စစ်မက်သည် မည်သူ့အပြစ်နည်း
လူသားအချင်းချင်း တိုက်ခိုက်သော စစ်ပွဲများကြောင့် ဘုရားသခင်ကိုအပြစ်တင်နိုင်သလော။ “မတင်နိုင်ပါ၊ စစ်ကိုဘုရားသခင် အလိုမရှိ။” ယင်းကား ဒုတိယကမ္ဘာစစ်ပြီးနောက် လူသိများသည့်ဂျာမန်ပရိုတက်စတင့်ဓမ္မဆရာ မာတင် နီမိုလ်လာက ဤမေးခွန်း၏အဖြေကို တိုတိုတုတ်တုတ်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ၁၉၄၆ ခုနှစ်၌ အာ့ခ် ဂေါတ် ဖောမ် ဟင်မလ် ဇီ ဒါရင်—ဇက်ပရီ ဒစ်တန် (အို! ဘုရားသခင် ကောင်းကင်မှကြည့်ရှုတော်မူပါ—ဟောပြောချက်ခြောက်ခု) စာအုပ်တွင် သူ၏ဝေဖန်ချက်ကိုထုတ်ဝေခဲ့သည်။a ထိုစာအုပ်က ဤသို့ဆိုသည်–
“ဤအတွက်ဘုရားသခင်ကိုအပြစ်တင်လိုကြသူတိုင်းသည် ဘုရားသခင့်နှုတ်ကပါဌ်စကားတော်ကို မသိသောသူ သို့မဟုတ် မသိချင်သောသူများဖြစ်ကြသည်။ အမှန်ပင် ယင်းသည် မတူညီသောမေးခွန်းဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကျွန်ုပ်တို့ခရစ်ယာန်များသည် ဆက်တိုက်ဖြစ်သောစစ်ပွဲများအတွက် အများဆုံးအပြစ်တင်ခြင်းခံသင့်သူများဖြစ်ကြသည်။ သို့ဖြစ်၍ ဤမေးခွန်းမှ ကျွန်ုပ်တို့လွယ်ကူစွာ ရှောင်လွဲ၍မရနိုင်ပါ။ . . . ခေတ်ကာလတစ်လျှောက် ခရစ်ယာန်ချာ့ချ်များသည် စစ်ပွဲများ၊ စစ်တပ်များနှင့် လက်နက်များကို ထပ်ခါတလဲ ကောင်းချီးပေးခြင်း ပြုလုပ်ကြပြီး ခရစ်ယာန်နည်းလမ်းနှင့်ဆန့်ကျင်လျက် စစ်ပွဲ၌သူတို့၏ရန်သူများကို ဖျက်ဆီးနိုင်ဖို့အတွက် ဆုတောင်းကြခြင်းကို တပ်အပ်သေချာစွာပြန်ပြောင်းသတိရနိုင်သည်။ ဤအရာအားလုံးတို့သည် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့ဘိုးဘေးတို့၏အမှားဖြစ်သော်လည်း ဘုရားသခင်ကိုလုံးဝအပြစ်မတင်နိုင်ပါ။ သို့ဖြစ်၍ စစ်မှုထမ်းရန်နှင့် လူသားအချင်းချင်းသတ်ရန် ငြင်းဆိုခြင်းကြောင့် ထောင်ပေါင်းများစွာ ချွေးတပ်စခန်းများ၌ကျခံရကာ အသတ်ခံရသည်အထိ ထက်သန်သောကျမ်းစာကျောင်းသားများ [ယေဟောဝါသက်သေများ] ဟုခေါ်ဆိုသည့် သူများရှေ့တွင် ယနေ့ကျွန်ုပ်တို့ခရစ်ယာန်များသည် ရှက်ဖွယ်ရာဖြစ်သည်။”
ဒုတိယကမ္ဘာစစ်ပြီးနောက် နှစ်ပေါင်း ၅၀ ခန့်ရှိသွားပြီဖြစ်သည့် ယနေ့အချိန်၌ နီမိုလ်လာ၏စကားများက ငြိမ်းချမ်းရေးမြတ်နိုးသူများကို စဉ်းစားစရာအကြောင်းဖြစ်ပေါ်စေသည်။ နိုင်ငံများ၏ သွေးထွက်သံယိုမှုအတွက် ဘုရားသခင်အား အပြစ်တင်၍ လုံးဝမရပါ! ယင်းအစား ဘုရားသခင်သည် လောက၏ပဋိပက္ခများနှင့် ကင်းကင်းရှင်းရှင်းနေသည့် မိမိ၏စစ်မှန်သောဝတ်ပြုသူများအားဖြင့် မကြာမီဖြစ်ပျက်တော့မည် စစ်ပွဲအားလုံး၏အဆုံးကို ကြေညာနေပါသည်။—ဆာလံ ၄၆:၉; ယောဟန် ၁၇:၁၆။
[အောက်ခြေမှတ်ချက်များ]
a နောက်ပိုင်း၌ မာတင် နီမိုလ်လာ၏ ဟောပြောချက်များကို အင်္ဂလိပ်ဘာသာဖြင့် အပြစ်ရှိခြင်းနှင့်မျှော်လင့်ချက်အကြောင်း စာအုပ်တွင်ထုတ်ဝေခဲ့သည်။ သို့သော်လည်း အင်္ဂလိပ်ဘာသာပြန်သည် မူရင်းဂျာမန်စာသားနှင့် ကွဲပြားသောကြောင့် ဤကိုးကားချက်သည် ဂျာမန်မှတိုက်ရိုက် ပြန်ဆိုထားခြင်းဖြစ်သည်။
[Picture Credit Line on page 32]
USAF Photo