ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၉/၁၅ စာ. ၈-၉
  • ပင်တေကုတ္တေပွဲနေ့တွင် ပေတရု ဟောပြော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပင်တေကုတ္တေပွဲနေ့တွင် ပေတရု ဟောပြော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူတိုင်း မိမိတို့ဘာသာစကားဖြင့်ကြားရကြ
  • ကျွန်ုပ်တို့အတွက် သင်ခန်းစာများ
  • ‘သန့်ရှင်းသော စွမ်းအားတော်နဲ့ ပြည့်နေကြတယ်’
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ‘ကောင်းကင်နိုင်ငံတော်ရဲ့သော့’ ဆိုတာဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခွင့်လွှတ်တတ်ဖို့ သခင့်ဆီကနေ သူသင်ယူခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • စမ်းသပ်မှုတွေကြုံရချိန်မှာ သူ သစ္စာရှိခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၉/၁၅ စာ. ၈-၉

ယေဟောဝါ၏အလိုတော်ကို သူတို့ ထမ်းဆောင်ခဲ့ကြ

ပင်တေကုတ္တေပွဲနေ့တွင် ပေတရု ဟောပြော

စီ.အီး. ၃၃ ခုနှစ် သာယာသော နွေဦးနံနက်ခင်းတွင်ဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးကို စိတ်လှုပ်ရှားမှုက လွှမ်းမိုးထားသည်။ ဂျူးနှင့် ဂျူးဘာသာသို့ပြောင်းဝင်လာသော ပျာယာခတ်နေသည့် လူအုပ်သည် ယေရုရှလင်လမ်းများပေါ်တွင် ပြည့်နှက်နေသည်။ သူတို့သည် ဧလံပြည်၊ မက်ဆိုပိုတေးမီးယားပြည်၊ ကပ္ပဒေါကိပြည်၊ အီဂျစ်နှင့် ရောမကဲ့သို့သော အရပ်များမှ လာခဲ့ကြသည်။ သူတို့ကို ဒေသဆိုင်ရာဝတ်စုံများဖြင့် တွေ့မြင်ရခြင်း၊ သူတို့၏ဘာသာစကားအမျိုးမျိုးကို ကြားရခြင်းသည် အလွန်စွဲမက်ရှုမောစရာပင်! အချို့ဆိုလျှင် ဤအထူးပွဲကို တက်ရောက်ဖို့အရေး မိုင် တစ်ထောင်ကျော် ခရီးနှင်ခဲ့ရကြသည်။ ယင်းကား မည်သည့်ပွဲနည်း။ ပင်တေကုတ္တေပွဲ—ဘာလီရိတ်သိမ်းပွဲအဆုံးကို မှတ်သားပြသည့် ရွှင်မြူးဖွယ်ဂျူးပွဲတော်ပင်ဖြစ်သည်။—ဝတ်ပြုရာ ၂၃:၁၅-၂၁။

ဗိမာန်တော်ယဇ်ပလ္လင်ပေါ်ရှိ ပူဇော်သကာမှ အခိုးအငွေ့ တလိမ့်လိမ့်တက်လာသည်နှင့် လေဝိသားများသည် ဟာလဲ (ဆာလံ ၁၁၃ မှ ၁၁၈ ထိ) ကို ဆိုကြသည်။ နံနက် ၉ နာရီထိုးခါနီးတွင် တုန်လှုပ်အံ့သြဖွယ်ရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ ကောင်းကင်မှ “လေပြင်းမုန်တိုင်းကဲ့သို့သောအသံ” ထွက်ပေါ်လာသည်။ ယင်းအသံသည် စုရုံးနေကြသည့် ယေရှုခရစ်၏တပည့်တော် ၁၂၀ ခန့်ရှိရာ အိမ်တစ်ဆောင်လုံးကို လွှမ်းသွားသည်။ ကျမ်းစာမှတ်တမ်းက ဤသို့ဆိုသည်– “ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ ထင်ရှား၍ ထိုသူအသီးသီးတို့အပေါ်၌ တည်နေကြ၏။ ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။”—တမန်တော် ၂:၁-၄။

လူတိုင်း မိမိတို့ဘာသာစကားဖြင့်ကြားရကြ

မကြာမီ တပည့်တော်များစွာသည် အိမ်ထဲမှ တသီတတန်းကြီးထွက်လာကြသည်။ အံ့ဩစရာမှာ၊ သူတို့သည် လူအုပ်တွင်ရှိသော ဘာသာစကားအမျိုးမျိုးဖြင့် ပြောနိုင်ကြခြင်းတည်း! မိမိဘာသာစကားကို ဂါလိလဲနယ်သားများက ပြောဆိုသည်ကို ကြားလိုက်ရသည့် ပါရှားမှဧည့်သည်တော်တစ်ဦးနှင့် အီဂျစ်နိုင်ငံဖွားတစ်ယောက်အနေနှင့် မည်မျှအံ့သြသွားမည်ကို စဉ်းစားကြည့်ပါလေ။ လူအုပ်သည် မှင်တက်မိသွားခဲ့ကြောင်း ဆင်ခြင်ကြည့်နိုင်သည်။ သူတို့က “ဤအမှုအရာသည် အဘယ်သို့သော အမှုအရာဖြစ်သနည်း” ဟုမေးမြန်းကြသည်။ အချို့တို့က “ဤသူတို့သည် ချိုသောစပျစ်ရည်နှင့် ပြည့်ဝသည်” ဟုကဲ့ရဲ့လှောင်ပြောင်စပြုလာသည်။—တမန်တော် ၂:၁၂၊ ၁၃။

ထို့နောက် တမန်တော်ပေတရုသည် မတ်တတ်ရပ်ကာ လူအုပ်ကို ဟောပြောတော့သည်။ ဘာသာစကားပြောဆိုနိုင်သော ဤအံ့ဖွယ်အရည်အချင်းသည် ပရောဖက်ယောလမှတစ်ဆင့် ပေးတော်မူသော “လူမျိုးတကာတို့၏အပေါ်သို့ ငါ့၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်” ဟူသည့် ဘုရားသခင့်ကတိတော်ပြည့်စုံချက်ဖြစ်ကြောင်း သူရှင်းပြခဲ့သည်။ (တမန်တော် ၂:၁၄-၂၁; ယောလ ၂:၂၈-၃၂) မှန်ပါသည်၊ ဘုရားသခင်သည် မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကို ယေရှု၏တပည့်တော်များအပေါ်သို့ ယခုပင် သွန်းလောင်းတော်မူခဲ့သည်။ ယေရှုသည် သေရာမှ ထမြောက်ခြင်းခံရပြီဖြစ်ကြောင်း၊ ယခုအခါ ကောင်းကင်တွင် ဘုရားသခင့်လက်ယာဘက်၌ ရှိနေကြောင်း ယင်းက ထင်ရှားသောအထောက်အထားဖြစ်သည်။ “ထို့ကြောင့် သင်တို့သည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သော ယေရှုကို ဘုရားသခင်သည် ခရစ်တော်အရာ၌လည်းကောင်း၊ အစိုးရသောအရှင်အရာ၌လည်းကောင်း ခန့်ထားတော်မူသည့်အကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့ အတပ်အမှန်သိမှတ်ကြလော့” ဟုပေတရုပြောခဲ့သည်။—တမန်တော် ၂:၂၂-၃၆။

နားထောင်သူများ မည်သို့ တုံ့ပြန်ခဲ့ကြသနည်း။ “ထိုသူတို့သည် ကြားရလျှင် စိတ်နှလုံးပူပန်ခြင်းရှိ၍၊ ‘ညီအစ်ကိုတို့၊ အဘယ်သို့ပြုရပါမည်နည်း’ ဟု ပေတရုမှစ၍ အခြားသောတမန်တော်တို့အား မေးမြန်းကြ၏” ဟုမှတ်တမ်းက ဖော်ပြထားသည်။ ပေတရုက “နောင်တရ၍ တစ်ယောက်မျှမကြွင်း . . . ဗတ္တိဇံကို ခံကြလော့“ ဟုပြန်ဖြေခဲ့သည်။ ၃,၀၀၀ ခန့်မျှရှိသောသူတို့ နှစ်ခြင်းခံခဲ့ကြသည်တကား! ထို့နောက် ‘ထိုသူများသည် တမန်တော်တို့၏ဆုံးမသြဝါဒကိုခံခြင်း . . . ကို အမြဲပြုနေကြသည်။’—တမန်တော် ၂:၃၇-၄၂။

ထိုအခါကြီးရက်ကြီးတွင် ဦးဆောင်ပြောဆိုခြင်းအားဖြင့် ပေတရုသည် သူ့အား ပေးအပ်မည်ဟု ယေရှုကတိပြုခဲ့သည့် “ကောင်းကင်နိုင်ငံတော်၏ သော့တို့” မှ ပထမသော့ကို အသုံးပြုခဲ့သည်။ (မဿဲ ၁၆:၁၉) အဆိုပါသော့များက သီးခြားလူမျိုးစုများအတွက် အထူးအခွင့်အရေးများကို ဖွင့်ပေးခဲ့သည်။ ပထမသော့သည် ဂျူးများကို ဝိညာဉ်တော်ဘိသိက်ခံ ခရစ်ယာန်များဖြစ်လာနိုင်စေရန် လမ်းဖွင့်ပေးခဲ့သည်။ နောက်ပိုင်းတွင် ဒုတိယနှင့် တတိယသော့များသည် ရှမာရိလူမျိုးများနှင့် တစ်ပါးအမျိုးသား အသီးသီးတို့အတွက် အဆိုပါထပ်တူအခွင့်ထူး ရရှိနိုင်အောင် ဖန်တီးပေးခဲ့သည်။—တမန်တော် ၈:၁၄-၁၇; ၁၀:၄၄-၄၈။

ကျွန်ုပ်တို့အတွက် သင်ခန်းစာများ

အဆိုပါ ဂျူးနှင့် ဂျူးဘာသာသို့ပြောင်းဝင်လာသော လူအုပ်သည် ဘုရားသခင့်သားတော်သေဆုံးမှုအတွက် ဘုံလူစုတာဝန်ရှိကြသော်လည်း ပေတရုက သူတို့ကို တလေးတစားဖြင့် “ညီအစ်ကိုတို့” ဟုခေါ်ကာ ဟောပြောခဲ့သည်။ (တမန်တော် ၂:၂၉) သူ၏ပန်းတိုင်မှာ သူတို့နောင်တရယူဖို့ တိုက်တွန်းရန်ဖြစ်သည်၊ သူတို့ကို ရှုတ်ချပြစ်တင်ဖို့မဟုတ်ပေ။ ထို့ကြောင့် သူ၏ချဉ်းကပ်ပုံသည် အပြုသဘောဆောင်သည်။ သူသည် အဖြစ်မှန်များကို တင်ပြပြီး သူတင်ပြသည့်အချက်များကို ကျမ်းအကိုးအကားများဖြင့် ပံ့ပိုးပေးခဲ့သည်။

ယနေ့သတင်းကောင်းဟောပြောသူများသည် ပေတရု၏စံနမူနာကို ကောင်းစွာလိုက်နာကြသည်။ သူတို့သည် မိမိတို့၏တရားနာပရိသတ်နှင့် အများလက်ခံသည့် အခြေခံအကြောင်းကို ကြိုးစားအခြေချကာ ယင်းနောက်တွင် ကျမ်းစာဖြင့် လိမ္မာပါးနပ်စွာ ဆင်ခြင်နှီးနှောသင့်သည်။ ကျမ်းစာသမ္မာတရားကို အပြုသဘောဖြင့် တင်ဆက်မည်ဆိုလျှင် နှလုံးရိုးဖြောင့်သူများ တုံ့ပြန်ကြလိမ့်မည်။—တမန်တော် ၁၃:၄၈။

ပင်တေကုတ္တေပွဲနေ့တွင်ရှိခဲ့သည့် ပေတရု၏ဇွဲနှင့် ရဲရင့်မှုသည် လွန်ခဲ့သည့်ခုနစ်ပတ်ခန့်က ယေရှုကို သူငြင်းပယ်ခဲ့ခြင်းနှင့် ကွာခြားကြောင်း အလွန်ထင်ရှားသည်။ ထိုစဉ်က ပေတရုသည် လူကိုကြောက်ခြင်းကြောင့် ဘာလုပ်ရမှန်းမသိဖြစ်ခဲ့သည်။ (မဿဲ ၂၆:၆၉-၇၅) သို့သော် ယေရှုသည် ပေတရု၏အကျိုးအလို့ငှာ ဆုတောင်းပေးခဲ့သည်။ (လုကာ ၂၂:၃၁၊ ၃၂) ယေရှုထမြောက်ပြီးနောက်ပိုင်း ပေတရုကို ကိုယ်ယောင်ထင်ရှားပြခြင်းက တမန်တော်အား ခွန်အားရှိလာစေသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ (၁ ကောရိန္သု ၁၅:၅) ရလဒ်အနေနှင့် ပေတရု၏ယုံကြည်မှု ဆက်လက်တည်ရှိခဲ့သည်။ အချိန်တိုလေးအတွင်း ရဲရင့်စွာဟောပြောခဲ့သည်။ သို့နှင့် သူသည် ပင်တေကုတ္တေပွဲနေ့တွင်သာမက အသက်ထက်ဆုံးဟောပြောလေတော့သည်။

ကျွန်ုပ်တို့သည် ပေတရုကဲ့သို့ပင် တစ်နည်းနည်းဖြင့် အမှားလုပ်မိခဲ့လျှင်ကော အသို့နည်း။ နောင်တယူကာ ခွင့်လွှတ်မှုအတွက် ဆုတောင်းပြီး ဝိညာဉ်ရေးထောက်မမှုရှိဖို့ ခြေလှမ်းလှမ်းကြစို့လေ။ (ယာကုပ် ၅:၁၄-၁၆) သို့နှင့် ကျွန်ုပ်တို့၏ မြင့်မြတ်သောအမှုဆောင်လုပ်ငန်းသည် ကရုဏာကြီးမားလှသည့် ကောင်းကင်ခမည်းတော် ယေဟောဝါရှင် လက်ခံနိုင်ဖွယ်ဖြစ်သည်ဟူသော ယုံကြည်စိတ်ချမှုဖြင့် ရှေ့သို့ချီတက်နိုင်ကြမည်တည်း။—ထွက်မြောက်ရာ ၃၄:၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ