ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၁၀/၁ စာ. ၃၂
  • ချို့ငဲ့နေသူများကို မေတ္တာပြခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ချို့ငဲ့နေသူများကို မေတ္တာပြခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၁၀/၁ စာ. ၃၂

ချို့ငဲ့နေသူများကို မေတ္တာပြခြင်း

ခရစ်ယာန်မျာသည် မိမိတို့၏ ချို့ငဲ့နေသောညီအစ်ကိုညီအစ်မများကို မေတ္တာပြရန်မှာ တာဝန်လည်းဖြစ်၊ အခွင့်အရေးလည်းဖြစ်သည်။ (၁ ယောဟန် ၃:၁၇၊ ၁၈) တမန်တော်ပေါလုက “ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အားကျေးဇူးပြုကြကုန်အံ့” ဟူ၍ရေးသားခဲ့သည်။ (ဂလာတိ ၆:၁၀) ယေဟောဝါ၏အမှုတော်ကို အနှစ်လေးဆယ်နီးပါးထမ်းဆောင်ခဲ့ပြီဖြစ်သောညီအစ်ကိုတစ်ဦးသည် မကြာသေးမီက ဇနီးသည်ဖျားနာပြီးနောက် သေဆုံးသွားချိန်အတွင်း ခရစ်ယာန်ညီရင်းအစ်ကိုမေတ္တာကို ခံစားခဲ့ရသည်။ သူ ဤသို့ရေးသည်–

“ကျွန်တော့်ဇနီးသည်ဖျားနေချိန်အတွင်း အိမ်မှာ သူ့ကိုကြည့်နေရတာကြောင့် နှစ်လနီးပါးလောက် ဝမ်းစာရှာအလုပ်ကို ကျွန်တော်မလုပ်နိုင်ခဲ့ဘူး။ အသင်းတော်မှာရှိတဲ့မိတ်ဆွေတွေက ကျွန်တော့်ကို လိုလိုလားလားနဲ့လာရောက်အကူအညီပေးကြတဲ့အခါ ကျွန်တော်စိတ်သက်သာရာရခဲ့တယ်! ပူးတွဲပေးကြတဲ့ကတ်များမှာ ‘အပိုကုန်ကျစရိတ်များအတွက် အထောက်အကူဖြစ်ရန်’ ဟူ၍ဖော်ပြထားတဲ့ ငွေကြေးလက်ဆောင်များစွာက အပေါင်စာချုပ်၊ ဝန်ဆောင်လုပ်ငန်းများနှင့် အခြားကုန်ကျစရိတ်များအတွက် အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။

“ကျွန်တော့်ဇနီးမသေခင်နှစ်ပတ်အလိုမှာ ကျွန်တော်တို့ရဲ့တိုက်နယ်ကြီးကြပ်မှူးက ကျွန်တော်တို့ဆီ အားရှိစေတဲ့လည်ပတ်မှုတစ်ခုပြုခဲ့ပါတယ်။ ရက်သတ္တပတ်အဆုံးပိုင်းမှာ အသင်းတော်ကိုပြမယ့်ရုပ်သေများကိုတောင်ပြခဲ့ပါတယ်။ တိုက်နယ်ကြီးကြပ်မှူးဦးဆောင်ကျင်းပတဲ့ လယ်ကွင်းလုပ်ငန်းတော်စည်းဝေးများအပါအဝင်—စည်းဝေးတွေကို တယ်လီဖုန်းနဲ့ ကျွန်တော်တို့နားထောင်နိုင်ခဲ့ပါတယ်။ ဒီစည်းဝေးတွေထဲက တစ်ခုမှာ သူက လယ်ကွင်းလုပ်ငန်းတော်အတွက်ရောက်ရှိနေသူအားလုံးကို ကျွန်တော့်ဇနီးအား အုပ်စုလိုက်အနေနဲ့ ‘ဟယ်လို’ လို့ပြောစေပါတယ်။ ဒါကြောင့် သူမဟာ ခန္ဓာကိုယ်အရ အထီးကျန်ဖြစ်နေရပေမဲ့ သူမတစ်ဦးတည်းလို့ ဘယ်တော့မှမခံစားခဲ့ရဘူး။

“သူမသေပြီးနောက်တစ်နာရီအတွင်းမှာ အကြီးအကဲအားလုံးလိုလို ကျွန်တော့်အိမ်မှာ ရောက်ရှိနေကြပါတယ်။ အဲ့ဒီနေ့မှာပဲ ညီအစ်ကိုညီအစ်မတစ်ရာကျော် လာရောက်လည်ပတ်ကြတယ်။ ရောက်ရှိလာသူအားလုံးစားဖို့ အစားအစာများဟာ စားပွဲပေါ်မှာ ‘အံ့ဖွယ်’ ရောက်ရှိလာပါတယ်။ ကျွန်တော့်အတွက်ပေးတဲ့ လက်ဆောင်တွေ၊ စာနာမှုပြတာတွေ၊ နှစ်သိမ့်စကားနဲ့ ဆုတောင်းချက်တွေဟာ ပြန်မပြောပြနိုင်တဲ့အထိပါပဲ။ တကယ့်ကိုအားရှိစရာပါပဲ! နောက်ဆုံးမှာ ကျွန်တော်ဟာ အစားအစာထောက်ပံ့မှုနဲ့ ကူပြီးအိမ်သန့်ရှင်းရေးလုပ်ပေးတာတွေကို တော်ပါတော့လို့ ညီအစ်ကိုတွေကို တောင်းဆိုရတဲ့အထိပါပဲ!

“ယေဟောဝါရဲ့အဖွဲ့အစည်းကလွဲလို့ တခြားဘယ်နေရာမှာ ဒီလို တစ်ကိုယ်ကောင်းမဆန်တဲ့စာနာမှု၊ စိုးရိမ်မကင်းဖြစ်မှုနဲ့ မေတ္တာပြသမှုကို ကျွန်တော်တို့ရှာတွေ့နိုင်မှာလဲ။ ယနေ့လူအများစုဟာ သူတို့မှာရှိတဲ့မိတ်စစ်ဆွေစစ်အရေအတွက်ကို လက်တစ်ဖက်နဲ့ချိုးပြီးရေတွက်နိုင်ပါတယ်။ ယေဟောဝါဟာ ကြီးမားကျယ်ဝန်းတဲ့ ဝိညာဉ်ရေးညီအစ်ကိုညီအစ်မမိသားစုနဲ့ ကျွန်တော်တို့ကို ကောင်းချီးပေးထားပါတယ်!”—မာကု ၁၀:၂၉၊ ၃၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ