငြိမ်းမသွားစေပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ