ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၇/၁ စာ. ၃၀-၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိုးနှင့်ဆိတ်များအတွက် အနာဂတ်ကား အဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခရစ်တော်ရဲ့ ညီတွေကို သစ္စာရှိရှိ ထောက်မကူညီခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • အသင်သည် တရားပလ္လင်တော်ရှေ့မှာ အဘယ်အနေအထားရှိမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • နိုင်ငံတော်အာဏာရထားတ ခရစ်တော် သိုးနဲ့ဆိတ်ကိုတရားစီရင်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၇/၁ စာ. ၃၀-၃၁

စာရှုသူများထံမှမေးခွန်းလွှာ

ကျွန်ုပ်တို့သည် ယေရှု၏ သိုးနှင့်ဆိတ်ပုံဥပမာကို လေ့လာခဲ့ရာ စိတ်အားတက်ကြွခဲ့ကြပြီ။ အောက်တိုဘာ ၁၅၊ ၁၉၉၅၊ “ကင်းမျှော်စင်”၌ တင်ပြထားသော နားလည်မှုအသစ်အရ ယနေ့ယေဟောဝါသက်သေများသည် ခွဲခြားခြင်းလုပ်ငန်းတွင် ပါဝင်နေကြသည်ဟု ကျွန်ုပ်တို့ဆိုနိုင်ဦးမည်လော။

ဆိုနိုင်ပါသည်။ မဿဲ ၂၅:၃၁၊ ၃၂ က “လူသားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက် သန့်ရှင်းသော ကောင်းကင်တမန်များ အခြံအရံတို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာထိုင်၍ ရှေ့တော်၌လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့် သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့ လူအပေါင်းတို့ကို အသီးအခြားခွဲ၍” ဟုဆိုသောကြောင့် ယင်းအကြောင်းကို များစွာသောသူတို့က ဆင်ခြင်သုံးသပ်နေကြခြင်း ဖြစ်ပေမည်။ ဤအခန်းငယ်များသည် အဘယ်ကြောင့် ကြီးစွာသောဒုက္ခစတင်ပြီး နောက်ပိုင်းအချိန်နှင့် သက်ဆိုင်ရကြောင်းကို ၁၉၉၅၊ အောက်တိုဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်ကဖော်ပြထားသည်။ ထိုအချိန်တွင် ကောင်းကင်တမန်များနှင့်တကွ ကြွရောက်လာတော်မူသောယေရှုသည် ကိုယ်တော်၏တရားစီရင်ရာ ပလ္လင်တော်ပေါ်ထိုင်လိမ့်မည်။ ထို့နောက် လူတို့ကိုခွဲခြားလိမ့်မည်။ အဘယ်နည်းဖြင့်နည်း။ ကိုယ်တော်သည် ယင်းအချိန်မတိုင်မီက လူတို့ပြုခဲ့သော၊ သို့မဟုတ် မပြုခဲ့သော အမှုတို့အပေါ်မူတည်ပြီး ဆုံးဖြတ်စီရင်တော်မူမည်။

ယင်းကို တရားရုံးအမှုတစ်ခုသို့ဦးတည်စေသော အဆင့်ဆင့်တရားဝင်ဖြစ်ပျက်လာရာများနှင့် နှိုင်းယှဉ်နိုင်ပါသည်။ တရားရုံး၏ဆုံးဖြတ်ချက်နှင့် စီရင်ချက်မချမီ အတန်ကြာကာလအတွင်း သက်သေအထောက်အထားများ စုပုံလာပေမည်။ ယခုအသက်ရှင်နေထိုင်သူများသည် သိုးဖြစ်မည် သို့မဟုတ် ဆိတ်ဖြစ်မည်ဟူသော သက်သေသာဓကကို စုသိမ်းရရှိနေသည်မှာ ကြာခဲ့ပြီ။ ဆက်၍လည်း ရရှိနေတုန်းပင်ဖြစ်သည်။ သို့သော် ယေရှုသည် မိမိ၏ပလ္လင်တော်ပေါ် ထိုင်တော်မူသည့်အခါ အမှုပြီးစီးလိမ့်မည်။ ကိုယ်တော်သည် တရားစီရင်ချက်ချမှတ်ဖို့ရန် အသင့်ရှိတော်မူမည်။ ထိုအခါလူတို့သည် ထာဝရအပြစ်ဒဏ်စီရင်ခံရခြင်း၊ သို့မဟုတ် ထာဝရအသက်ရရှိခြင်းသို့ တသီးတခြားခွဲထုတ်ခံရလိမ့်မည်။

သို့သော်လည်း မဿဲ ၂၅:၃၂ တွင်ဖော်ပြထားသော အသက်ရှင်ခြင်း သို့မဟုတ် သေခြင်းသို့ လူများကိုခွဲခြားခြင်းသည် အနာဂတ်တွင်ဖြစ်မည်ဟူသည့်အချက်က ယင်းအချိန်မတိုင်မီ ခွဲခြားခြင်းမရှိဟုမဆိုလိုပါ။ ယင်းထက်စော၍ ဖြစ်ပျက်ခဲ့သော ခွဲခြားခြင်းလုပ်ငန်းတစ်ရပ်အကြောင်း သမ္မာကျမ်းစာတွင် မဿဲအခန်းကြီး ၁၃ ၌ဖော်ပြထားသည်။ စိတ်ဝင်စားဖွယ်မှာ စစ်မှန်သောဘုရားသခင့် ဝတ်ပြုရေးတွင် တစည်းတလုံးတည်း စာအုပ်၊ စာမျက်နှာ ၂၇၈ ၌ “လူတို့ကိုခွဲခြားခြင်း” ဟူသည့်ခေါင်းစဉ်အောက်တွင် ယင်းကို တင်ပြဆွေးနွေးထားသည်။a ၎င်းစာအုပ်တွင် ဤသို့ဆိုထားသည်– “အစီအစဉ်စနစ်ဆုံးခန်းနှင့် ယေရှုကျကျနနဆက်စပ်ခဲ့သည့် အခြားထူးခြားသော အဖြစ်အပျက်များရှိပါသေးသည်။ တစ်ခုမှာ ‘နိုင်ငံတော်သားများ’ နှင့် ‘နတ်ဆိုးသားများ’ ကို ခွဲခြားခြင်းဖြစ်ပါသည်။ ယင်းအကြောင်းကို ဂျုံခင်း၌ရန်သူက တောမျိုးစေ့လာကြဲသွားသည့်အကြောင်း ဥပမာတွင် ယေရှုပြောခဲ့ပါသည်။”

ထိုစာအုပ်က မဿဲ ၁၃:၂၄-၃၀ တွင်ဖော်ပြထားသည့် ယေရှု၏ပုံဥပမာနှင့် အခန်းငယ် ၃၆-၄၃ တွင်အဓိပ္ပာယ်ရှင်းပြထားချက်ကို ကိုးကားနေခြင်းဖြစ်သည်။ အခန်းငယ် ၃၈ ၌ဂျုံစပါးသည် နိုင်ငံတော်သားများကိုဆိုလိုပြီး တောမျိုးစေ့များမှာမူ နတ်ဆိုးသားများကိုဆိုလိုသည်ကို သတိပြုပါ။ အခန်းငယ် ၃၉ နှင့် ၄၀ က ‘ဤကမ္ဘာကုန်သောကာလ’—ယခုကျွန်ုပ်တို့အသက်ရှင်နေသောအချိန်အတွင်း—၌တောမျိုးစေ့ကို စုသိမ်းကြောင်းဖော်ပြထားသည်။ ယင်းတို့သည် တသီးတခြားခွဲထုတ်ခံရပြီး နောက်ဆုံးတွင် မီးရှို့ဖျက်ဆီးခံရကြသည်။

ပုံဥပမာသည် ဘိသိက်ခံခရစ်ယာန်များ (သိုးနှင့်ဆိတ်ပုံဥပမာ၌ ယေရှု၏ညီတော်များဟု ခေါ်ဆိုထားသူများ) နှင့်သက်ဆိုင်သည်။ သို့ဖြစ်စေကာမူ “နတ်ဆိုးသားများ” အဖြစ်ထင်ရှားသော အမည်ခံခရစ်ယာန်များမှ ဘိသိက်ခံများခွဲခြားခံရသည့် အရေးပါသောခွဲခြားခြင်းသည် ကျွန်ုပ်တို့ခေတ်တွင် အမှန်ဖြစ်ပျက်နေပါသည်။

လူတို့ခွဲခြားခြင်းခံရသည့် အခြားဥပမာများကို ယေရှုဖော်ပြခဲ့သည်။ ပျက်စီးခြင်းသို့ရောက်သော လမ်းကျယ်နှင့်စပ်လျဉ်း၍ “ဝင်သောသူတို့သည် များကြ၏” ဟုဆိုသည်ကိုသတိရပါ။ (မဿဲ ၇:၁၃) ယင်းသည် နောက်ဆုံးရလဒ်အကြောင်းသာ ပြောနေခြင်းမဟုတ်ပါ။ အသက်ရှင်ခြင်းသို့ ပို့ဆောင်သောလမ်းကျဉ်းကို  မြင်သောသူ နည်းသည့်ယခုတွင်ဖြစ်နေသကဲ့သို့ ဆက်လက်ဖြစ်ပျက်နေဆဲ ကိစ္စတစ်ခုကို ပြောဆိုနေခြင်းဖြစ်သည်။ တမန်တော်များကို စေလွှတ်သည့်အခါ သူတို့သည် ထိုက်တန်သောသူအချို့ကိုတွေ့လိမ့်မည်ဟု ယေရှုမိန့်တော်မူခဲ့သည်ကိုလည်း အမှတ်ရပါလေ။ ထိုက်တန်သူများမဟုတ်သော အခြားလူများ “တစ်ဖက်၌သက်သေဖြစ်စေခြင်းငှာ” တမန်တော်တို့သည် သူတို့၏ခြေဖဝါးမှမြေမှုန့်ကို ခါလိုက်ရသည်။ (လုကာ ၉:၅) ယနေ့ ခရစ်ယာန်များသည် လူသိရှင်ကြားဓမ္မအမှုကို ဆက်လက်ဆောင်ရွက်ရာတွင် ထိုအတိုင်းပင် ဖြစ်ပျက်နေသည်မဟုတ်ပေလော။ အချို့သူတို့သည် ကောင်းစွာတုံ့ ပြန်ကြပြီး အခြားသူတို့မှာမူ ကျွန်ုပ်တို့ယူဆောင်လာသော ဘုရားသခင့်သတင်းတရားကို ငြင်းပယ်ကြသည်။

သိုးနှင့်ဆိတ်အကြောင်းဖော်ပြထားသော ကင်းမျှော်စင် ဆောင်းပါးများက ဤသို့ဆိုသည်– ‘ပုံဥပမာတွင် ဖော်ပြထားသော တရားစီရင်ခြင်းသည် အလွန်နီးလှသောအနာဂတ်တွင် ဖြစ်မည်ဖြစ်သော်လည်း ယခုပင် အရေးကြီးသောအရာတစ်ခု ဖြစ်ပျက်နေသည်။ ခရစ်ယာန်များဖြစ်ကြသော ကျွန်ုပ်တို့သည် အသက်ကယ်ဆယ်ရေးလုပ်ငန်းဖြစ်သည့် လူတို့ကိုစိတ်ဝမ်းကွဲစေသော သတင်းတရားကို ကြေညာနေကြသည်။ (မဿဲ ၁၀:၃၂-၃၉)’ မဿဲအခန်းကြီး ၁၀ မှ ထိုကျမ်းပိုဒ်တွင် ယေရှုက မိမိ၏နောက်လိုက်ဖြစ်ခြင်းသည်—အဖေနှင့်သား၊ အမေနှင့်သမီးတို့ကို ကွဲပြားစေလိမ့်မည်ဟု မိန့်တော်မူခဲ့သည်ကို ကျွန်ုပ်တို့ဖတ်ရသည်။

နောက်ဆုံး၌ ဝိညာဉ်တော်နှင့်ဘိသိက်ခံရသော ခရစ်တော်၏ညီတော်များသည် ကမ္ဘာချီနိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်လာခဲ့ကြပြီ။ ယင်းကို လူတို့ကြားနာကြပြီး နှစ်လိုဖွယ် သို့မဟုတ် မနှစ်မြို့ဖွယ်တုံ့ ပြန်ပုံအရ သူတို့သည် အဘယ်အတန်းအစားဖြစ်ကြောင်း မိမိတို့ကိုယ်ကို ထင်ရှားစေကြသည်။ မဿဲ အခန်းကြီး ၂၅ ၏အဓိပ္ပာယ်အရ ‘ဤသူသည် သိုးဖြစ်သည်၊ ထိုသူမူကား ဆိတ်ဖြစ်သည်’ ဟုကျွန်ုပ်တို့လူသားများအနေနှင့် မပြောနိုင်၊ ပြောလည်းမပြောသင့်ပါ။ သို့တိုင် သတင်းကောင်းကို လူတို့အား ကြားသိစေခြင်းဖြင့် သူတို့သည် မည်သူ့ဘက်၌ရှိနေကြောင်း—အဘယ်သို့သောသူများဖြစ်ကြောင်းနှင့် ယေရှု၏ညီတော်များကို မည်သို့တုံ့ပြန်ကြောင်းကို တင်ပြခွင့်ရစေသည်။ ထို့ကြောင့် တရားရုံးအမှုတစ်ခုအတွက် သက်သေအထောက်အထား တိုးများလာသည့်နည်းတူ ယေရှု၏ညီတော်များကို ထောက်ပံ့ကူညီပေးသူများနှင့် ကူညီဖို့ငြင်းဆိုသူများ၏ ကွဲပြားခြားနားမှုသည် သိသာထင်ရှားလာပေပြီ။ (မာလခိ ၃:၁၈) ကင်းမျှော်စင်တွင် ဖော်ပြထားသည့်အတိုင်းပင် ယေရှုသည် မကြာမီ ပလ္လင်တော်ပေါ်ထိုင်၍ စီရင်ချက်ချတော်မူမည်၊ ထိုအခါ လူတို့သည် အသက်ရှင်ခြင်း၊ သို့မဟုတ် ဖျက်ဆီးခြင်းခံရဖို့ အပြီးသတ်ခွဲခြားခြင်း ခံရကြမည်။

[အောက်ခြေမှတ်ချက်များ]

a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ မြန်မာမှ ၁၉၈၇ ခုနှစ်တွင်ထုတ်ဝေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ