ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၁/၁၅ စာ. ၂၇
  • “ဆန့်ကျင်ဘက်ဖြစ်သော ထမ်းပိုးကို မထမ်းကြနှင့်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဆန့်ကျင်ဘက်ဖြစ်သော ထမ်းပိုးကို မထမ်းကြနှင့်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၁/၁၅ စာ. ၂၇

“ဆန့်ကျင်ဘက်ဖြစ်သော ထမ်းပိုးကို မထမ်းကြနှင့်”

ဤတွင်ပုံဖော်ထားသော နွားသိုးနှစ်ကောင်သည် ကြီးမားသောခွန်အားရှိ၍ လေးလံသည့်ဝန်ကို လွယ်လင့်တကူဆွဲသွားနိုင်သည်။ သို့သော် နွားသိုးနှစ်ကောင်မှတစ်ကောင်ကို မြည်းတစ်ကောင်နှင့်အစားထိုးလိုက်သည်ဆိုပါစို့။ မြည်းသည် နွားသိုးထက် အကောင်ပိုသေးပြီး ပို၍အားနည်းသောကြောင့် ဆန့်ကျင်ဘက်ဖြစ်သောထမ်းပိုး၌ ယင်းကိုချည်ထားသည့်ဇက်ကြိုးမှ ကန်၍ရုန်းထွက်သွားပေမည်။ ထို့ကြောင့် အကြောင်းကောင်းရှိစွာ ဣသရေလလူမျိုးသို့ပေးခဲ့သော ဘုရားသခင်၏ပညတ်တွင် ဤသို့ဖော်ပြထားသည်– “နွားနှင့် မြည်းကိုဖက်၍ လယ်မထွန်ရ။”—တရားဟောရာ ၂၂:၁၀။

လူသားများနှင့်ပတ်သက်သော ထပ်တူသဘောမျိုးကို တမန်တော်ပေါလုရေးသားခဲ့သည်။ သူဤသို့ပြောသည်– “မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သောထမ်းပိုးကို မထမ်းကြနှင့်။” (၂ ကောရိန္သု ၆:၁၄) အိမ်ထောင်ဖက်ကို ရွေးချယ်ရာတွင် ယင်းကို အထူးသဖြင့်စိတ်ထဲတွင်ထားသင့်သည်။ အိမ်ထောင်ပြုခြင်းသည် အမြဲအဖော်အဖက်ပြုသွားရမည့်အရာတစ်ခုဖြစ်သည်။ အကြောင်းမှာ ယေရှုဤသို့ပြောသည်– “ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်တော်မူသောအရာကို လူမခွဲမခွာစေနှင့်။” (မဿဲ ၁၉:၆) မောင်နှံစုံနှစ်ဦးသည် ယုံကြည်ချက်များ၊ မူများနှင့် ပန်းတိုင်များ ညီမျှမှုမရှိကြသောအခါ အလွန်စိတ်ထိခိုက်စရာများဖြစ်ကြရသည်။ ထို့ကြောင့် “သခင်ဘုရား၌သာ” လက်ထပ်ရန်ပြောထားသည့် ကျမ်းစာဆုံးမစကားကို လိုက်လျှောက်ခြင်းသည် အကျိုးသင့်အကြောင်းသင့်အရှိဆုံးဖြစ်သည်။ (၁ ကောရိန္သု ၇:၃၉) ဘာသာရေးယုံကြည်ချက်ချင်း ညီမျှမှုမရှိသည့်သူတစ်ဦးတစ်ယောက်နှင့် လက်ထပ်ခြင်းသည် နွားသိုးနှင့်မြည်းကို ထမ်းပိုးတင်သည်ထက် ပို၍ကြီးမားသည့်ပြဿနာဖြစ်စေပေလိမ့်မည်။

ဘာသာရေးယုံကြည်ချက် ကွဲပြားခြင်းသည် မောင်နှံစုံတစ်စုံကို ဆန့်ကျင်ဘက်ဖြစ်သည့်ထမ်းပိုးကိုထမ်းရန်ဖြစ်စေနိုင်သည့် အကြောင်းရင်းတစ်ခုသာဖြစ်သည်။ အလားအလာရှိသည့်အဖော်အဖက်များသည် ယုံကြည်ချက်ချင်းတူသည့်တိုင် ဤသို့မေးခြင်းသည် ကောင်းပေမည်၊ ‘ပန်းတိုင်များတူညီကြသလော။ မည်သည့်နေရာ၌ နေထိုင်ကြမည်နည်း။ အသုံးစရိတ်စာရင်းကို မည်သူကိုင်မည်နည်း။ နှစ်ဦးစလုံး အလုပ်လုပ်ကြမည်လော။ ကလေးများနှင့်ပတ်သက်၍ကော။ ဆက်သွယ်မှုတွင် ကြင်နာမှုနှင့် ထောက်ထားညှာတာမှု လွှမ်းမိုးခြင်းရှိမည်လော။’

အတိုင်းအတာတစ်ခုအထိ ထိုကဲ့သို့သောကိစ္စများကို ဆွေးနွေးခဲ့ပုံက ထမ်းပိုးသည် ညီမျှမည်၊ မညီမျှမည်ကို ဖော်ပြနိုင်သည်။ လူနှစ်ဦးသည် လုံးလုံးလိုက်လျောညီထွေမှုရှိမည်တော့မဟုတ်ပါ။ သို့သော် အားလုံးခြုံကြည့်ပါက ပိုးပန်းချိန်၌ ပြဿနာများကို အတူတကွရင်ဆိုင်ဖြေရှင်းနိုင်မည်၊ ဆက်သွယ်ရေးလမ်းကြောင်းကို ဆက်ဖွင့်ထားနိုင်မည်ဆိုလျှင် သူတို့သည် ဆန့်ကျင်ဘက်ဖြစ်သောထမ်းပိုးဖြစ်ဟန်တူမည်မဟုတ်ပေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ