သူတို့နှင့်အတူတက်ရောက်လျှင် မကောင်းပေလော
ညာအူခူအာ အူလင်ဘားသည် အသက် ၇၃ နှစ်ရှိ၍ လွန်ခဲ့သောနှစ်တွင် မိုင် ၂၈၀ ခန့်ဝေးသောခရီးကိုနှင်ခဲ့သည်။ ခရီးစဉ်တစ်ခုလုံးကို ၁၆ ရက်ကြာ သူလမ်းလျှောက်သွားခဲ့သည်။
ဤသက်ကြီးရွယ်အိုသည် ယေဟောဝါသက်သေများ၏ နှစ်ပတ်လည်စည်းဝေးကြီးတစ်ခုကို တက်ရောက်ရန် ခရီးရှည်သွားခဲ့ခြင်းဖြစ်သည်။ စည်းဝေးကြီးပြီးနောက် သူသည်အလွန်ဝမ်းမြောက်ဝမ်းသာနှင့် ဝိညာဉ်ခွန်အားပြည့်ဝစွာ အိမ်သို့—နောက်ထပ် ၁၆ ရက်ကြာ—လမ်းလျှောက်ပြန်လေသည်။ ကြိုးစားရကျိုးနပ်ပါသလော။ အမှန်ပင် အကျိုးနပ်ပါပေသည်! ညာအူခူအာ အူလင်ဘားသည် နှစ်စဉ်နှစ်တိုင်း ဤခရီးစဉ်ကို နှစ်ချီ၍ နှင်ခဲ့ပေပြီ။
ဤအာဖရိကန်အမျိုးသားမှာ လွန်ခဲ့သောနှစ်တွင် ယေဟောဝါသက်သေများ၏ စည်းဝေးကြီးများကိုတက်ရောက်ခဲ့သည့် နိုင်ငံပေါင်း ၂၃၀ ကျော်မှ ၁၅ သန်းမကသောသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပါသည်။ လူအများမှာ စည်းဝေးကြီးကျင်းပသည့်နေရာသို့ ရက်နှင့်ချီ၍လမ်းလျှောက်စရာမလိုသည်မှာ မှန်ပါသည်။ အများစုမှာ ကား၊ ဘတ်စကား၊ ရထား သို့မဟုတ် လေယာဉ်နှင့်ရောက်ရှိလာခဲ့ကြသည်။ သင်သည် သူတို့တွင် တစ်ဦးဖြစ်ခဲ့ပါသလော။
၁၉၉၈ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ စည်းဝေးကြီးအများစုကို နွေရာသီ (သို့မဟုတ် ခြောက်သွေ့သောရာသီ) အတွင်း ပြန်ကျင်းပကြပါမည်။ ကျန်းမာရေးကခွင့်ပြုမည်ဆိုလျှင် ညာအူခူအာ အူလင်ဘားသည် စည်းဝေးကြီးကိုတက်ရောက်ရန် ထိုခရီးရှည်ကိုနှင်ပါလိမ့်ဦးမည်။ သူနှင့် အခြားသန်းပေါင်းများစွာသောသူတို့သည် လက်တွေ့ကျပြီး ယုံကြည်ခြင်းတိုးပွားစေကာ အားတက်စေမည့်အစီအစဉ်ကို ကြားနာကြရလိမ့်မည်။ တက်ရောက်သူအားလုံးအတွက် စည်းဝေးကြီးသည် တစ်နှစ်တာ၏ မှတ်သားလောက်ဖွယ် အခါသမယတစ်ခုဖြစ်ပါလိမ့်မည်။ ယင်းကိုတက်ရောက်ဖို့ရန် သင့်အားလည်း လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်ပါသည်။ သင်နှင့်အနီးဆုံးတွင် ကျင်းပမည့်စည်းဝေးကြီးနေရာကို သင့်ဒေသရှိ ယေဟောဝါသက်သေများက ပြောပြရန်ဝမ်းမြောက်ကြပါလိမ့်မည်။