လူတိုင်း လွတ်လပ်လိုကြ
“လူသည် လွတ်လပ်စွာမွေးဖွားလာသော်လည်း နေရာတကာ၌ အချုပ်အနှောင်တွင်ရှိနေသည်” ဟုပြင်သစ်အတွေးအခေါ်ပညာရှင် ယန်းယာခ် ရူဆိုးက ၁၇၆၂ တွင်ရေးသားခဲ့၏။ လွတ်လပ်စွာမွေးဖွားလာခြင်း။ အားရစရာပါတကား!
လူတို့သည် လွတ်လပ်မှုကိုအလွန့်အလွန်လိုလားကြပြီး နှိပ်ကွပ်မခံရဖို့ လွတ်လပ်မှုအတွက် တိုက်ခိုက်ကြခြင်းသည် အံ့ဩစရာမဟုတ်ပါတကား! သို့သော် ဝမ်းနည်းဖွယ်ဖြစ်ရပ်မှန်မှာ လူတစ်ယောက်၏ လွတ်လပ်မှုအတွက်တိုက်ခိုက်ရာတွင် အခြားသူ၏လုပ်ပိုင်ခွင့်များနှင့် လွတ်လပ်မှုများကို များသောအားဖြင့် နင်းချေရသည်။ သာဓကအနေနှင့် လွန်ခဲ့သည့်နှစ်က အိုင်ယာလန်နိုင်ငံမှ အိုမာရွာငယ်လေးတွင် “လွတ်လပ်ရေးတိုက်ပွဲဝင်သူများ” ထောင်ခဲ့သော ကားဗုံးကြောင့် ဘေးတွင်ရပ်နေသော အပြစ်မဲ့သူ ၂၉ ဦးသေဆုံးခဲ့ပြီး ရာနှင့်ချီ၍ဒဏ်ရာရခဲ့သည်။
“ချုပ်နှောင်” ခံရဆဲ
ရှေးခေတ်မှကျမ်းရေးသူ မောရှေသည် သမိုင်းတစ်လျှောက်ဖြစ်ပျက်ခဲ့သည့်အတိုင်းနှင့် ယနေ့တိုင်ဖြစ်ပျက်နေဆဲရှိသည့် များစွာသောသူတို့၏ အသက်တာအကြောင်းကို အတိအကျဖော်ပြခဲ့သည်။ အနှစ် ၇၀ သို့မဟုတ် ၈၀ အထိ ကျွန်ုပ်တို့အသက်ရှင်ကြမည်ဖြစ်သော်လည်း “ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့်ဝမ်းနည်းခြင်းဖြစ်ပါ၏” ဟုသူဆိုခဲ့သည်။ (ဆာလံ ၉၀:၁၀) ပြောင်းလဲပါဦးမည်လော။ လုံးလုံးလျားလျားကျေနပ်ရောင့်ရဲသော၊ ယနေ့လူများစွာခံစားရသည့် နာကျင်မှုနှင့် ကြောက်ရွံ့ထိတ်လန့်မှုတို့မှ ကင်းလွတ်သော အသက်တာဖြင့်နေထိုင်ရန် ဖြစ်နိုင်ပါမည်လော။
ဖြစ်နိုင်သည်ဟု သမ္မာကျမ်းစာကဆို၏! ယင်းက “ဘုရားသခင်သားတို့၏ ထူးမြတ်သောလွှတ်ခြင်းချမ်းသာ” အကြောင်းပြောပြသည်။ (ရောမ ၈:၂၁) ပထမရာစုတွင် ရောမမြို့မှခရစ်ယာန်များထံသို့ တမန်တော်ပေါလုရေးသားခဲ့သောစာ၌ ဖော်ပြထားသည့် ထိုလွှတ်ခြင်းအကြောင်းကို အနီးကပ်လေ့လာကြည့်ကြစို့။ ဤစာတွင်ပေါလုက စစ်မှန်၍ တည်မြဲသည့် “ထူးမြတ်သောလွှတ်ခြင်းချမ်းသာ” ကိုကျွန်ုပ်တို့တစ်ဦးစီ မည်သို့ရရှိနိုင်မည်အကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။
[Picture Credit Line on page 3]
သမိုင်း၏အချက်ပြမီးများ၊ စာအုပ်အတွဲ ၈ မှ