ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၅/၁၅ စာ. ၃
  • ချမ်းသာကြွယ်ဝ၍ ဉာဏ်ပညာရှိသော ဘုရင်တစ်ပါး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ချမ်းသာကြွယ်ဝ၍ ဉာဏ်ပညာရှိသော ဘုရင်တစ်ပါး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • စည်းစိမ်ချမ်းသာက သင့်ကိုပျော်ရွှင်စေနိုင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ရှောလမုန်၏ချမ်းသာကြွယ်ဝမှုသည် ပုံကြီးချဲ့ထားရာလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • သူက သင့်အတွက် စံနမူနာလား၊ သတိပေးချက်လား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ပညာရှိဘုရင် ရှောလမုန်
    သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၅/၁၅ စာ. ၃

ချမ်းသာကြွယ်ဝ၍ ဉာဏ်ပညာရှိသော ဘုရင်တစ်ပါး

စည်းစိမ်ချမ်းသာက သင့်ကိုပျော်ရွှင် စေမည်ဟု ယူဆပါသလော။ တစ်စုံတစ်ဦးက သင့်ကိုငွေအမြောက်အမြားပေးခဲ့သော် သင်သဘောကျမည်မဟုတ်လော။ သင်သဘောကျပေမည်။ ယင်းကို သုံးစွဲမည့်နည်းများကို သင် စဉ်းစားနိုင်ပေမည်။

ဝန်ခံရမည်မှာ ပို၍ပြည့်စုံကုံလုံပြီး ကျေနပ်နှစ်သိမ့်ဖွယ်အသက်တာဖြစ်စေရန် ဝယ်ခြမ်းစရာပစ္စည်းများစွာရှိပါသည်။ ငွေသည် နာမကျန်းဖြစ်ခြင်း သို့မဟုတ် အလုပ်လက်မဲ့ဖြစ်ခြင်းစသည့် မမျှော်လင့်သောအခက်အခဲများမှလည်း “ကွယ်ကာ” ပေးနိုင်ပါသည်။—ဒေသနာ ၇:၁၂။

သို့သော် ငွေနှင့်ပျော်ရွှင်မှုကြား အဘယ်ဆက်စပ်မှုရှိသနည်း။ ပျော်ရွှင်မှုဟူသည် ချမ်းသာကြွယ်ဝမှုမှရရှိသော ခံစားချက်တစ်ခုဖြစ်သည်ဟု လူအများယူဆသကဲ့သို့ သင်ယူဆပါသလော။ ဤမေးခွန်းများ၏အဖြေများကိုရှာဖွေရန် ခက်ခဲပေမည်၊ အကြောင်းမှာ ငွေကို အလွယ်တကူတိုင်းတာ၊ တွက်ချက်နိုင်သော်လည်း ပျော်ရွှင်မှုကိုမူ မတိုင်းတာနိုင်ပါ။ ပျော်ရွှင်မှုကို ချိန်ခွင်ပေါ်တင်၍ ချိန်တွယ်၍မရနိုင်ပေ။

ထို့ပြင် ချမ်းသာကြွယ်ဝသူအချို့သည် ပျော်ရွှင်ပုံရှိသော်လည်း အခြားသူတို့မှာမူ စိတ်ဆင်းရဲနေကြရ၏။ ဆင်းရဲသားများလည်း ထိုနည်းလည်းကောင်းပင်။ သို့တိုင် လူအများစုက—ချမ်းသာကြွယ်ဝလျက်ရှိသူများပင်—ငွေပို၍ရှိလေ ပို၍ပျော်ရွှင်မည်ဟုယုံကြည်ကြသည်။

ဤကိစ္စကိုရေးသားခဲ့သူတစ်ဦးမှာ ရှေးဣသရေလနိုင်ငံမှ ရှောလမုန်ဘုရင်ဖြစ်သည်။ သူသည် အသက်ရှင်ခဲ့သမျှတွင် အချမ်းသာဆုံးသူတစ်ဦးဖြစ်သည်။ သူ၏များပြားလှသည့် ချမ်းသာကြွယ်ဝမှုအကြောင်းကို ဓမ္မရာဇဝင်တတိယစောင် အခန်းကြီး ၁၀ တွင်ဖတ်ရှုနိုင်ပါသည်။ သာဓကအနေနှင့် အခန်းငယ် ၁၄ ကဤသို့ဆိုသည်ကိုသတိပြုပါ– “ရှောလမုန်ထံသို့တစ်နှစ်တစ်နှစ်လျှင် ရောက်သောရွှေအချိန်ကား အခွက်ခြောက်ရာခြောက်ဆယ်ခြောက်ပိဿာဖြစ်သတည်း။” ယင်းသည် ရွှေတန်ချိန်ပေါင်း ၂၅ တန်နှင့်ညီမျှသည်။ ယနေ့ ထိုမျှလောက်သောရွှေသည် ယူ.အက်စ် ဒေါ်လာ ၂၀၀,၀၀၀,၀၀၀ ကျော်မျှ တန်ဖိုးရှိပေမည်!

သို့သော် ရှောလမုန်သည် ချမ်းသာကြွယ်ဝရုံမျှမဟုတ်ပါ; သူ့ကို ဉာဏ်ပညာဖြင့် ဘုရားသခင်က ကောင်းချီးပေးခဲ့သည်။ သမ္မာကျမ်းစာက ဤသို့ဖော်ပြထားသည်– “ရှောလမုန်သည် မြေကြီးပေါ်မှာရှိသမျှသော ရှင်ဘုရင်တို့ထက် ပညာနှင့်စည်းစိမ်အားဖြင့်လွန်ကဲ၏။ ရှောလမုန်၏နှလုံး၌ ဘုရားသခင်သွင်းပေးတော်မူသောပညာကို မြေကြီးသားအပေါင်းတို့သည် ကြားရအံ့သောငှာ၊ မျက်နှာတော်ကိုဖူးလာကြ၏။” (၃ ဓမ္မရာဇဝင် ၁၀:၂၃၊ ၂၄) သူ၏အရေးအသားများသည် သမ္မာကျမ်းစာမှတ်တမ်းအဝင်ဖြစ်သောကြောင့် ရှောလမုန်၏ဉာဏ်ပညာမှ ကျွန်ုပ်တို့လည်းအကျိုးရယူနိုင်ပါသည်။ ချမ်းသာကြွယ်ဝမှုနှင့် ပျော်ရွှင်မှုကြား ဆက်စပ်မှုနှင့်ပတ်သက်၍ သူပြောဆိုခဲ့ရာကိုကြည့်ကြစို့။

[Picture Credit Line on page 3]

Die Heilige Schrift - Übersetzt von Dr. Joseph Franz von Allioli. Druck und Verlag von Eduard Hallberger, Stuttgart မှကူးယူသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ